Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 16:12

Judson Bible

ညဉ့်​ဦး​ယံ၌ သင်​တို့​သည်​အ​မဲ​သား​ကို စား​ရ​ကြ​လိမ့်​မည်။ နံ​နက်​ယံ၌​လည်း မုန့်​နှင့်​ဝ​ရ​ကြ​လိမ့်​မည်။ ငါ​သည် သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သိ​ကြ​လိမ့်​မည်​ဟု သူ​တို့​ကို​ပြော​လော့​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ဘု​ရား​သ​ခင်၏ လူ​တစ်​ယောက်​သည် ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​ထံ​သို့ လာ၍ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ရှု​ရိ​လူ​တို့​က ထာ​ဝ​ရ​ဘု​ရား​သည် တောင်​ကို​သာ​အ​စိုး​ရ​သော ဘု​ရား​ဖြစ်၏။ လွင်​ပြင်​ကို​အ​စိုး​ရ​သော ဘု​ရား​မ​ဟုတ်​ဟု ဆို​မိ​သော​ကြောင့်၊ ထို​ကြီး​စွာ​သော အ​လုံး​အ​ရင်း​အ​ပေါင်း​ကို သင့်​လက်​သို့​ငါ​အပ်​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သင်​တို့​သိ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ​ကြောင်း​ကို ဆင့်​ဆို၏။

သူ​တို့​သည် တောင်း​သော​အ​ခါ ငုံး​များ​ကို​ဆောင်​ခဲ့​တော်​မူ၍၊ သူ​တို့​ကို ကောင်း​ကင်​မုန့်​နှင့် ရောင့်​ရဲ​စေ​တော်​မူ၏။

ထို​သိုး​သ​ငယ်​တို့​ကို၊ ထို​လ​ဆယ်​လေး​ရက်​တိုင်​အောင် စောင့်​ထား​ပြီး​မှ၊ ညဉ့်​ဦး​အ​ချိန်၌ ဣ​သ​ရေ​လ​အ​မျိုး​အ​စည်း​အ​ဝေး​ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် သတ်​ရ​ကြ​မည်။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အ​ပြစ်​တင်​လျက် မြည်​တမ်း​သော​အ​သံ​ကို​ငါ​ကြား​ရ​ပြီ။

သို့​ပြု​လျှင် သူ​တို့​ဘိုး​ဘေး​များ၏​ဘု​ရား​သ​ခင်၊ အာ​ဗြ​ဟံ​၏​ဘု​ရား၊ ဣ​ဇာက်၏​ဘု​ရား၊ ယာ​ကုပ်၏​ဘု​ရား​တည်း​ဟူ​သော ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အား ထင်​ရှား​တော်​မူ​ကြောင်း​ကို ထို​သူ​တို့​သည် ယုံ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ​၏။

ငါ​၏​လူ​မျိုး​ဖြစ်​စေ​ခြင်း​ငှာ၊ သင်​တို့​ကို​ငါ​သိမ်း​ယူ​မည်။ ငါ​သည်​လည်း သင်​တို့၏ ဘု​ရား​သ​ခင်​ဖြစ်​မည်။ ငါ​သည်​သင်​တို့​ကို အဲ​ဂု​တ္တု​လူ​တို့​လက်​မှ​လွှတ်​သော သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သင်​တို့​သိ​ကြ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​က၊ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သင်​သည်​အ​ဘယ်​သို့ သိ​ရ​မည်​နည်း​ဟူ​မူ​ကား၊ ငါ​ကိုင်​သော​လှံ​တံ​နှင့် မြစ်​ရေ​ကို​ရိုက်၍ ထို​ရေ​သည် အ​သွေး​ဖြစ်​လိမ့်​မည်။

ထို​အ​ရပ်၌ ယု​ဒ​ပြည်​သူ၊ ယု​ဒ​မြို့​ရွာ​သား အ​ပေါင်း​တို့​သည်၊ လယ်​လုပ်​သော​သူ​နှင့် သိုး​ထိန်း​သော​သူ​များ ပါ​လျက်၊ အ​တူ​နေ​ရ​ကြ​လိမ့်​မည်။

သူ​တို့၏​ဘု​ရား​သ​ခင် ငါ​ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​နှင့်​အ​တူ ရှိ​ကြောင်း​ကို​လည်း​ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား တည်း​ဟူ​သော သူ​တို့​သည် ငါ၏​လူ​ဖြစ်​ကြောင်း​ကို​လည်း​ကောင်း သိ​ရ​ကြ​လိမ့်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ထို​သို့​သင်​သည် ငါ့​တစ်​ဖက်၌​ဝါ​ကြွား၍ ပြော​မိ​သော​စ​ကား​အ​လုံး​စုံ​တို့​ကို ငါ​ကြား​ပြီ​ဟု မိန့်​တော်​မူ၏။

ငါ​သည်​သူ​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထို​နေ့​မှ​စ၍ သိ​ရ​ကြ​လိမ့်​မည်။

ငါ​သည်​လည်း ငါ၏​သန့်​ရှင်း​သော ဇိ​အုန်​တောင်​ပေါ်​မှာ နေ​သော သင်​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား ဖြစ်​ကြောင်း​ကို သင်​တို့​သိ​ရ​ကြ​လိမ့်​မည်။ ယေ​ရု​ရှ​လင်​မြို့​သည်​လည်း သန့်​ရှင်း​လိမ့်​မည်။ နောက်​တစ်​ဖန် ထို​မြို့​ကို တစ်​ပါး​အ​မျိုး​သား မ​နင်း​ရ။

ငါ​သည် သင်​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ဖြစ်၏။ ငါ​သည် သန့်​ရှင်း​သော​ကြောင့်၊ သင်​တို့​သည်​လည်း ကိုယ်​ကို​ကိုယ်​သန့်​ရှင်း​စေ၍ သန့်​ရှင်း​ခြင်း​ရှိ​ရ​ကြ​မည်။ မြေ​ပေါ်​မှာ တွား​တတ်​သော​တိ​ရ​စ္ဆာန် တစ်​စုံ​တစ်​ခု​အား​ဖြင့်​မျှ သင်​တို့​သည် ကိုယ်​ကို​ကိုယ်​မ​ညစ်​ညူး​စေ​ရ​ကြ။

ထို​တစ်​စု​ကို မီး​အ​လယ်​သို့ ငါ​လျှောက်​သွား​စေ​မည်။ ငွေ​ကို ချွတ်​သ​ကဲ့​သို့ ချွတ်​မည်။ ရွှေ​ကို စုံ​စမ်း​သ​ကဲ့​သို့ စုံ​စမ်း​မည်။ သူ​တို့​သည် ငါ့​နာ​မ​ကို ပ​တ္ထ​နာ​ပြု၍ ငါ​နား​ထောင်​မည်။ သူ​တို့​ကို ငါ၏​လူ​မျိုး​ဟူ၍ ငါ​ခေါ်​ဝေါ်​မည်။ သူ​တို့​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့၏​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ၏​ဟု ဝန်​ခံ​ကြ​လိမ့်​မည်။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် ရော​နှော​လျက်​ပါ​သော တစ်​ပါး​အ​မျိုး​သား​တို့​သည် တောင့်​တ​သော​စိတ်​စွဲ​လမ်း​ကြ၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​လည်း တစ်​ဖန်​ငို​ကြွေး​လျက် ငါ​တို့​စား​စ​ရာ​ဖို့ အ​မဲ​သား​ကို အ​ဘယ်​သူ​ပေး​လိမ့်​မည်​နည်း။

ငါ့​ကို​အ​ပြစ်​တင်၍၊ မြည်​တမ်း​သော ဤ​ပ​ရိ​သတ်​ဆိုး​တို့​ကို အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး ငါ​သည်​သည်း​ခံ​ရ​အံ့​နည်း။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ငါ့​ကို​အ​ပြစ်​တင်၍ မြည်​တမ်း​သော​စ​ကား​တို့​ကို ငါ​ကြား​ရ​ပြီ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ