Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 14:2

Judson Bible

မိ​ဂ​ဒေါ​လ​မြို့​နှင့် ပင်​လယ်​စပ်​ကြား၊ ဗာ​လ​ဇေ​ဖုန်​မြို့​ရှေ့​မှာ​တပ်​ချ​စေ​ခြင်း​ငှာ မှာ​လိုက်​လော့။ ထို​မြို့​ရှေ့၊ ပင်​လယ်​ကမ်း​နား​မှာ​တပ်​ချ​ရ​ကြ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​လည်​၍၊ ပိ​ဟ​ဟိ​ရုတ်​မြို့​နား၊

အ​ကြောင်း​မူ​ကား၊ ဖာ​ရော​ဘု​ရင်​က၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ကျဉ်း​ကျုပ်​ရာ​သို့​ရောက်​ကြ​ပြီ။ တော​လမ်း​ပိတ်​လျက်​ရှိ၏​ဟု​ဆို​လိမ့်​မည်။

ထို​သို့ ဖာ​ရော​ဘု​ရင်၏​မြင်း​တော်၊ ရ​ထား​တော်၊ မြင်း​စီး​သူ​ရဲ​ဗိုလ်​ပါ၊ အဲ​ဂု​တ္တု​လူ​အ​ပေါင်း​တို့​သည်​လိုက်၍ ပိ​ဟ​ဟိ​ရုတ်​မြို့​နား၊ ဗာ​လ​ဇေ​ဖုန်​မြို့​ရှေ့၌ ပင်​လယ်​ကမ်း​နား​မှာ​တပ်​ချ​လျက်​နေ​သော ဣ​သ​ရေ​လ​လူ​တို့​ကို မီ​ကြ၏။

အဲ​ဂု​တ္တု​ပြည်၊ မိ​ဂ​ဒေါ​လ​မြို့၊ တာ​ပ​နက်​မြို့၊ နော​ဖ​မြို့၊ ပါ​သ​ရု​အ​ရပ်၌​နေ​သော ယု​ဒ​လူ​အ​ပေါင်း​တို့​ကို ရည်​မှတ်၍ ယေ​ရ​မိ​သို့ ရောက်​လာ​သော နှုတ်​က​ပတ်​တော်​အား​ဖြင့်၊

သင့်​ပတ်​လည်၌ နေ​သော​သူ​တို့​ကို ဓား​တော်​သည် ကိုက်​စား​ပြီ။ ကိုယ်​ကို​ပြင်​ဆင်၍ မြဲ​မြံ​စွာ နေ​လော့​ဟု အဲ​ဂု​တ္တု​ပြည်၌ ကြွေး​ကြော်​ကြ​လော့။ မိ​ဂ​ဒေါ​လ​မြို့၌ သ​တင်း​ကြား​ကြ​လော့။ နော​ဖ​မြို့၊ တာ​ပ​နက်​မြို့၌​လည်း ကြား​ပြော​ကြ​လော့။

သင်​နှင့် သင့်​မြစ်​တစ်​ဖက်၌ ငါ​နေ၏။ အဲ​ဂု​တ္တု​ပြည်​ကို မိ​ဂ​ဒေါ​လ​မှ​စ၍ သု​ဏေ​မြို့​တိုင်​အောင်​လည်း​ကောင်း၊ အဲ​သ​ယော​ပိ​ပြည် စွန်း တိုင်​အောင်​လည်း​ကောင်း၊ ဓား​နှင့်​ဖျက်​ဆီး၍ ဆိတ်​ညံ​စေ​မည်။

ထို​သို့ သင်​တို့​အ​ဘ​များ​ကို အဲ​ဂု​တ္တု​ပြည်​မှ ငါ​နုတ်​ဆောင်​သ​ဖြင့်၊ သူ​တို့​သည် ဧ​ဒုံ​ပင်​လယ်​သို့​ရောက်၍၊ အဲ​ဂု​တ္တု​လူ​တို့​သည် ရ​ထား​နှင့် မြင်း​စီး​သူ​ရဲ​ပါ​လျက် ထို​ပင်​လယ်​တိုင်​အောင် လိုက်​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ