Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တ​ရား​ဟော 7:18

Judson Bible

သူ​တို့​ကို​မ​ကြောက်​ရ။ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ဖာ​ရော​ဘု​ရင်​နှင့် အဲ​ဂု​တ္တု​ပြည်​တစ်​ပြည်​လုံး၌ ပြု​တော်​မူ​သော​အ​မှု​ကို​လည်း​ကောင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

25 ပူးပေါင်းရင်းမြစ်များ  

စီ​ရင်​တော်​မူ​သော အံ့​ဩ​ဖွယ်​တို့​ကို​လည်း​ကောင်း၊ ထူး​ဆန်း​သော​အ​မှု​တော်​တို့​နှင့် နှုတ်​ထွက်​ပ​ညတ်​တို့​ကို​လည်း​ကောင်း အောက်​မေ့​ကြ​လော့။

ထာ​ဝ​ရ​ဘု​ရား၏​အ​မှု​တော်​တို့​ကို အောက်​မေ့​ပါ​မည်။ ရှေး​ကာ​လ၌ ကိုယ်​တော်​ပြု​ဖူး​သော အံ့​ဩ​ဖွယ်​တို့​ကို အောက်​မေ့​ပါ​မည်။

ပြု​တော်​မူ​သ​မျှ​တို့​ကို​ဆင်​ခြင်၍ စီ​ရင်​တော်​မူ​သော အ​ရာ​တို့​ကို မြွက်​ဆို​ပါ​မည်။

အ​မှု​တော်​တို့​ကို​လည်း​ကောင်း၊ ပြ​တော်​မူ​သော အံ့​ဩ​ဖွယ်​တို့​ကို​လည်း​ကောင်း မေ့​လျော့​ကြ၏။

ဗင်္ယာ​မိန်​အ​မျိုး၊ ရာ​ဖု​သား ပါ​လ​တိ။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သူ့​ကို​မ​ကြောက်​နှင့်။ သူ​နှင့်​တ​ကွ သူ၏​လူ​အ​ပေါင်း​ကို​လည်း​ကောင်း၊ သူ၏​မြေ​ကို​လည်း​ကောင်း၊ သင့်​လက်၌ ငါ​အပ်​ပေး​ပြီ။ ဟေ​ရှ​ဘုန်​မြို့​နေ အာ​မော​ရိ​ရှင်​ဘု​ရင်​ရှိ​ဟုန်​ကို ပြု​သ​ကဲ့​သို့၊ ဤ​မင်း​ကို​လည်း​ပြု​ရ​မည်​ဟု မော​ရှေ​အား မိန့်​တော်​မူ​သည်​အ​တိုင်း၊

သင်​တို့ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ပြည်​တော်​ကို သင်​တို့​ရှေ့​မှာ ထား​တော်​မူ​ပြီ။ သင်​တို့​အ​ဘ​များ၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​အ​တိုင်း၊ တက်​သွား၍ သိမ်း​ယူ​ကြ​လော့။ မ​ကြောက်​ကြ​နှင့်။ စိတ်​လည်း​မ​ပျက်​ကြ​နှင့်​ဟု ပြော​ဆို၏။

ထို​အ​ခါ​ငါ​က၊ မ​ထိတ်​လန့်​ကြ​နှင့်၊ သူ​တို့​ကို​မ​ကြောက်​ကြ​နှင့်။

သင်​တို့​ရှေ့​မှာ​ကြွ​တော်​မူ​သော သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​မျက်​မှောက်၊ အဲ​ဂု​တ္တု​ပြည်၌​လည်း​ကောင်း၊

သင်​သည် ရန်​သူ​တို့​ကို စစ်​တိုက်​ခြင်း​ငှာ ချီ​သွား​သော​အ​ခါ၊ ကိုယ်​ထက်​သာ၍​များ​သော​မြင်း၊ ရ​ထား၊ လူ​တို့​ကို​မြင်​သော်​လည်း မ​ကြောက်​နှင့်။ သင့်​ကို အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​သော သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ဘက်၌​ရှိ​တော်​မူ၏။

ဟေ​ရှ​ဘုန်​ရှင်​ဘု​ရင် ရှိ​ဟုန်​ကို​ပြု​သ​ကဲ့​သို့၊ အ​ရပ်​ရပ်၌ ယောက်ျား၊ မိန်း​မ၊ သူ​ငယ်​တို့​ကို သုတ်​သင်​ပယ်​ရှင်း​ကြ၏။

ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို သင်​တို့၌ အပ်​တော်​မူ​သ​ဖြင့်၊ ငါ​မှာ​ထား​သ​မျှ​သော ပ​ညတ်​တို့​အ​တိုင်း၊ သူ​တို့၌ ပြု​ရ​ကြ​လိမ့်​မည်။

အား​ယူ၍ ရဲ​ရင့်​ခြင်း​ရှိ​ကြ​လော့။ မ​စိုး​ရိမ်​ကြ​နှင့်။ သူ​တို့​ကို မ​ကြောက်​ကြ​နှင့်။ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ဘု​ရား​သ​ခင်​ဖြစ်၍ သင်​တို့​နှင့်​အ​တူ ကိုယ်​တိုင်​ကြွ​တော်​မူ မည်။ သင်​တို့​ကို စွန့်​တော်​မ​မူ၊ ပစ်​ထား​တော်​မ​မူ​ဟု ဟော​ပြော၏။

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်​သည် မ​ကြောက်​နှင့်၊ စိတ်​မ​ပျက်​နှင့်။ သင်၌​ပါ​သော စစ်​သူ​ရဲ​အ​ပေါင်း​တို့​ကို​ခေါ်၍ အာ​ဣ​မြို့​သို့ ထ​သွား​လော့။ အာ​ဣ​မင်း​ကြီး​နှင့် သူ့​လူ​များ၊ သူ့​မြို့၊ သူ့​မြေ​ကို သင့်​လက်၌​ငါ​အပ်​မည်။

ဂိ​ဒေါင်​က၊ အို​သ​ခင်၊ ထာ​ဝ​ရ​ဘု​ရား​သည် အ​ကျွန်ုပ်​တို့​နှင့်​အ​တူ ရှိ​တော်​မူ​သည်​မှန်​လျှင် အ​ဘယ်​ကြောင့် ဤ​အ​မှု​ကြီး ရောက်​ရ​ပါ​သ​နည်း။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​တော်​မူ​သည် မ​ဟုတ်​လော​ဟု အ​ကျွန်ုပ်​တို့​အ​ဘ​များ ပြော​သည်​အ​တိုင်း ပြု​တော်​မူ​သော၊ အံ့​ဖွယ်​သော အ​မှု​ရှိ​သ​မျှ​တို့​သည် အ​ဘယ်​မှာ ရှိ​ပါ​သ​နည်း။ ယ​ခု​မှာ ထာ​ဝ​ရ​ဘု​ရား​သည် အ​ကျွန်ုပ်​တို့​ကို​စွန့်၍ မိ​ဒျန်​လူ​တို့​လက်​သို့ အပ်​တော်​မူ​ပြီ​တ​ကား​ဟု ဆို​လေ​သော်၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ