Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 16:34

Judson Bible

မော​ရှေ​ကို ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ ထို​မ​န္န​ကို အာ​ရုန်​စောင့်​စေ​ခြင်း​ငှာ၊ သက်​သေ​တော်​ရှေ့​မှာ​သို​ထား​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အဲ​ဂု​တ္တု​ပြည်​မှ​ထွက်၍၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​နှင့် ပ​ဋိ​ညာဉ်​ဖွဲ့​တော်​မူ​သော​အ​ခါ၊ မော​ရှေ​သည် ဟော​ရပ်​အ​ရပ်၌​ရှိ​စဉ် သွင်း​ထား​သော ကျောက်​ပြား​နှစ်​ပြား​မှ​တစ်​ပါး သေ​တ္တာ​တော်​ထဲ၌ အ​ဘယ်​အ​ရာ​မျှ​မ​ရှိ။

ငါ​ပေး​သော​သက်​သေ​ခံ​ချက်​ကို၊ ထို​သေ​တ္တာ​ထဲ​မှာ​ထား​ရ​မည်။

သေ​တ္တာ​အ​ဖုံး​ကို သေ​တ္တာ​ပေါ်​မှာ​တင်​ရ​မည်။ ငါ​ပေး​သော သက်​သေ​ခံ​ချက်​ကို​လည်း သေ​တ္တာ​ထဲ​မှာ​ထား​ရ​မည်။

အာ​ရုန်​နှင့် သူ၏​သား​တို့​သည်၊ ညဉ့်​ဦး​မှ​သည် နံ​နက်​တိုင်​အောင်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ထို​အ​မှု​ကို​စီ​ရင်​ရ​မည်။ ဣ​သ​ရေ​လ​အ​မျိုး​တို့​သည်၊ သား​အ​စဉ်​အ​ဆက်​စောင့်​ရ​သော ပ​ညတ်​တော်​ဖြစ်​သ​တည်း။

အ​ချို့​ကို​လည်း ညက်​ညက်​ထောင်း​ပြီး​မှ၊ ငါ​သည် သင်​နှင့်​တွေ့​ရာ​အ​ရပ်၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်၌ သက်​သေ​ခံ​ချက်​ရှေ့​မှာ​ထား​ရ​မည်။ သင်​တို့​တွင် အ​လွန်​သန့်​ရှင်း​ရ​မည်။

ငါ​သည် သင်​နှင့်​တွေ့​ရာ​အ​ရပ်၊ သက်​သေ​ခံ​ချက်​ထား​သော​သေ​တ္တာ​ကို ကာ​သော ကု​လား​ကာ​ရှေ့၌ ထို​ပ​လ္လင်​ကို​ထား​ရ​မည်။

ထို​သို့ ဘု​ရား​သ​ခင်​သည် သိ​နာ​တောင်​ပေါ်​မှာ မော​ရှေ​နှင့် နှုတ်​ဆက်​တော်​မူ​သည်​အ​ဆုံး၌၊ လက်​ညှိုး​တော်​နှင့် အ​က္ခ​ရာ​တင်​သော သက်​သေ​ခံ​ချက်၊ ကျောက်​ပြား​နှစ်​ပြား​ကို ပေး​တော်​မူ၏။

ဤ​ရွေ့​ကား၊ မော​ရှေ​စီ​ရင်​သည်​အ​တိုင်း၊ ယဇ်​ပု​ရော​ဟိတ်​အာ​ရုန်၏​သား ဣ​သ​မာ​သည်၊ လေ​ဝိ​လူ​များ အ​မှု​တော်​ဆောင်​စ​ရာ​တဲ​တော်​ကို ရေ​တွက်​မှတ်​သား​သော သက်​သေ​ခံ​ချက် တဲ​တော်​စာ​ရင်း​ပေ​တည်း။

ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ သက်​သေ​ခံ​ချက်​ကို သေ​တ္တာ​ထဲ​မှာ သွင်း​ထား၍၊ သေ​တ္တာ​ကွင်း​တို့၌ ထမ်း​ပိုး​ကို​လျှို၍၊ သေ​တ္တာ​ပေါ်​အ​ဖုံး​ကို​တင်​ပြီး​မှ၊

လေ​ဝိ​သား​တို့​အား သက်​သေ​ခံ​ချက်​တဲ​တော်​ကို​လည်း​ကောင်း၊ တဲ​တော်​တန်​ဆာ ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ တဲ​တော်​နှင့်​ဆိုင်​သ​မျှ​တို့​ကို​လည်း​ကောင်း​အပ်၍၊ သူ​တို့​သည် တဲ​တော်​နှင့် တဲ​တော်​တန်​ဆာ​အ​လုံး​စုံ​ကို ဆောင်​ရွက်​ရ​ကြ​မည်။ တဲ​တော်​မှု​ကို​လည်း ထမ်း​ရ​ကြ​မည်။ တပ်​ချ​သော​အ​ခါ တဲ​တော်​ပတ်​လည်၌ မိ​မိ​တို့​နေ​ရာ​ချ​ရ​ကြ​မည်။

ဣ​သ​ရေ​လ​အ​မျိုး​သား​စည်း​ဝေး​ရာ၊ ပ​ရိ​သတ်​အ​ပေါ်​မှာ အ​မျက်​တော်​မ​သက်​ရောက်​စေ​ခြင်း​ငှာ၊ လေ​ဝိ​သား​တို့​သည် သက်​သေ​ခံ​ချက် တဲ​တော်​ပတ်​လည်၌ နေ​ရာ​ချ၍ သက်​သေ​ခံ​ချက်​တဲ​တော်​ကို စောင့်​ရှောက်​ရ​မည်​ဟု၊

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ပုန်​ကန်​သော​သူ​တို့​တစ်​ဖက်၌ သက်​သေ​ဖြစ်​စေ​ခြင်း​ငှာ၊ အာ​ရုန်၏​လှံ​တံ​ကို သက်​သေ​ခံ​ချက်​ရှေ့၌ ပြန်​ထား၍ အ​မြဲ​ရှိ​စေ​လော့။ ထို​သို့ သူ​တို့​သည် သေ​ဘေး​နှင့်​လွတ်​မည်​အ​ကြောင်း၊ သူ​တို့​အ​ပြစ်​တင်၍ မြည်​တမ်း​ခြင်း​ကို ငါ​နား​မ​ငြီး​ရာ​ဟု၊

ငါ​သည်​လည်း​လှည့်၍ တောင်​ပေါ်​က​ဆင်း​သ​ဖြင့်၊ လုပ်​ပြီး​သော​သေ​တ္တာ​ထဲ၌ ထို​ကျောက်​ပြား​ကို​ထား၍၊ ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ ထို​သေ​တ္တာ​ထဲ၌ ယ​ခု​ရှိ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ