Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 10:25

Judson Bible

မော​ရှေ​က​လည်း၊ ကျွန်ုပ်​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား ယဇ်​ပူ​ဇော်​စ​ရာ​ဖို့ ယဇ်​ကောင်​များ၊ မီး​ရှို့​ရာ​ပူ​ဇော်​သ​ကာ​များ​ကို ကိုယ်​တော်​ပေး​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

နော​ဧ​သည်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ယဇ်​ပ​လ္လင်​ကို​တည်​ပြီး​မှ စင်​ကြယ်​သော​သား၊ စင်​ကြယ်​သော​ငှက်​အ​မျိုး​မျိုး​ထဲ​က​ယူ၍၊ ယဇ်​ပ​လ္လင်​ပေါ်​မှာ မီး​ရှို့​သော​ယဇ်​ကို ပူ​ဇော်​လေ၏။

ထို​အ​ခါ ဖာ​ရော​ဘု​ရင်​သည် မော​ရှေ​နှင့် အာ​ရုန်​ကို​ခေါ်၍ ထာ​ဝ​ရ​ဘု​ရား​အား ဝတ်​ပြု​ခြင်း​ငှာ​သွား​ကြ​လော့။ သို့​ရာ​တွင် သိုး​နွား​များ​ကို​ထား​ခဲ့​ကြ​စေ။ သူ​ငယ်​များ​ကို ခေါ်​ကြ​စေ​ဟု မိန့်​တော်​မူ​၏။

ကျွန်ုပ်​တို့​သည် တိ​ရ​စ္ဆာန်​များ​ကို​ဆောင်​သွား​ရ​မည်။ တစ်​ကောင်​မျှ မ​ကျန်​ရစ်​ရ။ အ​ကြောင်း​မူ​ကား၊ သူ​တို့​အ​ထဲ​က ကျွန်ုပ်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား ဝတ်​ပြု​စ​ရာ​ဖို့ ရွေး​ယူ​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​အား အ​ဘယ်​မည်​သော​အ​ကောင်​နှင့် ဝတ်​ပြု​ရ​မည်​ကို ထို​အ​ရပ်​သို့​မ​ရောက်​မီ မ​သိ​ပါ​ဟု​ဆို​လေ​သော်၊

ငါ့​အ​ဖို့​မြေ​ယဇ်​ပ​လ္လင်​ကို တည်​ရ​မည်။ ထို​ပ​လ္လင်​ပေါ်​မှာ သင်၏​မီး​ရှို့​သော​ယဇ်၊ မိတ်​သ​ဟာ​ယ​ယဇ် တည်း​ဟူ​သော သင်၏​သိုး​နွား​တို့​ကို ယဇ်​ပူ​ဇော်​ရ​မည်။ ငါ့​အ​ခွင့်​ရှိ၍၊ ငါ့​နာ​မ​ကို ကိုး​ကွယ်​ရာ​အ​ရပ်​ခပ်​သိမ်း​တို့၌၊ သင့်​ဆီ​သို့​ငါ​ကြွ​လာ၍ ကောင်း​ချီး​ပေး​မည်။

ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ စာ​ရေး​တံ​ကျ​သော​ဆိတ်​ကို​ဆောင်​ခဲ့၍ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ ပူ​ဇော်​ရ​မည်။

အာ​ရုန်​သည် မိ​မိ​လက်​ကို လူ​များ​ရှေ့​သို့​ချီ​လျက်၊ ကောင်း​ချီး​ပေး၍၊ အ​ပြစ်​ဖြေ​ရာ​ယဇ်၊ မီး​ရှို့​ရာ​ယဇ်၊ မိတ်​သ​ဟာ​ယ​ယဇ်​ကို ပူ​ဇော်​ရာ​မှ​ဆင်း​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ