နှာခေါင်းတော်လေအားဖြင့် ရေသည်စုဝေး၍၊ စီးသောရေသည်ပုံ့ပုံ့ကြွ၍၊ ပင်လယ်၏အထဲ၌ပင် နက်သောရေသည်တောင့်မာလျက်နေရ၏။
ထိုအခါ ထာဝရဘုရားသည် အပြစ်တင်၍၊ နှာခေါင်းတော်ထဲက အသက်ရှူတော်မူသောအားဖြင့် သမုဒ္ဒရာအောက်ပြင်နှင့် လောကတိုက်မြစ်တို့သည် ဖွင့်လှစ်ထင်ပေါ်လျက်ရှိကြ၏။
ဘုရားသခင် မှုတ်တော်မူသဖြင့်၊ ထိုသူတို့သည်ပျက်စီး၍၊ ရှူတော်မူသော အသက်ဖြင့်လည်း ဆုံးရှုံးရကြ၏။
သမုဒ္ဒရာရေကို စုပုံစုဝေးစေတော်မူ၏။ နက်နဲသောသမုဒ္ဒရာကိုလည်း လုံခြုံရာအရပ်တို့၌ သိုထားတော်မူ၏။
ပင်လယ်ကိုခွဲ၍ သူတို့ကို လျှောက်သွားစေတော်မူ၏။ ရေများကိုစုပုံ၍ ထားတော်မူ၏။
ဣသရေလအမျိုးသားတို့မူကား၊ ပင်လယ်အလယ်၌မြေပေါ်မှာလျှောက်သွား၍၊ ရေသည် သူတို့လက်ယာဘက်၊ လက်ဝဲဘက်မှာ ကျောက်ထရံကဲ့သို့ရှိနေ၏။
ဆင်းရဲသားတို့၏အမှုကို တရားတော်အတိုင်း စီရင်၍၊ နှိမ့်ချသော မြေကြီးသားတို့ဘက်၌ နေလျက်၊ ဖြောင့်မတ်စွာ ဆုံးဖြတ်လိမ့်မည်။ မြေကြီးကိုနှုတ်ကပတ်တော်လှံတံနှင့် ဒဏ်ခတ်၍၊ ဆိုးသောသူကို နှုတ်ခမ်းထွက်သက်နှင့် ကွပ်မျက်လိမ့်မည်။
ထိုမင်း၌ အခြားသောစိတ်သဘောကို ငါသွင်းပေးမည်။ သူသည် သတင်းကြား၍ မိမိပြည်သို့ ပြန်သွားလိမ့်မည်။ ထိုပြည်၌ ဓားဖြင့် ငါဆုံးစေမည်ဟူသော စကားတော်ကို သင်တို့၏သခင်အား ပြန်ကြားကြလော့ဟု ပြောဆို၏။
တောင်တို့သည် ကိုယ်တော်ကို မြင်၍ တုန်လှုပ်ကြပါ၏။ လျှံသောရေသည် လွှမ်းမိုးပါ၏။ ပင်လယ်သည် အော်ဟစ်၍ လက်ကို ချီပါ၏။
ကိုယ်တော်သည် မြင်းတော်များကို စီး၍၊ ရေဟုန်းဟုန်းမြည်သော ပင်လယ်အလယ်သို့ ချီသွားတော်မူ၏။
ပယ်ရှင်းခြင်းသို့ရောက်သောအခါ၊ ထိုအဓမ္မလူသည် ထင်ရှားလိမ့်မည်။ ထိုအဓမ္မလူကို သခင်ယေရှုသည် နှုတ်ထွက်ဝိညာဉ်တော်အားဖြင့် ဖျက်ဆီး၍၊ ကြွလာတော်မူခြင်း၏ ရောင်ခြည်အားဖြင့် ပယ်ရှားတော်မူလိမ့်မည်။-
မြေကြီးတစ်ပြင်လုံးကို အစိုးရတော်မူသော အရှင်ထာဝရဘုရား၏ သေတ္တာတော်ကိုထမ်းသော ယဇ်ပုရောဟိတ်ခြေဖဝါးတို့သည်၊ ယော်ဒန်မြစ်ရေကိုနင်းသောခဏချင်းတွင်၊ မြစ်ညာရေသည် ပြတ်၍ ပုံ့ပုံ့ကြွလျက်နေလိမ့်မည်ဟု ဆိုလေ၏။
မြစ်ညာက စီးလာသောရေသည် တန့်ရပ်၍ ဝေးသောအရပ်၊ ဇာရတန်မြို့နားမှာရှိသော အာဒံမြို့တိုင်အောင် ပုံ့ပုံ့ကြွလျက်နေ၏။ လွင်ပြင်အိုင်တည်းဟူသော သောဒုံအိုင်သို့ စီးသွားသောရေသည်လည်း အကုန်အစင်ပြတ်၍၊ လူများတို့သည် ယေရိခေါမြို့သို့ ရှေ့ရှုကူးကြ၏။