ထွက်မြောက် 13:17Judson Bibleဣသရေလလူတို့ကို ဖာရောဘုရင်လွှတ်သောနောက်၊ ဖိလိတ္တိပြည်ကို လျှောက်သောလမ်းသည် ဖြောင့်သော်လည်း၊ ထိုလမ်းဖြင့် ဘုရားသခင်ဆောင်တော်မမူ။ အကြောင်းမူကား၊ သူတို့သည် စစ်မှုကိုတွေ့မြင်သောအခါစိတ်ပျက်၍၊ အဲဂုတ္တုပြည်သို့ ပြန်ကောင်းပြန်ကြလိမ့်မည်ဟု သိတော်မူ၏။ အခန်းကိုကြည့်ပါ။ |
သူတို့တွင် ပြုတော်မူသော အံ့ဖွယ်သောအမှုတို့ကို မအောက်မေ့။ အာဏာတော်ကိုငြင်းဆန်လျက်၊ လည်ပင်းခိုင်မာသည် ဖြစ်၍၊ ကျွန်ခံရာ အဲဂုတ္တုပြည်သို့ ပြန်လိုသောငှာ၊ လူကြီးတစ်ဦးကို ချီးမြှောက်ကြ၏။ သို့ရာတွင် ကိုယ်တော်သည် အပြစ်ကိုဖြေတတ်သောဘုရား၊ ချစ်သနားခြင်း မေတ္တာကရုဏာနှင့်ပြည့်စုံ၍၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်းနှင့် ကြွယ်ဝသောဘုရား ဖြစ်တော်မူသောကြောင့် သူတို့ကို စွန့်ပစ်တော်မမူ။
ထိုလမ်းကို နောက်တစ်ဖန် သင်မမြင်ရဟု မိန့်တော်မူသောလမ်းဖြင့် ထာဝရဘုရားသည် တစ်ဖန်သင့်ကို အဲဂုတ္တုပြည်သို့ သင်္ဘောနှင့် ပို့ဆောင်တော်မူသဖြင့်၊ ထိုပြည်တွင် ကျွန်ယောက်ျား၊ ကျွန်မိန်းမဖြစ်စေခြင်းငှာ ရန်သူတို့၌ ရောင်းကြလိမ့်မည်။ သို့ရာတွင် အဘယ်သူမျှ သင့်ကိုမဝယ်လိုဟု ဣသရေလလူမျိုးတို့ကို ဟောပြောလေ၏