Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တ​ရား​ဟော 8:1

Judson Bible

သင်​သည် အ​သက်​ရှင်၍ များ​ပြား​မည်​အ​ကြောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်၏​ဘိုး​ဘေး​တို့​အား ကျိန်​ဆို​တော်​မူ​သော​ပြည်​သို့​သွား၍ ဝင်​စား​မည်​အ​ကြောင်း၊ ယ​နေ့ ငါ​မှာ​ထား​သော ပ​ညတ်​အ​လုံး​စုံ​တို့​ကို ကျင့်​ဆောင်​အံ့​သော​ငှာ သ​တိ​ပြု​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ငါ​သည် သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ ငါ၏​စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​ကို စောင့်​ရှောက်၍ ကျင့်​ကြံ​ကြ​လော့။

ထို​ပြည်​ကို သင်​တို့​ရှေ့​မှာ ငါ​ထား​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အ​ဘ​အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​မှ​စ၍၊ သူ​တို့​အ​မျိုး​အ​နွယ်​အား ပေး​မည်​ဟု ကျိန်​တော်​မူ​သော​ပြည်​ကို ဝင်၍​သိမ်း​ယူ​ကြ​လော့​ဟု မိန့်​တော်​မူ၏။

အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ သင်​တို့​သည် အ​သက်​ရှင်၍၊ သင်​တို့​ဘိုး​ဘေး​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော​ပြည်​ကို ဝင်​စား​မည်​အ​ကြောင်း၊ သင်​တို့​ကျင့်​စ​ရာ​ဖို့ ငါ​သွန်​သင်​သော စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​ကို နား​ထောင်​ကြ​လော့။

သို့​ဖြစ်၍ သင်​တို့၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ သင်​တို့​သည်​ကျင့်​အံ့​သော​ငှာ စောင့်​နေ​ရ​ကြ​မည်။ လက်​ယာ​ဘက်၊ လက်​ဝဲ​ဘက်​သို့ မ​လွှဲ​မ​ရှောင်​ရ​ကြ။

သင်​တို့​ဝင်​စား​လ​တ္တံ့​သော​ပြည်၌ သင်​တို့​သည် သေ​ဘေး​လွတ်​လျက် ချမ်း​သာ​ရ၍၊ အ​သက်​တာ​ရှည်​မည်​အ​ကြောင်း၊ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သော လမ်း​အ​ပေါင်း​တို့၌ လျှောက်​သွား​ရ​ကြ​မည်။

သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို​သာ အောက်​မေ့​ရ​မည်။ အ​ကြောင်း​မူ​ကား၊ သင်၏​ဘိုး​ဘေး​တို့​အား ကျိန်​ဆို​တော်​မူ​သော ပ​ဋိ​ညာဉ်​တ​ရား​တော်​ကို ယ​နေ့​ကဲ့​သို့ တည်​စေ​လို​သော​ငှာ၊ စည်း​စိမ်​ရ​တတ်​သော အ​စွမ်း​သ​တ္တိ​ကို ဘု​ရား​သ​ခင်​ပေး​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ