Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 16:23

Judson Bible

သူ​က​လည်း၊ နက်​ဖြန်​နေ့​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့၌ သန့်​ရှင်း​သော​ဥ​ပုသ်​နေ့၊ ငြိမ်​ဝပ်​စွာ​နေ​ရ​သော​နေ့​ဖြစ်၏။ မုန့်​ကို​ပေါင်း​ချင်​သည်​အ​တိုင်း ပေါင်း​ကြ​လော့။ ပြုတ်​ချင်​သည်​အ​တိုင်း​ပြုတ်​ကြ​လော့။ ကျန်​သော​အ​ရာ​ကို နံ​နက်​တိုင်​အောင်​စောင့်၍ သို​ထား​ကြ​လော့​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ကြောင်း​ကို ပြန်​ပြော​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​တိုင်​လည်း၊ သိ​နာ​တောင်​ပေါ်​သို့ ဆင်း​သက်၍ မိုး​ကောင်း​ကင်​ထဲ​က ဗျာ​ဒိတ်​သံ​ကို လွှတ်​သ​ဖြင့်၊ ဟုတ်​မှန်​ဖြောင့်​မတ်​သော စီ​ရင်​ထုံး​ဖွဲ့​ချက် ပ​ညတ်​တ​ရား​တို့​ကို အပ်​ပေး​တော်​မူ၏။

သန့်​ရှင်း​သော ဥ​ပုသ်​နေ့​ရက်​တော်​ကို ဖော်​ပြ၍၊ ကိုယ်​တော်​ကျွန် မော​ရှေ​အား​ဖြင့် နည်း​နာ​ဥ​ပ​ဒေ​သ ပ​ညတ်​တ​ရား​တို့​ကို​လည်း ထား​တော်​မူ၏။

မော​ရှေ​က​လည်း၊ နံ​နက်​တိုင်​အောင် အ​ဘယ်​သူ​မျှ​မ​ကျန်​စေ​နှင့်​ဟု ဆို​သော်​လည်း၊

ခြောက်​ရက်​ပတ်​လုံး အ​လုပ်​လုပ်​ရ​မည်။ သ​တ္တ​မ​နေ့​ရက်၌ ငြိမ်​ဝပ်​စွာ​နေ​ရ​မည်။ သို့​ပြု​လျှင် သင်၏​နွား​မြည်း​တို့​သည် ငြိမ်​ဝပ်​စွာ​နေ​ရ​သော​အ​ခွင့် ရှိ​လိမ့်​မည်။ သင်၏ ငယ်​သား​များ၊ ဧည့်​သည်​များ​တို့​လည်း သက်​သာ​ရ​ကြ​လိမ့်​မည်။

ခြောက်​ရက်​ပတ်​လုံး အ​လုပ်​လုပ်​ရ​မည်။ သ​တ္တ​မ​နေ့​သည် ထာ​ဝ​ရ​ဘု​ရား​အား သန့်​ရှင်း၍ ငြိမ်​ရ​သော​ဥ​ပုသ်​နေ့​ဖြစ်၏။ ဥ​ပုသ်​နေ့၌ အ​လုပ်​လုပ်​သော​သူ​မည်​သည်​ကား၊ ဧ​ကန်​အ​မှန်​အ​သေ​ခံ​ရ​မည်။

ဥ​ပုသ်​နေ့၌ သင်​တို့​အိမ်​ထဲ​က ဝန်​ကို မ​ထုတ်​မ​ဆောင်​ကြ​နှင့်။ အ​ဘယ်​အ​လုပ်​ကို​မျှ မ​လုပ်​ကြ​နှင့်။ သင်​တို့​ဘိုး​ဘေး​များ​ကို ငါ​မှာ​ထား​သည်​အ​တိုင်း၊ ဥ​ပုသ်​နေ့​ကို သန့်​ရှင်း​စေ​ကြ​လော့။

ခြောက်​ရက်​ပတ်​လုံး အ​လုပ်​လုပ်​ရ​မည်။ သ​တ္တ​မ​နေ့​ရက်​သည် ငြိမ်​ဝပ်​စွာ​နေ​ရ​သော​ဥ​ပုသ်​နေ့၊ ဓ​မ္မ​စည်း​ဝေး​ခြင်း​ကို​ပြု​ရ​သော​နေ့ ဖြစ်၏။ ထို​နေ့၌ သင်​တို့​သည် အ​လုပ်​မ​လုပ်​ရ​ကြ။ သင်​တို့​နေ​ရာ​အ​ရပ်​ရပ်၌ ထာ​ဝ​ရ​ဘု​ရား၏ ဥ​ပုသ်​နေ့​ဖြစ်၏။

မ​န္န​သည်​နံ​နံ​စေ့​နှင့်​တူ၍ ဗ​ဓေ​လ​သစ်​စေ့​ကဲ့​သို့ အ​ဆင်း​ဖြစ်၏။

လူ​များ​တို့​သည်​လှည့်​လည်​လျက် မ​န္န​ကို​စု​သိမ်း၍ ဆုံ၌​ကြိတ်​ခြင်း၊ ထောင်း​ခြင်း​ကို​ပြု​ပြီး​မှ အိုး​နှင့်​ပြုတ်​ကြ၏။ မုန့်​ပြား​ကို​လည်း လုပ်​ကြ၏။ အ​ရ​သာ​သည် မုန့်​ဆီ​ကြော်​အ​ရ​သာ​နှင့်​တူ၏။

ထို​နောက်​မှ ပြန်​သွား​ပြီး​လျှင် ဆီ​မွှေး​နှင့်​နံ့​သာ​မျိုး​ကို ပြင်​ဆင်၍ ပ​ညတ်​တော်​အ​တိုင်း ဥ​ပုသ်​နေ့၌ အ​လုပ်​မ​လုပ်​ဘဲ နေ​ကြ၏။-

သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ ဥ​ပုသ်​နေ့​ကို သန့်​ရှင်း​စေ​ခြင်း​ငှာ၊ ထို​နေ့​ရက်​ကို​စောင့်​လော့။

သ​ခင်​ဘု​ရား​နေ့၌ ဝိ​ညာဉ်​တော်​ကို​ခံ​ရ၍၊ တံ​ပိုး​ခ​ရာ အ​သံ​ကဲ့​သို့ ငါ့​နောက်၌ မြည်​သော​အ​သံ​ကြီး​ကို ကြား၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ