ဩမဲတောင်းနှင့်ခြင်ကြသောအခါ၊ များများရသောသူမပို၊ နည်းနည်းရသောသူ မလို၊ အသီးအသီးတို့သည် စားလောက်အောင်သိမ်းယူကြ၏။
ဣသရေလအမျိုးသားတို့သည်ထိုသို့ပြု၍၊ အနည်းအများအလိုက် သိမ်းယူကြ၏။
ထိုမြို့တို့ကို ဣသရေလအမျိုးသားပိုင်သော မြေထဲကနုတ်ရမည်။ များသောမြေကိုရသောသူသည် များသောမြို့၊ နည်းသောမြေကိုရသောသူသည် နည်းသောမြို့တို့ကို ပေးရမည်။ လူအသီးအသီးတို့သည် အမွေခံရသည်အတိုင်း၊ မိမိတို့မြို့များထဲကနုတ်၍ လေဝိသားတို့အားပေးရမည်။