Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 12:38

Judson Bible

အ​မျိုး​မျိုး​သော​လူ​အ​များ​တို့​သည်​လည်း၊ သိုး​နွား​အ​စ​ရှိ​သော များ​စွာ​သော​တိ​ရ​စ္ဆာန်​တို့​နှင့်​တ​ကွ လိုက်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ထို​တ​ရား​ကို ကြား​သော​အ​ခါ၊ အ​မျိုး​မ​စစ်​သော​သူ ရှိ​သ​မျှ​တို့​ကို ဣ​သ​ရေ​လ​အ​မျိုး​မှ ပယ်​ရှား​ကြ၏။

မော​ရှေ​က၊ အ​ကျွန်ုပ်​တို့​သည် သူ​ငယ်၊ သူ​အို၊ သား​သ​မီး၊ သိုး၊ နွား​ပါ​လျက် သွား​ပါ​မည်။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌​ပွဲ​ခံ​ရ​ပါ​မည်​ဟု ပြန်​ဆို​လေ​သော်၊

လူ​များ​တို့​သည်​ရေ​ငတ်၍ မော​ရှေ​ကို အ​ပြစ်​တင်​မြည်​တမ်း​လျက်၊ ငါ​တို့​မှ​စ၍ သား​သ​မီး​တိ​ရ​စ္ဆာန်​တို့​ကို အ​ငတ်​ထား၍ သတ်​ခြင်း​အ​လို​ငှာ၊ အဲ​ဂု​တ္တု​ပြည်​မှ အ​ဘယ်​ကြောင့်​ဆောင်​ခဲ့​သ​နည်း​ဟု ဆို​ကြ​၏။

အဲ​ဂု​တ္တု​လူ​နှင့် ဣ​သ​ရေ​လ​မိန်း​မ​ရ၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့်​အ​တူ လိုက်​လာ​သော​သား​တစ်​ယောက်​သည်၊ တပ်​ထဲ​မှာ ဣ​သ​ရေ​လ​လူ​နှင့် ရန်​တွေ့​သ​ဖြင့်၊

ထို​ကာ​လ၌ ဘာ​သာ​အ​သီး​အ​သီး​ကို ပြော​တတ်​သော လူ​အ​မျိုး​မျိုး​တို့​တွင် တစ်​ကျိပ်​သော လူ​တို့​သည် ယု​ဒ​လူ​ဖြစ်​သော သူ၏​အ​ဝတ်​စွန်း​ကို​ကိုင်​လျက်၊ ဘု​ရား​သ​ခင်​သည် သင်​နှင့်​အ​တူ ရှိ​တော်​မူ​သည်​ဟု အ​ကျွန်ုပ်​တို့​သည် ကြား​သိ၍၊ သင်​တို့​နှင့်​အ​တူ လိုက်​ပါ​မည်​ဟု ဆို​ကြ​လိမ့်​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် ရော​နှော​လျက်​ပါ​သော တစ်​ပါး​အ​မျိုး​သား​တို့​သည် တောင့်​တ​သော​စိတ်​စွဲ​လမ်း​ကြ၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​လည်း တစ်​ဖန်​ငို​ကြွေး​လျက် ငါ​တို့​စား​စ​ရာ​ဖို့ အ​မဲ​သား​ကို အ​ဘယ်​သူ​ပေး​လိမ့်​မည်​နည်း။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က​လည်း၊ မင်း​လမ်း​သို့​သာ လျှောက်​လိုက်​ပါ​မည်။ ကိုယ်​တိုင်​မှ​စ၍ တိ​ရ​စ္ဆာန်​တို့​သည် ကိုယ်​တော့်​ရေ​ကို​သောက်​လျှင် အ​ဖိုး​ကို​ပေး​ပါ​မည်။ အ​ခြား​သော​အ​မှု​ကို​မ​ပြု​ဘဲ၊ ခြေ​ဖြင့်​သွား​ရုံ​မျှ​သာ​ပြု​ပါ​မည်​ဟု ဆို​သော်​လည်း၊

ရု​ဗင်​အ​မျိုး​သား​နှင့် ဂဒ်​အ​မျိုး​သား​တို့​သည် အ​လွန်​များ​ပြား​သော တိ​ရ​စ္ဆာန်​တို့​နှင့် ကြွယ်​ဝ​သည်​ဖြစ်၍၊ ယာ​ဇာ​ပြည်၊ ဂိ​လဒ်​ပြည်​တို့၌ တိ​ရ​စ္ဆာန်​ကျက်​စား​စ​ရာ​ဖို့ ကောင်း​သည်​ကို​မြင်​ကြ​လျှင်၊

ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အား ချမ်း​သာ​ပေး​တော်​မူ​သည်​နည်း​တူ၊ ညီ​အစ်​ကို​တို့​အား ပေး​တော်​မ​မူ​မီ​တိုင်​အောင်​လည်း​ကောင်း၊ ယော်​ဒန်​မြစ်​တစ်​ဖက်၌ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​မြေ​ကို သူ​တို့​သည် မ​သိမ်း​မ​ယူ​မီ​တိုင်​အောင်​လည်း​ကောင်း၊ သင်​တို့​မ​ယား၊ သား​သူ​ငယ်​များ၊ တိ​ရ​စ္ဆာန်​များ​တို့​သည် ငါ​ပေး​သော​မြို့​တို့၌ နေ​ရ​ကြ​မည်။ သင်​တို့​တွင် တိ​ရ​စ္ဆာန်​များ​စွာ​ရှိ​သည်​ကို ငါ​သိ၏။ အ​မှု​ပြီး​မှ ငါ​ပေး​နှင့်​သည်​အ​တိုင်း၊ သင်​တို့​ရှိ​သ​မျှ​သည် အ​သီး​အ​သီး ပိုင်​ထိုက်​သော​မြေ​သို့ ပြန်​လာ​ရ​ကြ​မည်​ဟု သင်​တို့​အား​ငါ​မှာ​ထား၏။

ယော​ရှု​သည် မော​ရှေ​မှာ​ထား​သော စ​ကား​တစ်​ခွန်း​ကို​မျှ မ​ချန်​မ​ထား၊ မိန်း​မ၊ သူ​ငယ်၊ တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​ပါ​သော ဣ​သ​ရေ​လ​အ​မျိုး​သား ပ​ရိသတ်​အ​ပေါင်း​တို့​ရှေ့​မှာ အ​ကုန်​အ​စင်​ဖတ်​ရွတ်​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ