ထိုလူတို့သည် တဆေးမရောသေးသောမုန့်စိမ်းကိုယူ၍ မုန့်နယ်သောခွက်တို့ကိုလည်း အဝတ်နှင့်တကွထုပ်၍ထမ်းကြ၏။
တဆေးမရောဘဲ အဲဂုတ္တုပြည်မှဆောင်ခဲ့သော မုန့်စိမ်းကိုယူ၍၊ တဆေးမပါသောမုန့်ကိုဖုတ်ရကြ၏။ အကြောင်းမူကား၊ အဲဂုတ္တုပြည်၌ မနွှဲမဖင့် အနှင်ခံရသောကြောင့်၊ ကိုယ်စားစရာကိုမပြင်မီကြ။
မြစ်သည်လည်းများစွာသော ဖားတို့ကိုဖွား၍၊ သူတို့သည်သင်၏အိမ်၌လည်းကောင်း၊ အိပ်ခန်း၌လည်းကောင်း၊ အိပ်ရာပေါ်၌လည်းကောင်း၊ သင်၏ကျွန်တို့အိမ်၌လည်းကောင်း၊ သင်၏လူတို့အပေါ်၌လည်းကောင်း၊ သင်၏မီးဖို၌လည်းကောင်း၊ မုန့်နယ်သောခွက်၌လည်းကောင်း တက်ကြလိမ့်မည်။
အခြားသောဥပမာစကားကို မိန့်မြွက်တော်မူသည်ကား၊ ကောင်းကင်နိုင်ငံတော်သည် တဆေးနှင့်တူ၏။ မိန်းမသည် တဆေးကိုယူ၍ မုန့်ညက်သုံးတင်း၌ထည့်သဖြင့်၊ မုန့်ညက်ရှိသမျှကို ဖောင်းကြွစေတတ်သည်ဟု မိန့်တော်မူ၏။