ထွက်မြောက် 13:12Judson Bibleသင်တို့၌ အဦးဖွားသောသားအပေါင်းတို့နှင့် သင်တို့၌ရှိသောတိရစ္ဆာန်တို့၏ သားဦးအပေါင်းတို့ကို၊ ထာဝရဘုရားအဖို့ အသီးအခြားခွဲထားရကြမည်။ အထီးရှိသမျှတို့သည်၊ ထာဝရဘုရား၏ဥစ္စာဖြစ်ရကြမည်။ အခန်းကိုကြည့်ပါ။ |
အဦးလုပ်သော မုန့်စိမ်း၊ ပူဇော်သကာ၊ သစ်သီးအမျိုးမျိုး၊ စပျစ်ရည်၊ ဆီကို ယဇ်ပုရောဟိတ်တို့ရှိရာ ဗိမာန်တော်အခန်းသို့လည်းကောင်း၊ လယ်လုပ်သော မြို့ရွာရှိသမျှတို့၌ မြေအသီးအနှံ ဆယ်ဖို့တစ်ဖို့ကို လေဝိသားတို့ထံသို့လည်းကောင်း၊ ဆောင်ခဲ့ရမည်အကြောင်း စီရင်ထုံးဖွဲ့ကြ၏။
အကြောင်းမူကား အဲဂုတ္တုပြည်၌ သားဦးအပေါင်းတို့ကို ငါသည်ဒဏ်ခတ်သောအခါ ဣသရေလအမျိုးတွင်လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ သားဦးအပေါင်းတို့ကို ငါ့အဖို့ငါသန့်ရှင်းစေသောကြောင့် သားဦးအပေါင်းတို့ကို အထူးသဖြင့်ငါပိုင်ရ၏။ ငါသည်ထာဝရဘုရားဖြစ်သည်ဟု မိန့်တော်မူ၏။