Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 1:21

Judson Bible

ဝမ်း​ဆွဲ​မ​တို့​သည် ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​သော​ကြောင့်၊ သူ​တို့​အိမ်​သူ​အိမ်​သား​များ​ကို ပြု​စု​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

သင်​သည် ငါ​မှာ​ထား​သ​မျှ​ကို နား​ထောင်၍၊ ငါ့​ကျွန်​ဒါ​ဝိဒ်​ပြု​သ​ကဲ့​သို့ ငါ၏​လမ်း​တို့​သို့ လိုက်​လျက်၊ ငါ့​ရှေ့၌ မှန်​သော​တ​ရား၊ ငါ​စီ​ရင်​ချက်​ပ​ညတ်​များ​ကို စောင့်​ရှောက်​လျှင်၊ သင်​နှင့်​အ​တူ​ငါ​ရှိ၍ ဒါ​ဝိဒ်​အ​ဖို့ မြဲ​မြံ​သော​အိမ်​ကို ဆောက်​သည်​နည်း​တူ၊ သင့်​အ​ဖို့​ဆောက်၍ ဣ​သ​ရေ​လ​နိုင်​ငံ​ကို ငါ​ပေး​မည်။

ငါ့​ကို​မြဲ​မြံ​စေ​သ​ဖြင့်၊ ငါ့​ခ​မည်း​တော်​ဒါ​ဝိဒ်၏​ရာ​ဇ​ပ​လ္လင်​တော်​ပေါ်​မှာ တင်၍ က​တိ​တော်​နှင့်​အ​ညီ ငါ့​နေ​ရာ​နန်း​တော်​ကို ပေး​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း၊ အ​ဒေါ​နိ​ယ​သည် ယ​နေ့​အ​သေ​ခံ​ရ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည်၍ ကျိန်​ဆို​ပြီး​မှ၊

ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့၍၊ ပ​ညတ်​တော်​တို့၌ အ​လွန်​မွေ့​လျော်​သော​သူ​သည် မင်္ဂ​လာ​ရှိ၏။

ထာ​ဝ​ရ​ဘု​ရား​သည် အိမ်​ကို​ဆောက်​တော်​မ​မူ​လျှင်၊ ဆောက်​သော​သူ​တို့​သည် အ​ချည်း​နှီး​လုပ်​ဆောင်​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​သည် မြို့​ကို​စောင့်​တော်​မ​မူ​လျှင်၊ ကင်း​စောင့်​တို့​သည် အ​ချည်း​နှီး​စောင့်​ကြ၏။

ဖွား​မြင်​သော သား​သ​မီး​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ဆု​ချ၍ ပေး​သ​နား​တော်​မူ​သော အ​မွေ​ဥ​စ္စာ​ဖြစ်​ကြ၏။

ထာ​ဝ​ရ​ဘု​ရား​ကို ခို​လှုံ၍၊ ကောင်း​သော​အ​ကျင့်​ကို ကျင့်​လော့။ ပြည်​တော်၌​နေ၍၊ သ​စ္စာ​တ​ရား​ကို ကျက်​စား​လော့။

ဝမ်း​ဆွဲ​မ​တို့​သည် ဘု​ရား​သ​ခင်​ကို​ကြောက်​ရွံ့​၍၊ အဲ​ဂု​တ္တု​ရှင်​ဘု​ရင် မိန့်​တော်​မူ​သည်​အ​တိုင်း​မ​ပြု၊ ယောက်ျား​တို့​ကို အ​သက်​ချမ်း​သာ​ပေး​ကြ၏။

ဉာဏ်​ပ​ညာ​အား​ဖြင့် အိမ်​ကို​တည်​ဆောက်၍ ခိုင်​ခံ့​မြဲ​မြံ​စေ​ရ၏။

အ​ဓ​မ္မ​လူ​သည် အ​ကြိမ်​တစ်​ရာ​တိုင်​အောင် အ​ဓ​မ္မ​အ​မှု​ကို​ပြု၍၊ အ​သက်​တာ​ရှည်​သော်​လည်း၊ ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​သော​သူ​တို့​သည် ရှေ့​တော်၌​ကြောက်​ရွံ့​သော​ကြောင့်၊ ကောင်း​သော​အ​ကျိုး​ကို​ခံ​ရ​ကြ​မည်​ဟု ငါ​အ​မှန်​သိ၏။

သင်​သည် ရေ​ခပ်​အ​မျိုး​သား​တို့​အိမ်​သို့​သွား၍၊ သူ​တို့​နှင့် နှုတ်​ဆက်​ပြီး​မှ၊ ဗိ​မာန်​တော် အ​ခန်း​တစ်​ခန်း​ထဲ​သို့ ခေါ်​သွင်း၍ စ​ပျစ်​ရည်​ကို တိုက်​ပေး​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊

တစ်​ဖန် ငါ့​စိတ်​နှ​လုံး​အ​လို​သို့​လိုက်၍ သ​စ္စာ​စောင့်​သော ယဇ်​ပု​ရော​ဟိတ်​ကို ငါ​ပေါ်​ထွန်း​စေ​မည်။ မြဲ​သော​အိမ်​ကို သူ့​အ​ဖို့ ငါ​ဆောက်​ပေး​သ​ဖြင့်၊ သူ​သည် ငါ့​ထံ၌ ဘိ​သိက်​ခံ​သော​သူ​ရှေ့​မှာ အ​စဉ်​သွား​လာ​ရ​လိမ့်​မည်။

ကိုယ်​တော်၏​ကျွန်​မ​အ​ပြစ်​ကို သည်း​ခံ​တော်​မူ​ပါ။ ကျွန်​မ​သ​ခင်​သည် ထာ​ဝ​ရ​ဘု​ရား​ဘက်​မှာ စစ်​တိုက်​သော​ကြောင့်​လည်း​ကောင်း၊ တစ်​သက်​လုံး ကိုယ်​တော်၌​အ​ပြစ်​တင်​စ​ရာ အ​ခွင့်​မ​ရှိ​သော​ကြောင့်​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ကျွန်​မ၏​သ​ခင်​အ​ဖို့ ခိုင်​ခံ့​မြဲ​မြံ​သော​အိမ်​ကို တည်​ဆောက်​တော်​မူ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ