Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 11:8

Judson Bible

ကိုယ်​တော်၏​ကျွန်​ဖြစ်​သော ဤ​လူ​အ​ပေါင်း​တို့​သည်​လည်း ကျွန်ုပ်​ထံ​သို့​လာ၍ ပျပ်​ဝပ်​လျက် ထွက်​သွား​ပါ။ ကိုယ်​တော်​နှင့် ကိုယ်​တော်​နောက်၌​လိုက်​သော လူ​အ​ပေါင်း​တို့ ထွက်​သွား​ကြ​ပါ​ဟု ပြော​ဆို​ပြီး​မှ ကျွန်ုပ်​ထွက်​သွား​ပါ​မည်​ဟု လျှောက်​ဆို​သ​ဖြင့်၊ အ​မျက်​ထွက်၍ ဖာ​ရော​ဘု​ရင်​ထံ​မှ​ထွက်​သွား​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

တစ်​ဖန် ဗင်္ဟာ​ဒဒ်​သည် စေ​လွှတ်၍၊ ရှ​မာ​ရိ​မြို့၌​ရှိ​သော မြေ​မှုန့်​သည် ငါ့​နောက်​သို့ လိုက်​သော​သူ​အ​ပေါင်း​တို့​တွင်၊ တစ်​ယောက်​တစ်​လက်​ဆုပ်​စီ စေ့​င​လောက်​လျှင်၊ ဘု​ရား​တို့​သည် ငါ၌​ထို​မျှ​မ​က​ပြု​ပါ​စေ​သော​ဟု မှာ​လိုက်​လေ​သော်၊

ထို​သို့ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်၊ ယု​ဒ​ရှင်​ဘု​ရင်၊ ဧ​ဒုံ​ရှင်​ဘု​ရင်​တို့​သည် ဝိုင်း၍ ခု​နစ်​ရက်​ခ​ရီး​သွား​ကြ၏။ ဗိုလ်​ခြေ​များ သောက်​စ​ရာ၊ ပါ​သော​တိ​ရ​စ္ဆာန်​များ သောက်​စ​ရာ​ရေ​မ​ရှိ။

ထို​သို့ အ​ပြစ်​တင်​မြည်​တမ်း​သော စ​ကား​ကို ငါ​သည်​ကြား​သော​အ​ခါ၊ အ​လွန်​ညှိုး​ငယ်​သော​စိတ်​ရှိ၍၊ ကိုယ်​အ​လို​အ​လျောက် ဆင်​ခြင်​ပြီး​မှ၊

အို​ထာ​ဝ​ရ​ဘု​ရား၊ အ​မျက်​တော်​ထွက်၍ အ​ကျွန်ုပ်​ကို​အ​ပြစ်​တင်​တော်​မ​မူ​ပါ​နှင့်။ ပြင်း​စွာ​အ​မျက်​ထွက်၍ ဆုံး​မ​တော်​မ​မူ​ပါ​နှင့်။

မော​ရှေ​က​လည်း၊ မိန့်​တော်​မူ​ချက်​သည် လျောက်​ပတ်​ပါ၏။ မျက်​နှာ​တော်​ကို နောက်​တစ်​ဖန်​မ​မြင်​ပါ​ဟု လျှောက်​ဆို၏။

ရှင်​ဘု​ရင်​တို့​သည် သင်၏​ဘ​ထွေး၊ မိ​ဖု​ရား​တို့​သည် သင့်​ကို မွေး​စား​သော​အ​မိ ဖြစ်​ကြ​လိမ့်​မည်။ သင့်​ရှေ့​မှာ ဦး​ညွှတ်​ပျပ်​ဝပ်၍၊ သင်၏​ခြေ၌ မြေ​မှုန့်​ကို လျက်​ကြ​လိမ့်​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို​လည်း​ကောင်း၊ ငါ့​ကို မျှော်​လင့်​သော​သူ​တို့​သည် ရှက်​ကြောက်​ခြင်း မ​ရှိ​ကြောင်း​ကို​လည်း​ကောင်း သင်​သိ​လိမ့်​မည်။

သင့်​ကို ညှဉ်း​ဆဲ​သော​သူ​တို့​ကို သူ​တို့၏​အ​သား​နှင့် ငါ​ကျွေး​မည်။ ချို​သော​စ​ပျစ်​ရည်​ကို သောက်​သ​ကဲ့​သို့၊ သူ​တို့​သည် မိ​မိ​အ​သွေး​ကို​ဝ​စွာ သောက်​ရ​ကြ​မည်။ သို့​ဖြစ်၍၊ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို ကယ်​တင်​သော​အ​ရှင်၊ သင့်​ကို ရွေး​နုတ်​သော​သ​ခင်၊ ယာ​ကုပ်​အ​မျိုး၌ တန်​ခိုး​ကြီး​သော​ဘု​ရား​ဖြစ်​ကြောင်း​ကို လူ​အ​ပေါင်း​တို့​သည် သိ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

ဝိ​ညာဉ်​တော်​သည် ငါ့​ကို​ချီ​သွား​တော်​မူ၍၊ ငါ​သည်​ခါး​သော​စိတ်၊ ပူ​ပန်​သော​စိတ်​နှင့် လိုက်​ရ၏။ ထာ​ဝ​ရ​ဘု​ရား၏​လက်​တော်​သည် ငါ့​အ​ပေါ်​မှာ လေး​လံ​စွာ​တင်​လျက်​ရှိ၏။

ထို​အ​ခါ နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ကြီး​သည် ပြင်း​စွာ အ​မျက်​ထွက်​သ​ဖြင့်၊ ရှာ​ဒ​ရက်၊ မေ​ရှက်၊ အ​ဗေ​ဒ​နေ​ဂေါ​တို့​ကို ကြည့်​ရှု၍ မျက်​နှာ​တော်​ပျက်​လျက်၊ မီး​ဖို​ကို အ​ရင်​ထက် ခု​နစ်​ဆ​တိုး၍ ပူ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊

မော​ရှေ​သည် မြေ​ကြီး​ပေါ်​မှာ​ရှိ​နေ​သော သူ​အ​ပေါင်း​တို့​ထက်​သာ၍ နူး​ညံ့​သိမ်​မွေ့​သော​သ​ဘော​ရှိ၏။

ထို​အ​ခါ အ​မျက်​တော်​နှင့် သူ​တို့​ကို ပတ်​လည်​ကြည့်​ရှု၍ သူ​တို့​စိတ်​နှ​လုံး မိုက်​သော​ကြောင့် ဝမ်း​နည်း​တော်​မူ​ခြင်း​ရှိ​လျက်၊ သင်၏​လက်​ကို​ဆန့်​လော့​ဟု ထို​သူ​အား မိန့်​တော်​မူ၍ သူ​သည် မိ​မိ​လက်​ကို​ဆန့်​လျှင်၊ ထို​လက်​သည် လက်​တစ်​ဖက်​ကဲ့​သို့ ပ​က​တိ​ဖြစ်​လေ၏။-

ထာ​ဝ​ရ​ဘု​ရား​သည် ဤ​ပြည်၌ အ​ဘယ်​ကြောင့် ဤ​သို့​ပြု​တော်​မူ​သ​နည်း။ ဤ​ပြင်း​စွာ​သော အ​မျက်​တော်​အ​ရှိန်​ကား၊ အ​ဘယ်​သို့​နည်း​ဟု လူ​အ​မျိုး​မျိုး​တို့​သည် မေး​မြန်း​ကြ​လျှင်၊

သူ​တို့​သည် မွတ်​သိပ်​ခြင်း​အ​ရှိန်​ကို​ခံ​ရ၍၊ ပူ​လောင်​ခြင်း​ဘေး၊ ပြင်း​စွာ​သော ဖျက်​ဆီး​ခြင်း​ဘေး​အား​ဖြင့် ဆုံး​ရှုံး​ကြ​လိမ့်​မည်။ သား​ရဲ​တို့၏​သွား​ကို​လည်း​ကောင်း၊ မြေ၌​ကျင်​လည်​သော မြွေ​အ​ဆိပ်​ကို​လည်း​ကောင်း၊ သူ​တို့၌ ငါ​စေ​လွှတ်​မည်။

ယုံ​ကြည်​ခြင်း​အား​ဖြင့် ရှင်​ဘု​ရင်​အ​မျက်​ကို မ​ကြောက်​ဘဲ၊ အဲ​ဂု​တ္တု​ပြည်​ကို စွန့်​သွား၏။ အ​ကြောင်း​မူ​ကား၊ မျက်​မြင်​မ​ရ​သော ဘု​ရား​သ​ခင်​ကို မြင်​ရ​ဘိ​သ​ကဲ့​သို့ တည်​ကြည်​ခြင်း​ရှိ၏။-

ငါ၏​နာ​မ​ကို​လည်း မ​စွန့်​မ​ပယ်။ ယု​ဒ​လူ ဖြစ်​ယောင်​ဆောင်၍ အ​မှန်​မ​ဟုတ်​ဘဲ၊ မု​သား​စ​ကား​ကို ပြော​သော​သူ​တည်း​ဟူ​သော၊ စာ​တန်၏ အ​ပေါင်း​အ​သင်း​ဝင်​သူ အ​ချို့​တို့​ကို သင်၌​ငါ​အပ်​ပေး​မည်။ သူ​တို့​သည်​လာ၍ သင်၏​ခြေ​ရင်း၌ ပျပ်​ဝပ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ငါ​သည် သင့်​ကို​ချစ်​သည်​ဟု သိ​စေ​ခြင်း​ငှာ​လည်း​ကောင်း ငါ​ပြု​မည်။-

ဗာ​ရက်​သည် နဿ​လိ​အ​မျိုး​သား၊ ဇာ​ဗု​လုန်​အ​မျိုး​သား​တို့​ကို ကေ​ဒေ​ရှ​မြို့​သို့​ခေါ်၍ လိုက်​သော​သူ တစ်​သောင်း​နှင့်​တ​ကွ ဒေ​ဗော​ရ​ပါ​လျက် တက်​လေ၏။

သု​ကုတ်​မြို့​သား​တို့​အား​လည်း၊ ငါ့​နောက်​လိုက်​သော​သူ​တို့​အား မုန့်​ကို ပေး​ကြ​ပါ​လော့။ သူ​တို့​သည် ပင်​ပန်း​ကြ​ပြီ။ ငါ​သည် မိ​ဒျန်​မင်း​ကြီး ဇေ​ဘ​ဟ​နှင့်​ဇာ​လ​မု​န္န​ကို ယ​ခု​လိုက်​ရှာ​ပါ၏​ဟု တောင်း​သော်​လည်း၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ