Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 10:17

Judson Bible

သို့​ဖြစ်၍ သည်​တစ်​ခါ ငါ့​အ​ပြစ်​ကို​သည်း​ခံ​ပါ​လော့။ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ ဤ​သေ​ဘေး​တစ်​ခု​ကို​သာ ငါ​မှ​ပယ်​ရှား​ပါ​မည်​အ​ကြောင်း တောင်း​ပန်​ပါ​ဟု​ဆို​သည်​ရှိ​သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ရှင်​ဘု​ရင်​က​လည်း၊ ငါ့​လက်၌ ရောက်​သော​ရော​ဂါ​ကို ပျောက်​စေ​မည်​အ​ကြောင်း၊ ငါ့​အ​တွက်​ပ​တ္ထ​နာ​ပြု၍ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ တောင်း​ပန်​ပါ​လော့​ဟု ဘု​ရား​သ​ခင်၏​လူ​ကို​ပြော​ဆို၏။ ဘု​ရား​သ​ခင်၏​လူ​သည် ထာ​ဝ​ရ​ဘု​ရား​ကို တောင်း​ပန်​သ​ဖြင့်၊ ရှင်​ဘု​ရင်​လက်​သည် ရော​ဂါ​ပျောက်၍ ပ​က​တိ​အ​တိုင်း​ဖြစ်​လေ၏။

ထို​ဘူး​မျိုး​ကို​မ​သိ​ဘဲ ဟင်း​အိုး​ထဲ​သို့​ခတ်​လေ၏။ ဟင်း​အိုး​စား​အံ့​ဟု လောင်း​ပြီး​မှ ဝိုင်း၍​စား​ကြ​စဉ်​တွင်၊ အို​ဘု​ရား​သ​ခင်၏​လူ၊ အိုး​ထဲ၌ သေ​ဘေး​ရှိ​ပါ​သည်​ဟု အော်​ဟစ်၍ မ​စား​နိုင်​ဘဲ​နေ​ကြ၏။

ဖာ​ရော​ဘု​ရင်​က​လည်း၊ သင်​တို့၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား၊ တော၌ ယဇ်​ပူ​ဇော်​မည်​အ​ကြောင်း၊ သွား​ရ​သော​အ​ခွင့်​ကို​ငါ​ပေး​မည်။ သို့​ရာ​တွင် ဝေး​ဝေး​မ​သွား​ရ​ကြ။ ငါ့​အ​ဖို့​တောင်း​ပန်​လော့​ဟု မိန့်​တော်​မူ၏။

သင်​မှ​စ၍ သင်၏​လူ၊ သင်၏​ကျွန်​ရှိ​သ​မျှ​တို့​အ​ပေါ်၌ တက်​ကြ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​အ​ကြောင်း​ကို ကြား​ပြော​လော့​ဟု မော​ရှေ​အား မိန့်​တော်​မူ​၏။

ထို​အ​ခါ​ဖာ​ရော​မင်း​သည်၊ မော​ရှေ​နှင့်​အာ​ရုန်​ကို​ခေါ်၍၊ ထာ​ဝ​ရ​ဘု​ရား​သည် ဖား​တို့​ကို​ငါ​နှင့် ငါ့​လူ​တို့​ထံ​မှ​ပယ်​ရှား​တော်​မူ​မည်​အ​ကြောင်း တောင်း​ပန်​လော့။ ဣ​သ​ရေ​လ​လူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား ယဇ်​ပူ​ဇော်​ရ​သော​အ​ခွင့်​ကို ငါ​ပေး​မည်​ဟု​ဆို၏။

ထို​အ​ခါ ဖာ​ရော​ဘု​ရင်​သည်​လူ​ကို​စေ​လွှတ်၍၊ မော​ရှေ​နှင့်​အာ​ရုန်​ကို ခေါ်​ပြီး​လျှင်၊ ဤ​အ​မှု၌​ငါ​ပြစ်​မှား​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည် ဖြောင့်​မတ်​တော်​မူ၏။ ငါ​နှင့် ငါ၏​လူ​တို့​သည် အ​ပြစ်​များ​ပါ၏။

တန်​ပါ​ပြီ။ အား​ကြီး​သော​မိုး​ကြိုး​နှင့် မိုး​သီး​စဲ​မည်​အ​ကြောင်း၊ ထာ​ဝ​ရ​ဘု​ရား​ကို​တောင်း​ပန်​ပါ။ သင်​တို့​ကို​ငါ​မ​ဆီး​မ​တား အ​လျင်​အ​မြန်​လွှတ်​မည်​ဟု ဆို​လေ၏။

အို ထာ​ဝ​ရ​ဘု​ရား၊ သူ​တို့​သည် ဆင်း​ရဲ​ခံ​ရ​သော​အ​ခါ၊ ကိုယ်​တော်၌ ဆည်း​ကပ်​ကြ​ပါ​ပြီ။ ဆုံး​မ​တော်​မူ​သော​အ​ခါ၊ ဆု​တောင်း​ပ​တ္ထ​နာ​စ​ကား​ကို သွန်း​လောင်း​ကြ​ပါ​ပြီ။

ထို​ကြောင့် လူ​များ​တို့​သည် မော​ရှေ​ထံ​သို့​လာ၍ အ​ကျွန်ုပ်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​နှင့် ကိုယ်​တော်​ကို​ဆန့်​ကျင်​လျက် ပြော​ဆို၍​ပြစ်​မှား​ပါ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည် မြွေ​များ​ကို အ​ကျွန်ုပ်​တို့​မှ ပယ်​ရှား​တော်​မူ​မည်​အ​ကြောင်း ဆု​တောင်း​ပါ​ဟု​လျှောက်​လျှင်၊ မော​ရှေ​သည် လူ​များ​အ​ဖို့ ဆု​တောင်း​လေ၏။

ရှိ​မုန်​က​လည်း၊ မိန့်​တော်​မူ​သော​အ​ရာ တစ်​စုံ​တစ်​ခု​မျှ အ​ကျွန်ုပ်​အ​ပေါ်​သို့ မ​ရောက်​ပါ​မည်​အ​ကြောင်း၊ ထာ​ဝ​ရ​ဘု​ရား​ကို အ​ကျွန်ုပ်​အ​ဖို့ အ​လို​ငှာ ဆု​တောင်း​တော်​မူ​ကြ​ပါ​ဟု ပြန်​ပြော၏။-

ငါ​သည် ဘု​ရား​သ​ခင်၏ အ​လို​တော်​အ​တိုင်း ဝမ်း​မြောက်​သော​စိတ်​နှင့် သင်​တို့​ရှိ​ရာ​သို့ ရောက်၍ သင်​တို့​နှင့်​အ​တူ သက်​သာ​ခြင်း​ကို ခံ​စား​လို​သော​ငှာ၊ ယု​ဒ​ပြည်၌ ငြင်း​ဆန်​သော​သူ​တို့​လက်​မှ ငါ​လွတ်​မည်​အ​ကြောင်း၊ ယေ​ရု​ရှ​လင်​မြို့​အား ငါ​လုပ်​ကျွေး​ခြင်း​အ​မှု​ကို သန့်​ရှင်း​သူ​တို့​သည် နှစ်​သက်​မည်​အ​ကြောင်း၊ ညီ​အစ်​ကို​တို့၊ သင်​တို့​သည် ငါ​နှင့်​အ​တူ ကြိုး​စား​အား​ထုတ်၍ ငါ့​အ​ဖို့​အ​လို​ငှာ ဘု​ရား​သ​ခင်​ကို ဆု​တောင်း​ပ​တ္ထ​နာ​ပြု​ကြ​လော့​ဟု ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​နှင့် ဝိ​ညာဉ်​တော်၏ မေ​တ္တာ​က​ရု​ဏာ​ကို အ​ကြောင်း​ပြု၍ သင်​တို့​ကို ငါ​တိုက်​တွန်း​နှိုး​ဆော်​ပါ၏။-

ထို​ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို ထို​မျှ​လောက် ကြီး​စွာ​သော သေ​ဘေး​မှ ကယ်​လွှတ်​တော်​မူ​ပြီ။ ယ​ခု၌​လည်း ကယ်​လွှတ်​တော်​မူ​သေး၏။-

အ​ကျွန်ုပ်​အ​ပြစ်​ကို သည်း​ခံ​တော်​မူ​ပါ။ အ​ကျွန်ုပ်​သည် ကိုယ်​တော်၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​ကွယ်​မည်​အ​ကြောင်း၊ အ​ကျွန်ုပ်​နှင့်​အ​တူ ပြန်​လာ​ပါ​ဟု တောင်း​ပန်​သော်​လည်း၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ