ထွက်မြောက် 12:48Judson Bibleသင်တို့ထံမှာတည်းခိုသော တစ်ပါးအမျိုးသားသည် ထာဝရဘုရားအဖို့ ပသခါပွဲကိုခံခြင်းငှာအလိုရှိလျှင်၊ သူ၌ရှိသောယောက်ျားအပေါင်းတို့သည် အရေဖျားလှီးမင်္ဂလာကိုခံကြစေ။ သို့ပြီးမှထိုသူသည် ပြည်သားကဲ့သို့ဖြစ်သောကြောင့်၊ ချဉ်း၍ထိုပွဲသို့ဝင်စေ။ အရေဖျားလှီးမင်္ဂလာကိုမခံသောသူမည်သည်ကား၊ ထိုပွဲ၌ဝင်၍ မစားရ။ အခန်းကိုကြည့်ပါ။ |
ငါနှင့်ကွာပြီးလျှင်၊ ကိုယ်စိတ်နှလုံး၌ ကိုယ်ရုပ်တုများကိုတည်ထောင်၍၊ ကိုယ်မျက်နှာရှေ့မှာ ကိုယ်ဒုစရိုက်သစ်တုံးကို ထားလျက်ပင်၊ ငါ့အလိုကို မေးမြန်းခြင်းငှာ၊ ပရောဖက်ထံသို့လာသော ဣသရေလအမျိုးသားဖြစ်စေ၊ ဣသရေလအမျိုး၌ တည်းနေသော တစ်ပါးအမျိုးသားဖြစ်စေ၊ ငါထာဝရဘုရားသည် ကိုယ်အလိုအလျောက်ပြန်ပြောသဖြင့်၊
အမျိုးသားချင်း အမွေခံဖို့လည်းကောင်း၊ သင်တို့တွင်နေ၍ သားသမီးဖွားမြင်သော တစ်ပါးအမျိုးသားချင်း အမွေခံဖို့လည်းကောင်း စာရေးတံချ၍ မြေကိုဝေရမည်။ ထိုတစ်ပါးအမျိုးသားတို့ကို ပြည်၌ဖွားမြင်သော ဣသရေလအမျိုးသားကဲ့သို့ မှတ်ရမည်။ သူတို့သည် ဣသရေလအမျိုးသားတို့နှင့် အတူ မြေကို အမွေခံရကြလိမ့်မည်။
သင်တို့ထံမှာတည်းခိုသော တစ်ပါးအမျိုးသားသည် ထာဝရဘုရားအဖို့ ပသခါပွဲကိုခံခြင်းငှာ အလိုရှိလျှင်၊ စီရင်ထုံးဖွဲ့၍ ခံရသောထုံးစံအတိုင်း ပွဲခံရမည်။ သင်တို့တွင် တည်းခိုသော တစ်ပါးအမျိုးသားဖြစ်သောသူ၊ အမျိုးသားချင်းဖြစ်သောသူတို့သည် ထုံးစံတစ်ပါးတည်းသာ ရှိရကြမည်ဟု မိန့်တော်မူ၏။