Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 1:17

Judson Bible

ဝမ်း​ဆွဲ​မ​တို့​သည် ဘု​ရား​သ​ခင်​ကို​ကြောက်​ရွံ့​၍၊ အဲ​ဂု​တ္တု​ရှင်​ဘု​ရင် မိန့်​တော်​မူ​သည်​အ​တိုင်း​မ​ပြု၊ ယောက်ျား​တို့​ကို အ​သက်​ချမ်း​သာ​ပေး​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

22 ပူးပေါင်းရင်းမြစ်များ  

အာ​ဗြ​ဟံ​က၊ ဤ​အ​ရပ်​သား​တို့​သည် ဘု​ရား​သ​ခင်​ကို​မ​ကြောက်၊ အ​ကျွန်ုပ်၏​မ​ယား​အ​တွက် အ​ကျွန်ုပ်​ကို​သတ်​ကြ​လိမ့်​မည်​ဟု အ​ကျွန်ုပ်​ထင်​သော​ကြောင့်၊ ထို​သို့​ပြု​မိ​ပါ​ပြီ။

သုံး​ရက်​မြောက်​သော​နေ့၌ ယော​သပ်​သည်​သူ​တို့​ကို​ခေါ်၍၊ ငါ​သည် ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​သော​သူ​ဖြစ်၏။ သို့​ဖြစ်၍ သင်​တို့​သည် အ​သက်​ချမ်း​သာ​စေ​ခြင်း​ငှာ ပြု​ရ​သော​အ​မှု​ဟူ​မူ​ကား၊

သို့​သော်​လည်း အ​မိန့်​တော်​သည် ယွာ​ဘ​စ​ကား​နှင့် ဗိုလ်​များ​စ​ကား​ကို​နိုင်​သ​ဖြင့်၊ ယွာ​ဘ​နှင့် ဗိုလ်​များ​တို့​သည် လူ​တို့​ကို​ရေ​တွက်​အံ့​သော​ငှာ အ​ထံ​တော်​မှ ထွက်​သွား​ကြ၏။

အ​ရင်​မြို့​ဝန်​တို့​ကို လူ​များ​တို့​သည် ကျွေး​ရ​ကြ၏။ မုန့်​နှင့်​စ​ပျစ်​ရည်​ကို​လည်း​ကောင်း၊ တစ်​နေ့​လျှင် ငွေ​လေး​ဆယ်​ကို​လည်း​ကောင်း ပေး​ရ​ကြ၏။ မင်း​လု​လင်၏ စေ​စား​ခြင်း​ကို​လည်း ခံ​ရ​ကြ၏။ ငါ​မူ​ကား ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​သော​ကြောင့်၊ အ​ရင်​မြို့​ဝန်​ကဲ့​သို့ မ​ပြု။

နန်း​တော်​တံ​ခါး​သို့ ရောက်​သော ရှင်​ဘု​ရင်၏​ကျွန်​တို့​က၊ သင်​သည် ရှင်​ဘု​ရင်​အ​မိန့်​တော်​ကို အ​ဘယ်​ကြောင့် ငြင်း​ဆန်​သ​နည်း​ဟု နေ့​တိုင်း မော်​ဒ​ကဲ​အား မေး​မြန်း​သ​တိ​ပေး​သော်​လည်း၊

ကိုယ်​တော်​ကို ကြောက်​ရွံ့​သော​သူ​တို့​အ​ဖို့ သို​ထား​တော်​မူ၍၊ လူ​သား​တို့​ရှေ့​မှာ ကိုယ်​တော်​ကို ခို​လှုံ​သော သူ​တို့​အ​ဖို့ ပြု​ပြင်​တော်​မူ​သော ဆု​ကျေး​ဇူး​တော်​သည် အ​လွန်​ကြီး​လှ​ပါ၏။

အဲ​ဂု​တ္တု​ရှင်​ဘု​ရင်​သည်​လည်း၊ ဝမ်း​ဆွဲ​မ​တို့​ကို​ခေါ်၍ သင်​တို့​သည် အ​ဘယ်​ကြောင့် ဤ​သို့​ပြု​သ​နည်း။ ယောက်ျား​တို့​ကို အ​ဘယ်​ကြောင့် အ​သက်​ချမ်း​သာ​ပေး​သ​နည်း​ဟု မေး​စစ်​သော်၊

ဝမ်း​ဆွဲ​မ​တို့​သည် ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​သော​ကြောင့်၊ သူ​တို့​အိမ်​သူ​အိမ်​သား​များ​ကို ပြု​စု​တော်​မူ၏။

က​ရု​ဏာ​တ​ရား​နှင့် သ​စ္စာ​တ​ရား​အား​ဖြင့် အ​ပြစ်​ပြေ​တတ်၏။ ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​သ​ဘော​အား​ဖြင့် ဒု​စ​ရိုက်​ကို ရှောင်​တတ်၏။

ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​သ​ဘော​ကား၊ ဒု​စ​ရိုက်​ကို မုန်း​သော​သ​ဘော​တည်း။ မာ​န​ထောင်​လွှား​ခြင်း၊ စော်​ကား​ခြင်း၊ မ​ကောင်း​သော​လမ်း​သို့​လိုက်​ခြင်း၊ ကောက်​သော​စ​ကား​ဖြင့် ပြော​ဆို​ခြင်း​တို့​ကို ငါ​မုန်း၏။

အ​ချုပ်​အ​ခြာ​စ​ကား​ဟူ​မူ​ကား၊ ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့၍၊ ပ​ညတ်​တော်​တို့​ကို စောင့်​ရှောက်​လော့။ ဤ​ရွေ့​ကား၊ လူ​နှင့်​ဆိုင်​သော အ​မှု​အ​ရာ​အ​လုံး​အ​စုံ​တို့​ကို ချုပ်​ခြာ​သ​တည်း။

အ​ဓ​မ္မ​လူ​သည် အ​ကြိမ်​တစ်​ရာ​တိုင်​အောင် အ​ဓ​မ္မ​အ​မှု​ကို​ပြု၍၊ အ​သက်​တာ​ရှည်​သော်​လည်း၊ ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​သော​သူ​တို့​သည် ရှေ့​တော်၌​ကြောက်​ရွံ့​သော​ကြောင့်၊ ကောင်း​သော​အ​ကျိုး​ကို​ခံ​ရ​ကြ​မည်​ဟု ငါ​အ​မှန်​သိ၏။

မှူး​မတ်​အ​ရာ​ရှိ​တို့​က​လည်း၊ အ​ရှင်​မင်း​ကြီး၊ ယု​ဒ​ပြည်​က​သိမ်း​ယူ​ခဲ့​သော ယု​ဒ​လူ​မျိုး​ဒံ​ယေ​လ​သည် အာ​ဏာ​တော်​ကို ပ​မာ​ဏ​မ​ပြု၊ တံ​ဆိပ်​ခတ်​တော်​မူ​သော အ​မိန့်​တော်​ကို ဆန့်​ကျင်​လျက်၊ တစ်​နေ့​သုံး​ကြိမ်​တိုင်​အောင် ဆု​တောင်း၍​နေ​ပါ​သည်​ဟု လျှောက်​ထား​ကြ၏။

ဧ​ဖ​ရိမ်​သည် ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ရ၏။ တ​ရား​စီ​ရင်​ခြင်း​နှင့် တွေ့၍ ဆုံး​ရှုံး​ရ၏။ အ​ကြောင်း​မူ​ကား၊ အ​မိန့်​တော်​အ​တိုင်း ကျင့်​လေ​ပြီ။

အ​ကြောင်း​မူ​ကား၊ သင်​သည် ဩ​မ​ရိ​မင်း၏ စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​ကို​လည်း​ကောင်း၊ အာ​ဟပ်​မင်း​မျိုး ကျင့်​သော​အ​ကျင့် ရှိ​သ​မျှ​ကို​လည်း​ကောင်း ကျင့်​စောင့်၍၊ သူ​တို့၏​တိုက်​တွန်း​ရာ​သို့ လိုက်​တတ်၏။ သို့​ဖြစ်၍၊ သင့်​ကို ငါ​သုတ်​သင်​ပယ်​ရှင်း၍ မြို့​သား​တို့​ကို ဆဲ​ရေး​ရာ ဖြစ်​စေ​သ​ဖြင့်၊ သင်​သည် ငါ၏​လူ​တို့ ကဲ့​ရဲ့​ခြင်း​ကို ခံ​ရ​မည်။

တစ်​နည်း​ကား၊ ကိုယ်​ခ​န္ဓာ​ကို​သာ သတ်၍ စိတ်​ဝိ​ညာဉ်​ကို မ​သတ်​နိုင်​သော သူ​တို့​ကို မ​ကြောက်​ကြ​နှင့်။ ကိုယ်​ခ​န္ဓာ​နှင့် စိတ်​ဝိ​ညာဉ်​ကို င​ရဲ၌ ဖျက်​ဆီး​နိုင်​သော​သူ​ကို သာ၍ ကြောက်​ကြ​လော့။-

အ​ဘယ်​သူ​ကို ကြောက်​ရ​မည်​နည်း​ဟူ​မူ​ကား၊ ကိုယ်​ခ​န္ဓာ​ကို​သတ်​ပြီး​မှ င​ရဲ​ထဲ​သို့ ချ​နိုင်​သော​သူ​ကို ကြောက်​ကြ​လော့။ ငါ​အ​မှန်​ဆို​သည်​ကား၊ ထို​သူ​ကို ကြောက်​ကြ​လော့။-

ပေ​တ​ရု​နှင့် အ​ခြား​သော တ​မန်​တော်​တို့​က​လည်း၊ လူ၏​စ​ကား​ထက် ဘု​ရား​သ​ခင်၏​စ​ကား​တော်ကို နား​ထောင်​သင့်​ပါ၏။-

ထာ​ဝ​ရ​ဘု​ရား၏ ယဇ်​ပု​ရော​ဟိတ်​တို့​သည် ဒါ​ဝိဒ်​ဘက်​မှာ​နေ၍၊ သူ​ပြေး​ကြောင်း​ကို သိ​သော်​လည်း ငါ့​အား​မ​ကြား​မ​ပြော​သော​ကြောင့်၊ သူ​တို့​ကို လှည့်၍​သတ်​ကြ​ဟု ခြံ​ရံ​လျက်​ရှိ​သော ခြေ​သည်​တို့​အား အ​မိန့်​တော်​ရှိ​သော်​လည်း၊ ရှင်​ဘု​ရင်၏ ကျွန်​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ ယဇ်​ပု​ရော​ဟိတ်​တို့​ကို မ​လုပ်​ကြံ​ဘဲ​နေ​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ