ထွက်မြောက် 15:17Judson Bibleအိုထာဝရဘုရား၊ အမွေခံတော်မူရာတောင်တည်းဟူသော ကျိန်းဝပ်တော်မူရာဖို့ ဖန်ဆင်းတော်မူသောအရပ်ထဲသို့ ကိုယ်တော်၏လူတို့ကို သွင်းတော်မူလိမ့်မည်။ အိုထာဝရဘုရား၊ လက်တော်နှင့်တည်တော်မူသော သန့်ရှင်းရာဌာနတော်၌ နေရာချတော်မူလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ သိမ်းသွားခြင်းကို ခံရသောသူတို့ကို ငါဆောင်ခဲ့ပြန်သောအခါ၊ ယုဒပြည်၏မြို့ရွာတို့၌ နေသောသူတို့က၊ အို ဖြောင့်မတ်ခြင်း နေရာအရပ်၊ အို သန့်ရှင်းခြင်းနေရာတောင်၊ ထာဝရဘုရားသည် သင့်ကိုကောင်းချီးပေးတော်မူစေသတည်း ဟူသောစကားကို တစ်ဖန် သုံးကြလိမ့်မည်။
သို့သော်လည်း သင်တို့အပိုင်ရသောမြေသည် မစင်ကြယ်လျှင်၊ ထာဝရဘုရား အပိုင်ယူတော်မူ၍၊ တဲတော်ရှိရာမြေသို့ ကူးသဖြင့် ငါတို့နှင့်အတူ အပိုင်ယူကြလော့။ ငါတို့ဘုရားသခင် ထာဝရဘုရား၏ ယဇ်ပလ္လင်တော်မှတစ်ပါး၊ အခြားသောယဇ်ပလ္လင်ကို ကိုယ်အဖို့တည်၍ ထာဝရဘုရားကို မပုန်ကန်ကြနှင့်။ ငါတို့ကိုလည်း မပုန်ကန်ကြနှင့်။