Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 10:13

Judson Bible

မော​ရှေ​သည် မိ​မိ​လှံ​တံ​ကို​အဲ​ဂု​တ္တု​ပြည်​အ​ပေါ်​မှာ ဆန့်​သ​ဖြင့်၊ ထို​နေ့​နှင့် ထို​ည​ပတ်​လုံး၊ အ​ရှေ့​လေ​ကို မြေ​ပေါ်​မှာ ထာ​ဝ​ရ​ဘု​ရား​လာ​စေ​တော်​မူ၍၊ နံ​နက်​ရောက်​မှ အ​ရှေ့​လေ​သည် ကျိုင်း​တို့​ကို​ဆောင်​ခဲ့​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​မှ အ​လုံး​သေး၍ အ​ရှေ့​လေ​ဖြင့်​ပျက်​သော စ​ပါး​ခု​နစ်​နှံ​တို့​သည် ပေါက်​ကြ၏။

အ​မိန့်​တော်​ရှိ၍ မ​ရေ​တွက်​နိုင်​အောင်၊ အ​ရာ​ဘ​ကျိုင်း​နှင့် ယာ​လက်​ကျိုင်း​တို့​သည်​လာ၍၊

မီး​နှင့်​မိုး​သီး၊ မိုး​ပွင့်​နှင့်​အ​ခိုး​အ​ငွေ့၊ အ​မိန့်​တော်​ကို နား​ထောင်​သော လေ​ပြင်း​မုန်​တိုင်း၊

မိုး​ကောင်း​ကင်၌ အ​ရှေ့​လေ​ကို​ပယ်၍၊ အား​ကြီး​သော တောင်​လေ​ကို​ဆောင်​ခဲ့​သ​ဖြင့်၊

သူ​တို့၏​မြေ​အ​သီး​အ​နှံ​ကို ခါ​သိ​လ​ကျိုင်း​တို့​အား​လည်း​ကောင်း၊ သူ​တို့​လုပ်၍​ရ​သော​ဥ​စ္စာ​ကို အ​ရာ​ဘ​ကျိုင်း​တို့​အား​လည်း​ကောင်း ပေး​တော်​မူ၏။

မော​ရှေ​သည် ပင်​လယ်​ပေါ်​မှာ​လက်​ကို​ဆန့်၍၊ ထာ​ဝ​ရ​ဘု​ရား​သည် တစ်​ည​လုံး၌ အား​ကြီး​သော​အ​ရှေ့​လေ​အား​ဖြင့် ပင်​လယ်​ရေ​ကို​လှန်​ပြန်၍၊ မြေ​ကို ပေါ်​စေ​တော်​မူ​သည်​နှင့်၊ ရေ​သည်​ကွဲ​ပြတ်​လျက်​ရှိ​၏။

မင်း​မ​ရှိ​သော်​လည်း၊ တပ်​ဖွဲ့၍ အ​စဉ်​အ​တိုင်း​သွား​တတ်​သော ကျိုင်း​တစ်​ပါး၊

ထာ​ဝ​ရ​ဘု​ရား​သည်​လည်း ပြင်း​စွာ​သော​လေ​ကို ပင်​လယ်​ပေါ်​သို့ စေ​လွှတ်​တော်​မူ​သ​ဖြင့်၊ ပင်​လယ်၌ ကြီး​စွာ​သော မိုး​သက်​မုန်​တိုင်း​ဖြစ်၍၊ သင်္ဘော​သည် ပျက်​လု​သော​လ​က္ခ​ဏာ​ရှိ၏။

နေ​ထွက်​သော​အ​ခါ ဘု​ရား​သ​ခင်​သည် အ​လွန်​ပူ​သော​အ​ရှေ့​လေ​ကို ပြင်​ဆင်​တော်​မူ၍၊ ယော​န၏​ခေါင်း​ကို နေ​ထိ​ခိုက်​သ​ဖြင့် သူ​သည် မော၍ သေ​ချင်​သော​စိတ်​ရှိ​လျက်၊ ငါ့​အ​သက်​သေ​ခြင်း​သည် ရှင်​ခြင်း​ထက် သာ၍​ကောင်း​သည်​ဟု မြည်​တမ်း​လေ၏။

ထို​လူ​တို့​က​လည်း၊ ဤ​သူ​ကား အ​ဘယ်​သို့​သော​သူ​နည်း။ လေ​နှင့်​ပင်​လယ်​သည် သူ၏​စ​ကား​ကို နား​ထောင်​ပါ​သည်​တ​ကား​ဟု အံ့​ဩ​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ