Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 10:21

Judson Bible

တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​က၊ အဲ​ဂု​တ္တု​ပြည်​တစ်​လျှောက်​လုံး၌ မှောင်​မိုက် သာ​မ​ည​မ​ဟုတ်၊ စမ်း​သပ်၍​တွေ့​ရ​သော မှောင်​မိုက်​ဖြစ်​စေ​ခြင်း​ငှာ၊ သင်၏​လက်​ကို မိုး​ကောင်း​ကင်​သို့​ဆန့်​လော့​ဟု မော​ရှေ​အား​မိန့်​တော်​မူ​သည်​အ​တိုင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

23 ပူးပေါင်းရင်းမြစ်များ  

ထို​သူ​တို့​သည် နေ့​အ​ချိန်၌ မှောင်​မိုက်​ကို​တွေ့၍၊ ည​အ​ချိန်၌​ကဲ့​သို့ မွန်း​တည့်​အ​ချိန်၌ စမ်း​သပ်​လျက် သွား​လာ​ကြ၏။

မှောင်​မိုက်​ကို​စေ​လွှတ်၍၊ မိုက်​မဲ​စေ​တော်​မူ၏။ သူ​တို့​သည် နှုတ်​က​ပတ်​တော်​ကို ဆန့်​ကျင်​ဘက်​မ​ပြု​ရ​ကြ။

သူ​တို့​သွား​သော​လမ်း​သည် မိုက်​သော​လမ်း၊ ချော​သော​လမ်း ဖြစ်​ပါ​စေ​သော။ ထာ​ဝ​ရ​ဘု​ရား၏ တ​မန်​သည်​လည်း သူ​တို့​ကို လိုက်​ပါ​စေ​သော။

အ​မျက်​တော်​အ​ရှိန်​အား​ဖြင့် သူ​တို့၌ ဆိုး​သော​တ​မန်​တို့​ကို​စေ​လွှတ်၍ လွှမ်း​မိုး​ခြင်း၊ ဒဏ်​ခတ်​ခြင်း၊ နှောင့်​ယှက်​ခြင်း​အ​မှု​ကို ဖြစ်​စေ​တော်​မူ၏။

တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​ကို​မိန့်​တော်​မူ​ပြန်​သည်​ကား၊ အာ​ရုန်​အား သင်၏​လှံ​တံ​ကို​ယူ၍ အဲ​ဂု​တ္တု​ပြည်၌​ရှိ​သော​ချောင်း​ရေ၊ မြစ်​ရေ၊ အိုင်​အင်း​ရေ၊ ကန်​ရေ၊ တွင်း​ရေ​ရှိ​သ​မျှ​အ​ပေါ်​မှာ လက်​ကို​ဆန့်​လော့။ ထို​ရေ​ရှိ​သ​မျှ​တို့​သည် အ​သွေး​ဖြစ်​လိမ့်​မည်။ အဲ​ဂု​တ္တု​ပြည်​တစ်​လျှောက်​လုံး၊ သစ်​ခွက်၊ ကျောက်​အိုး၌​မျှ​မ​ကြွင်း အ​သွေး​ရှိ​လိမ့်​မည်​အ​ကြောင်း​ကို​ပြော​လော့​ဟု မိန့်​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ အဲ​ဂု​တ္တု​ပြည်​တစ်​လျှောက်​လုံး၌ လူ​တို့​အ​ပေါ်​မှာ​လည်း​ကောင်း၊ တိ​ရ​စ္ဆာန်​တို့​အ​ပေါ်​မှာ​လည်း​ကောင်း၊ လယ်​ပြင်၌​ရှိ​လေ​သ​မျှ​သော​အ​ပင်​များ​အ​ပေါ်​မှာ​လည်း​ကောင်း၊ မိုး​သီး​ရွာ​စေ​ခြင်း​ငှာ၊ သင်၏​လက်​ကို မိုး​ကောင်း​ကင်​သို့​ဆန့်​လော့​ဟု မော​ရှေ​အား မိန့်​တော်​မူ၏။

မ​တ​ရား​သော​သူ​တို့၏​လမ်း​မူ​ကား၊ မှောင်​မိုက်​ကဲ့​သို့​ဖြစ်၍၊ သူ​တို့​သည် လဲ​သော​အ​ခါ၊ အ​ဘယ်​အ​ရာ​ကို တိုက်​မိ​သည်​ဟု မ​သိ​ရ​ကြ။

ပ​ညာ​ရှိ​သော​သူ၏​မျက်​စိ​တို့​သည် သူ၏​ဦး​ခေါင်း၌ ရှိ၏။ မိုက်​သော​သူ​မူ​ကား၊ မှောင်​မိုက်၌ ကျင်​လည်​တတ်၏။ သို့​သော်​လည်း ထို​သူ​အ​ပေါင်း​တို့​သည် တစ်​ခု​တည်း​သော​အ​မှု​နှင့် တွေ့​ကြုံ​တတ်​သည်​ကို ငါ​ရိပ်​မိ၏။

အ​ကြောင်း​မူ​ကား၊ ပျက်​သော​ကိုယ်​ဝန်​သည် အ​ချည်း​နှီး​ပေါ်​လာ၏။ မှောင်​မိုက်​ထဲ​မှာ ထွက်​သွား၏။ သူ့​အ​မည်​ကား၊ မှောင်​မိုက်​နှင့်​ဖုံး​လွှမ်း​လျက် ရှိ​လိမ့်​မည်။

သင့်​ကို ငါ​ဆုံး​စေ​သော​အ​ခါ မိုး​ကောင်း​ကင်​ကို ငါ​ဖုံး​လွှမ်း၍ ကြယ်​တို့​ကို မိုက်​စေ​မည်။ နေ​ကို​မိုး​အုံ့​စေ​၍ လ​သည်​လည်း အ​လင်း​ကို မ​ပေး​ရ။

မွန်း​တည့်​အ​ချိန်​မှ​စ၍ သုံး​ချက်​တီး​အ​ချိန်​တိုင်​အောင် မြေ​တစ်​ပြင်​လုံး၌ မှောင်​မိုက်​အ​တိ ဖြစ်​လေ၏။-

မွန်း​တည့်​အ​ချိန်​မှ​စ၍ သုံး​ချက်​တီး​အ​ချိန်​တိုင်​အောင် မြေ​တစ်​ပြင်​လုံး၌ မှောင်​မိုက်​အ​တိ ဖြစ်​လေ၏။-

ထို​အ​ချိန်​သည် မွန်း​တည့်​အ​ချိန်​လောက်​ဖြစ်၍ သုံး​ချက်​တီး​အ​ချိန်​တိုင်​အောင် မြေ​တစ်​ပြင်​လုံး၌ မှောင်​မိုက်​အ​တိ​ဖြစ်​လေ၏။-

သင်​တို့​ရှေ့​မှာ​ကြွ​တော်​မူ​သော သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​မျက်​မှောက်၊ အဲ​ဂု​တ္တု​ပြည်၌​လည်း​ကောင်း၊

မျက်​စိ​ကန်း​သော​သူ​သည် မှောင်​မိုက်၌ စမ်း​သပ်​ရ​သ​ကဲ့​သို့၊ သင်​သည် မွန်း​တည့်​အ​ချိန်၌​ပင် စမ်း​သပ်​ရ​လိမ့်​မည်။ သင်​ပြု​သော​အ​မှု၌ မ​အောင်​ဘဲ ညှဉ်း​ဆဲ​ခြင်း၊ လု​ယူ​ခြင်း​ကို​သာ ခံ​ရ​လိမ့်​မည်။ အ​ဘယ်​သူ​မျှ မ​ကယ်​တင်​ရ။

သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ အဲ​ဂု​တ္တု​ပြည်​မှာ သင်​တို့​မျက်​မှောက်၌ ပြု​တော်​မူ​သ​ကဲ့​သို့၊ စုံ​စမ်း​ခြင်း​နိ​မိတ်​လ​က္ခ​ဏာ​နှင့် အံ့​ဖွယ်​သော​အ​မှု​တို့​ကို​ပြ​ခြင်း၊ စစ်​မှု​ကို​ရောက်​စေ​ခြင်း၊ အား​ကြီး​သော​လက်​ရုံး​တော်​ကို​ဆန့်​ခြင်း၊ ကြောက်​မက်​ဖွယ်​သော​ရူ​ပါ​ရုံ​တို့​ကို ပြ​ခြင်း​အား​ဖြင့်၊ အ​ခြား​တစ်​ပါး​သော​ဘု​ရား​သည်​သွား၍ လူ​တစ်​မျိုး​ထဲ​က​တစ်​မျိုး​ကို မိ​မိ​အ​ဖို့ နုတ်​ယူ​ဖူး​သ​လော။

ထို​သူ​တို့​သည် ရေ​မ​ရှိ​သော ရေ​တွင်း​ကဲ့​သို့​လည်း​ကောင်း၊ လေ​တိုက်၍ လွင့်​သော​မိုး​တိမ်​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ကြ၏။ သူ​တို့​အ​ဖို့ တစ်​ခဲ​နက်​သော ထာ​ဝ​ရ​မှောင်​မိုက်​ကို သို​ထား​လျက်​ရှိ၏။-

အ​ကြောင်း​မူ​ကား၊ ပြစ်​မှား​သော ကောင်း​ကင်​တ​မန်​တို့​ကို ဘု​ရား​သ​ခင်​သည် နှ​မြော​တော်​မ​မူ၊ င​ရဲ​ထဲ​သို့ ချ​လိုက်​ပြီး​မှ စစ်​ကြော​စီ​ရင်​ခြင်း​အ​လို့​ငှာ ချုပ်​ထား၍၊ မှောင်​မိုက်​သံ​ကြိုး​နှင့် ချည်​နှောင်​တော်​မူ၏။-

မိ​မိ​ရှက်​ခြင်း​အ​ကြောင်း​ကို ပွက်​စေ​တတ်​သော လှိုင်း​တံ​ပိုး​ရိုင်း​ကဲ့​သို့​လည်း​ကောင်း၊ ကြယ်​ပျံ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ကြ၏။ ထို​ကြယ်​ပျံ​တို့​အ​ဖို့ တစ်​ခဲ​နက်​သော ထာ​ဝ​ရ​မှောင်​မိုက်​ကို သို​ထား​လျက်​ရှိ၏။

ထို​မှ​တစ်​ပါး၊ မိ​မိ​တို့​အ​ခွင့်​အ​ရာ​ကို မ​စောင့်၊ မိ​မိ​တို့ နေ​ရာ​အ​ရပ်​ကို စွန့်​ပစ်​သော ကောင်း​ကင်​တ​မန်​တို့​ကို၊ ကြီး​စွာ​သော​နေ့၌ စစ်​ကြော​စီ​ရင်​ခြင်း​အ​လို​ငှာ၊ ထာ​ဝ​ရ​ချည်​နှောင်​ခြင်း​အား​ဖြင့် မှောင်​မိုက်​ထဲ​မှာ ချုပ်​ထား​တော်​မူ၏။-

စ​တု​တ္ထ​ကောင်း​ကင်​တ​မန်​သည် တံ​ပိုး​မှုတ်​သော​အ​ခါ၊ နေ​သုံး​စု​တစ်​စု၊ လ​သုံး​စု​တစ်​စု၊ ကြယ်​သုံး​စု​တစ်​စု​ကြတ်၍ သုံး​စု​တစ်​စု မိုက်​လေ၏။ နေ့​သုံး​စု​တစ်​စု၊ ည​သုံး​စု​တစ်​စု​သည် အ​လင်း​မ​ရှိ၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ