Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 10:27

Judson Bible

ထာ​ဝ​ရ​ဘု​ရား​သည် ဖာ​ရော​ဘု​ရင်၏ နှ​လုံး​ကို​ခိုင်​မာ​စေ​တော်​မူ​သ​ဖြင့်၊ သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​မ​လွှတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် ဖာ​ရော​ဘု​ရင်​ထံ​သို့​ဝင်​လော့။ ငါ​သည် ဤ​နိ​မိတ်​တို့​ကို သူ​ရှေ့၌​ပြ​ခြင်း​ငှာ​လည်း​ကောင်း၊

သို့​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ဖာ​ရော​ဘု​ရင်၏​နှ​လုံး​ကို ခိုင်​မာ​စေ​တော်​မူ​သ​ဖြင့်၊ သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို မ​လွှတ်​ဘဲ​နေ​ပြန်​လေ၏။

မော​ရှေ​နှင့် အာ​ရုန်​တို့​သည် ဖာ​ရော​ဘု​ရင်​ရှေ့​မှာ ဤ​အံ့​ဖွယ်​သော အ​မှု​အ​လုံး​စုံ​တို့​ကို​ပြု​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ဖာ​ရော​ဘု​ရင်၏​နှ​လုံး​ကို ခိုင်​မာ​စေ​တော်​မူ​သ​ဖြင့်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ပြည်​တော်​မှ ထွက်​သွား​ရ​သော​အ​ခွင့်​ကို မ​ပေး​ဘဲ​နေ​သ​တည်း။

ငါ​သည်​လည်း၊ ဖာ​ရော​ဘု​ရင်၏​နှ​လုံး​ကို​ခိုင်​မာ​စေ​၍၊ သူ​သည် ဣ​သ​ရေ​လ​တို့​ကို လိုက်​လိမ့်​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို အဲ​ဂု​တ္တု​လူ​တို့​သည် သိ​စေ​ခြင်း​ငှာ၊ ထို​မင်း​နှင့် သူ​၏​စစ်​သူ​ရဲ​အ​လုံး​အ​ရင်း​အား​ဖြင့် ငါ့​ဘုန်း​ပွင့်​လိမ့်​မည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ​သည်​အ​တိုင်း၊ ထို​သူ​တို့​သည် ပြု​ကြ​၏။

ထာ​ဝ​ရ​ဘု​ရား​သည်၊ ဖာ​ရော​ဘု​ရင်၏​နှ​လုံး​ကို ခိုင်​မာ​စေ​တော်​မူ​သ​ဖြင့်၊ သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​လိုက်​လေ၏။ သို့​သော်​လည်း၊ ဣ​သ​ရေ​လ​လူ​တို့​သည် ဝါ​ကြွား​သော​အ​ခြင်း​အ​ရာ​နှင့် ထွက်​သွား​ကြ​၏။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်​သည် အဲ​ဂု​တ္တု​ပြည်​သို့​သွား၍​ရောက်​လျှင်၊ သင်၌ ငါ​အပ်​သော အံ့​ဖွယ်​သော​အ​မှု​အ​လုံး​စုံ​တို့​ကို ဖာ​ရော​ဘု​ရင်​ရှေ့​မှာ​ပြ​လော့။ ထို​သို့​ပြ​သော်​လည်း သူ၏​နှ​လုံး​ကို​ငါ​ခိုင်​မာ​စေ၍၊ သူ​သည် ဣ​သ​ရေ​လ​လူ​တို့​ကို မ​လွှတ်​ဘဲ​နေ​လိမ့်​မည်။

ထို​သို့​နှင့်​အ​ညီ၊ ကျေး​ဇူး​ပြု​လို​သော​သူ​ကို ကျေး​ဇူး​ပြု​တော်​မူ၏။ ခိုင်​မာ​စေ​လို​သော သူ​ကို​လည်း ခိုင်​မာ​စေ​တော်​မူ၏။

ထို​ဘေး​ဒဏ်​ကြောင့် မ​သေ​ဘဲ ကြွင်း​သော​လူ​တို့​သည် နတ်​တို့​ကို​လည်း​ကောင်း၊ မ​မြင်​နိုင်၊ မ​ကြား​နိုင်၊ မ​သွား​လာ​နိုင်​သော ရွှေ​ရုပ်​တု၊ ငွေ​ရုပ်​တု၊ ကြေး​နီ​ရုပ်​တု၊ ကျောက်​ရုပ်​တု၊ သစ်​သား​ရုပ်​တု​တို့​ကို​လည်း​ကောင်း မ​ကိုး​ကွယ်​ဘဲ နေ​ခြင်း​ငှာ၊ ကိုယ်​လက်​နှင့် လုပ်​သော အ​ရာ​များ​ကို နောင်​တ​မ​ရ​ဘဲ​နေ​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ