ထိုအခါ မောရှေသည် ထာဝရဘုရားအားအော်ဟစ်၍၊ ဤလူတို့အား အကျွန်ုပ်သည် အဘယ်သို့ပြုရပါမည်နည်း။ အကျွန်ုပ်ကို ခဲနှင့်ပစ်လုကြပါပြီဟု လျှောက်လေ၏။
ယဇ်ပုရောဟိတ်မောရှေနှင့် အာရုန်၊ နာမတော်ကို ပတ္ထနာပြုသောသူ ရှမွေလ၊ ဤသူတို့သည် ထာဝရဘုရားကို ပတ္ထနာပြု၍၊ ကိုယ်တော်သည် ထူးတော်မူ၏။
ထာဝရဘုရားကလည်း၊ အဘယ်ကြောင့် ငါ့ကိုအော်ဟစ်သနည်း။ ဣသရေလအမျိုးသားတို့သည် တက်သွားစေခြင်းငှာမှာလိုက်လော့။
မောရှေသည် ထာဝရဘုရားအားအော်ဟစ်၍ ထာဝရဘုရားသည် သစ်ပင်တစ်ပင်ကိုပြတော်မူ၏။ ထိုအပင်ကိုရေထဲသို့ချပြီးလျှင်၊ ရေသည်ချိုလေ၏။ ထိုအရပ်၌ သူတို့ကိုစုံစမ်း၍ စီရင်ထုံးဖွဲ့တော်မူသည်ကား၊
ဤလူအပေါင်းတို့ကိုထမ်းစေဟု သူတို့ကို ကိုယ်တော်ကျွန်အပေါ်မှာတင်၍ အဘယ်ကြောင့် အကျွန်ုပ်ကို ညှဉ်းဆဲတော်မူပါသနည်း။ အဘယ်ကြောင့် ရှေ့တော်၌မျက်နှာမရဘဲ နေရပါသနည်း။
ပရိသတ်အပေါင်းတို့သည် ထိုသူနှစ်ယောက်ကို ကျောက်ခဲနှင့်ပစ်စေခြင်းငှာ စီရင်ကြ၏။ ထိုအခါ ထာဝရဘုရား၏ဘုန်းတော်သည် ဣသရေလအမျိုးသားအပေါင်းတို့ရှေ့မှာ ပရိသတ်စည်းဝေးရာတဲတော်၌ ထင်ရှားလေ၏။
ကောရသည်လည်း၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးဝ၌ ပရိသတ်အပေါင်းတို့ကို မောရှေနှင့် အာရုန်တစ်ဖက်၌စုဝေးစေပြီးမှ၊ ထာဝရဘုရား၏ ဘုန်းတော်သည် ပရိသတ်အပေါင်းတို့၌ ထင်ရှားလေ၏။
ထိုအခါ ယုဒလူတို့သည် ကိုယ်တော်ကို ခဲနှင့်ပစ်ခြင်းငှာ တစ်ဖန် ကျောက်ခဲတို့ကို ကောက်ယူကြ၏။-
ထိုအခါ ကိုယ်တော်ကို ခဲနှင့်ပစ်ခြင်းငှာ ကျောက်ခဲတို့ကို ကောက်ယူကြ၏။ ယေရှုသည်တိမ်းရှောင်၍ ထိုသူတို့အလယ်၌ လျှောက်သွားပြီးလျှင် ဗိမာန်တော်မှ ထွက်ကြွတော်မူ၏။
ထိုအခါ ယုဒလူတို့သည် အန္တိအုတ်မြို့၊ ဣကောနိမြို့မှလာကြ၍ လူအစုအဝေးတို့ကို ညှိညွတ်တိုင်ပင်ပြီးလျှင်၊ ပေါလုကို ကျောက်ခဲနှင့်ပစ်၍ သေပြီဟု စိတ်ထင်နှင့် မြို့ပြင်သို့ ဆွဲငင်ကြ၏။-
ဒါဝိဒ်သည် အလွန်စိတ်ငြိုငြင်ဆင်းရဲ၏။ လူများတို့သည် မိမိတို့ သားသမီးများကြောင့် စိတ်ညှိုးငယ်သဖြင့်၊ ဒါဝိဒ်ကို ကျောက်ခဲနှင့် ပစ်မည်ဟု ဆိုကြ၏။ ဒါဝိဒ်မူကား မိမိထာဝရဘုရားကို ကိုးစားလျက်နေ၍၊