Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 14:31

Judson Bible

ထို​သို့ အဲ​ဂု​တ္တု​လူ​တို့၌ ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော​အ​မှု​ကြီး​ကို၊ ဣ​သ​ရေ​လ​လူ​တို့​သည်​မြင်၍၊ ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​နှင့် ကိုယ်​တော်၏​ကျွန်​မော​ရှေ​ကို ယုံ​ကြည်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

နက်​ဖြန်​နံ​နက်​စော​စော​ထ၍၊ တေ​ကော​တော​သို့ ထွက်​သွား​ကြ၏။ သွား​ကြ​စဉ်​တွင်၊ ယော​ရှ​ဖတ်​သည် ရပ်၍၊ အို​ယု​ဒ​ပြည်​သူ ယေ​ရု​ရှ​လင်​မြို့​သား​တို့၊ နား​ထောင်​ကြ​လော့။ သင်​တို့၏ ဘု​ရား​သ​ခင်​ကို ယုံ​ကြည်​ကြ​လော့။ သို့​ပြု​လျှင် တည်​ကြည်​ကြ​လိမ့်​မည်။ ပ​ရော​ဖက်​တော်​တို့​ကို ယုံ​ကြည်​ကြ​လော့။ သို့​ပြု​လျှင် အောင်​မြင်​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

အဲ​ဂု​တ္တု​ပြည်၌ အ​ကျွန်ုပ်​တို့၏ ဘိုး​ဘေး​များ​ခံ​ရ​သော ညှဉ်း​ဆဲ​ခြင်း​ကို​မြင်၍၊ ဧ​ဒုံ​ပင်​လယ်​နား​မှာ သူ​တို့ အော်​ဟစ်​သော​အ​သံ​ကို ကြား​တော်​မူ၏။

ကိုယ်​တော်​ကို ထိတ်​လန့်​သ​ဖြင့်၊ အ​ကျွန်ုပ်​သည် ကြက်​သီး​မွေး​ညင်း​ထ၍၊ စီ​ရင်​တော်​မူ​ချက်​တို့​မှ ကြောက်​ပါ၏။

ထာ​ဝ​ရ​ဘု​ရား​က​လည်း ကြည့်​ရှု​လော့။ သင်​နှင့်​ငါ​ပြော​သော​အ​ခါ လူ​များ​တို့​သည်​ကြား​၍ အ​စဉ်​အ​မြဲ သင့်​ကို​ယုံ​မည်​အ​ကြောင်း၊ မိုး​တိမ်​တိုက်၌ သင့်​ဆီ​သို့​ငါ​လာ​မည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။ မော​ရှေ​သည်​လည်း ထာ​ဝ​ရ​ဘု​ရား​၏​စ​ကား​တော်​ကို လူ​များ​တို့​အား ပြန်​ပြော​လေ​၏။

ထို​လူ​များ​တို့​သည်​ယုံ​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို အ​ကြည့်​အ​ရှု​ကြွ​တော်​မူ​သည်​ကို​လည်း​ကောင်း၊ သူ​တို့​ခံ​ရ​သော​ဆင်း​ရဲ​ခြင်း​ကို မှတ်​တော်​မူ​သည်​ကို​လည်း​ကောင်း ကြား​သော​အ​ခါ၊ ဦး​ညွှတ်​ချ၍ ကိုး​ကွယ်​ကြ​၏။

ကျောက်​ပေါ်၌​ရှိ​သော​သူ​ကား၊ တ​ရား​စ​ကား​ကို​ကြား၍ ဝမ်း​မြောက်​သော​စိတ်​နှင့် ခံ​ယူ​သော်​လည်း စိတ်​နှ​လုံး၌ အ​မြစ်​မ​စွဲ၊ ခ​ဏ​သာ​ယုံ​ကြည်​သ​ဖြင့် စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ကို ခံ​ရ​သော​အ​ခါ ဖောက်​ပြန်​သော​သူ​ကို ဆို​လို​သ​တည်း။-

ထို​အ​ခါ မာ​ရိ​ဆီ​သို့​လာ​သော ယု​ဒ​လူ​အ​များ​တို့​သည် ယေ​ရှု​ပြု​တော်​မူ​သော​အ​မှု​ကို မြင်​လျှင်၊ ကိုယ်​တော်​ကို ယုံ​ကြည်​ကြ၏။-

ထို​သို့​ယေ​ရှု​သည် ရှေ့​ဦး​စွာ​သော ဤ​နိ​မိတ်​လ​က္ခ​ဏာ​ကို ဂါ​လိ​လဲ​ပြည်၊ ကာ​န​မြို့၌​ပြ၍ မိ​မိ​ဘုန်း​တော်​ကို ထင်​ရှား​စေ​တော်​မူ၏။ တ​ပည့်​တော်​တို့​သည်​လည်း ယုံ​ကြည်​ကြ၏။

ရှိ​မုန်​သည်​လည်း ကိုယ်​တိုင်​ယုံ​ကြည်​သည်​ဖြစ်၍ ဗ​တ္တိ​ဇံ​ကို​ခံ​ပြီး​မှ ဖိ​လိ​ပ္ပု​ထံ၌​မှီ​ဝဲ​ဆည်း​ကပ်​သ​ဖြင့်၊ ထူး​ဆန်း​သော တန်​ခိုး​ကြီး​သော နိ​မိတ်​လ​က္ခ​ဏာ​များ​ကို မြင်၍ မိန်း​မော​တွေ​ဝေ​လျက် ရှိ​လေ၏။

မော​ရှေ​သည်၊ နောက်​ဟော​ပြော​လ​တ္တံ့​သော အ​ရာ​တို့​ကို သက်​သေ​ခံ​ခြင်း​အ​လို​ငှာ၊ အ​စေ​ခံ​ကဲ့​သို့ အိမ်​တော်​တစ်​အိမ်​လုံး၌ သ​စ္စာ​စောင့်၏။-

ထာ​ဝ​ရ​ဘု​ရား​ကို အော်​ဟစ်​သော​အ​ခါ၊ သင်​တို့​နှင့် အဲ​ဂု​တ္တု​လူ​တို့​စပ်​ကြား​မှာ မှောင်​မိုက်​ကို​ငါ​ထား၍ သူ​တို့​ကို ပင်​လယ်​ရေ​လွှမ်း​မိုး​စေ၏။ အဲ​ဂု​တ္တု​ပြည်၌ ငါ​ပြု​သော​အ​မှု​ကို သင်​တို့​သည် ကိုယ်​တိုင်​မြင်​ကြ​ပြီ။ တော၌​လည်း ကာ​လ​ကြာ​မြင့်​စွာ နေ​ရ​ကြ၏။

ထို​နေ့၌ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​ရှေ့​မှာ ယော​ရှု​ကို​ချီး​မြှင့်​တော်​မူ၍၊ သူ​တို့​သည် မော​ရှေ​ကို​ကြောက်​ရွံ့​သ​ကဲ့​သို့ ယော​ရှု​ကို​လည်း သူ၏​အ​သက်​တည်​သည်​ကာ​လ​ပတ်​လုံး ကြောက်​ရွံ့​ကြ၏။

သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​ရှေ့​မှာ ပင်​လယ်​ရေ​ကို ခန်း​ခြောက်​စေ​တော်​မူ​သည်​နည်း​တူ၊ သင်​တို့​သည် ယော်​ဒန်​မြစ်​ကို​ကူး၍ ကမ်း​တစ်​ဖက်​သို့​မ​ရောက်​မီ​တိုင်​အောင်၊ သင်​တို့​ရှေ့​မှာ မြစ်​ရေ​ကို ခန်း​ခြောက်​စေ​တော်​မူ​သည်​ဟု ယော​ရှု​မှာ​ထား​လေ၏။

ယ​ခု​မှာ သင်​တို့​မျက်​မှောက်၌ ထာ​ဝ​ရ​ဘု​ရား ပြု​တော်​မူ​လ​တ္တံ့​သော​အ​မှု​ကြီး​ကို ငြိမ်​ဝပ်​စွာ​နေ၍ ကြည့်​ရှု​လော့။

ထာ​ဝ​ရ​ဘု​ရား​ကို​ဆု​တောင်း၍၊ ထို​နေ့၌ ထာ​ဝ​ရ​ဘု​ရား​သည် မိုး​ချုန်း​ခြင်း​နှင့်​တ​ကွ မိုး​ရွာ​စေ​တော်​မူ၍၊ လူ​အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား​နှင့် ရှ​မွေ​လ​ကို အ​လွန်​ကြောက်​ရွံ့​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ