Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တ​ရား​ဟော 5:9

Judson Bible

ဦး​မ​ချ၊ ဝတ်​မ​ပြု​နှင့်။ အ​ကြောင်း​မူ​ကား၊ သင်၏​ဘု​ရား​သ​ခင်၊ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် သင်၌​အ​ပြစ်​ရှိ​သည်​ဟု ယုံ​လွယ်​သော​ဘု​ရား၊ ငါ့​ကို​မုန်း​သော​သူ​တို့၏ အ​မျိုး​အ​စဉ်​အ​ဆက်၊ တ​တိ​ယ​အ​ဆက်၊ စ​တု​တ္ထ​အ​ဆက်​တိုင်​အောင်၊ အ​ဘ​တို့၏​အ​ပြစ်​ကို သား​တို့၌ ဆပ်​ပေး​စီ​ရင်​သော​ဘု​ရား၊

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​သည် ထို​အ​မျိုး​သား​တို့​နှင့် ပ​ဋိ​ညာဉ်​ဖွဲ့၍၊ သင်​တို့​သည် အ​ခြား​တစ်​ပါး​သော​ဘု​ရား​တို့​ကို မ​ရို​သေ၊ ဦး​မ​ညွှတ်၊ ဝတ်​မ​ပြု၊ ယဇ်​မ​ပူ​ဇော်​ရ။

အ​ခြား​သော​ဘု​ရား​ကို သင်​သည်​မ​ကိုး​ကွယ်​ရ။ အ​ပြစ်​ရှိ​ယုံ​လွယ်​အ​မည်​ရှိ​သော ထာ​ဝ​ရ​ဘု​ရား​သည် အ​ပြစ်​ရှိ​သည်​ဟု ယုံ​လွယ်​သော​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ၏။

အ​ထောင်​အ​သောင်း​များ​သော​သူ​တို့​အား သ​နား​ခြင်း​ကျေး​ဇူး​တ​ရား​ကို စောင့်​တော်​မူ​ထ​သော၊ အ​ဓ​မ္မ​ကျင့်​ခြင်း၊ တ​ရား​တော်​ကို​လွန်​ကျူး​ခြင်း၊ ပြစ်​မှား​ခြင်း​အ​ပြစ်​တို့​ကို ဖြေ​လွှတ်​သော်​လည်း၊ အ​ချည်း​နှီး​သက်​သက် ဖြေ​လွှတ်​တော်​မ​မူ​ထ​သော၊ သား​စဉ်​မြေး​ဆက်၊ တ​တိ​ယ​အ​ဆက်၊ စ​တု​တ္ထ​အ​ဆက်​တိုင်​အောင်၊ အ​ဘ​တို့၏​အ​ပြစ်​ကို သား​တို့၌​ဆပ်​ပေး​စီ​ရင်​တော်​မူ​သော ဘု​ရား​သ​ခင်​ဟု ကြွေး​ကြော်​တော်​မူ၏။

ကိုယ်​တော်​သည် လူ​အ​ထောင်​အ​သောင်း​တို့​အား က​ရု​ဏာ​ကျေး​ဇူး​ပြု​လျက်၊ အ​ဘ​တို့၏​အ​ပြစ်​ကို နောက်​ဖြစ်​သော​သား​တို့၏ ခေါင်း​ပေါ်​သို့ သက်​ရောက်​စေ​တော်​မူ၏။ အ​လွန်​ကြီး​မြတ်​သော​ဘု​ရား၊ မ​ဟာ​တန်​ခိုး​တော်​နှင့် ပြည့်​စုံ​သော​ဘု​ရား​ဖြစ်၍၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​ဟူ​သော ဘွဲ့​နာ​မ​ရှိ​တော်​မူ၏။

အ​ဘ​တို့၏​အ​ပြစ်​ကို သား​တို့၌​ဆပ်​ပေး​စီ​ရင်​တော်​မူ​သော ဘု​ရား​သ​ခင်​ဖြစ်၏​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ အ​ကျွန်ုပ်​တို့၏​ဘု​ရား​ရှင် တန်​ခိုး​တော်​သည် ကြီး​ပါ​စေ​သော။

နောက်​တစ်​ဖန် သင်​တို့​သည်​လူ​ယောက်ျား၊ လူ​မိန်း​မ​သ​ဏ္ဌာန်၊

အ​ကြောင်း​မူ​ကား၊ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် လောင်​သော​မီး၊ အ​ပြစ်​ရှိ​သည်​ဟု ယုံ​လွယ်​သော​ဘု​ရား ဖြစ်​တော်​မူ၏။

သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့၌​အ​ပြစ်​ရှိ​သည်​ဟု ယုံ​လွယ်​သော​ဘု​ရား ဖြစ်​တော်​မူ၏။ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို အ​မျက်​ထွက်၍ မြေ​ကြီး​ပြင်​မှာ သုတ်​သင်​ပယ်​ရှင်း​တော်​မူ​မည်​ဟု စိုး​ရိမ်​စ​ရာ​ရှိ၏။

ကိုယ်​တော်​ကို​မုန်း​သော​သူ​တို့​ကို ဖျက်​ဆီး​ခြင်း​ငှာ၊ သူ​တို့​မျက်​မှောက်၌ အ​ပြစ်​ပေး​သော​ဘု​ရား ဖြစ်​တော်​မူ​ကြောင်း​ကို သိ​မှတ်​လော့။ ကိုယ်​တော်​ကို မုန်း​သော​သူ​တို့​ကို အား​မ​နာ​ဘဲ၊ သူ​တို့​မျက်​မှောက်၌ အ​ပြစ်​ပေး​တော်​မူ​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ