Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တ​ရား​ဟော 5:23

Judson Bible

သင်​တို့​သည် မှောင်​မိုက်​ထဲ​က​စ​ကား​သံ​ကို ကြား၍၊ တောင်​ထိပ်​သည် မီး​လောင်​လျက်​ရှိ​သော​အ​ခါ၊ သင်​တို့​အ​မျိုး​အ​နွယ်​တို့၌ မင်း​ဖြစ်​သော​သူ၊ အ​သက်​ကြီး​သူ​တို့​သည် ငါ့​ထံ​သို့​ချဉ်း​ကပ်၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ

6 ပူးပေါင်းရင်းမြစ်များ  

ဟော​ရပ်​အ​ရပ်​တွင် စည်း​ဝေး​ကြ​သော​နေ့၌ သင်​က၊ နောက်​တစ်​ဖန် အ​ကျွန်ုပ်​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​အ​သံ​ကို မ​ကြား​ရ​ပါ​စေ​နှင့်။ ထို​ကြီး​စွာ​သော​မီး​ကို မ​မြင်​ရ​ပါ​စေ​နှင့်။ အ​ကျွန်ုပ်​သေ​မည်​ကို စိုး​ရိမ်​ပါ​သည်​ဟု သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ တောင်း​ပန်​သ​မျှ​အ​တိုင်း၊

ထို​စ​ကား​တော်​ကို ထာ​ဝ​ရ​ဘု​ရား​သည် တောင်​ပေါ်​မှာ​မီး၊ မိုး​တိမ်၊ ထူ​ထပ်​သော​မှောင်​မိုက်​ထဲ​က ကြီး​စွာ​သော​အ​သံ​နှင့် သင်​တို့​စည်း​ဝေး​ရာ ပ​ရိ​သတ်​အ​ပေါင်း​တို့​အား​မိန့်​မြွက်​တော်​မူ၏။ ထပ်၍ မိန့်​မြွက်​တော်​မ​မူ။ ထို​စ​ကား​တော်​ကို​လည်း ကျောက်​ပြား​နှစ်​ပြား​ပေါ်​မှာ​ရေး၍ ငါ၌​အပ်​တော်​မူ၏။

အ​ကျွန်ုပ်​တို့ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ဘုန်း​တန်​ခိုး​အာ​နု​ဘော်​တော်​ကို အ​ကျွန်ုပ်​တို့​အား ပြ​တော်​မူ​ပြီ။ မီး​ထဲ​က​စ​ကား​တော်​အ​သံ​ကို အ​ကျွန်ုပ်​တို့​သည် ကြား​ရ​ပါ​ပြီ။ ဘု​ရား​သ​ခင်​သည် လူ​နှင့် နှုတ်​ဆက်​တော်​မူ​သော်​လည်း၊ လူ​သည် အ​သက်​ရှင်​သေး​သည်​ကို၊ ယ​နေ့၌ အ​ကျွန်ုပ်​တို့​သည် သိ​မြင်​ရ​ပါ​ပြီ။

ထို​အ​ခါ​ငါ​သည် ပ​ဋိ​ညာဉ်​ကျောက်​ပြား​နှစ်​ပြား​ကို ကိုင်​လျက်၊ လှည့်၍ မီး​လောင်​သော​တောင်​ပေါ်​က ဆင်း​လာ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ