Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တ​ရား​ဟော 4:9

Judson Bible

သင်​တို့​သည်၊ ဟော​ရပ်​အ​ရပ်​မှာ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ရပ်​နေ​ကြ​သော​အ​ခါ၊ ကိုယ်​တိုင်​မြင်​သော အ​မှု​အ​ရာ​တို့​ကို မ​မေ့​မ​လျော့။ နောက်​တစ်​သက်​လုံး နှ​လုံး​သွင်း​နိုင်​မည်​အ​ကြောင်း ကိုယ်​ကို​ကိုယ်​သ​တိ​ပြု​ကြ​လော့။ ကိုယ်​စိတ်​နှ​လုံး​ကို​ကြိုး​စား၍ စောင့်​ရှောက်​ကြ​လော့။ ထို​အ​ရာ​တို့​ကို သား​မြေး​တို့​အား​လည်း သွန်​သင်​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

47 ပူးပေါင်းရင်းမြစ်များ  

အ​ကြောင်း​မူ​ကား၊ သူ​သည် မိ​မိ​နောက်၌​ဖြစ်​သော​သား​များ၊ အိမ်​သူ​များ​တို့​အား ပ​ညတ်​မည်​အ​ရာ​ကို ငါ​သိ၏။ သူ​တို့​သည်​လည်း ထာ​ဝ​ရ​ဘု​ရား၏​တ​ရား​လမ်း​သို့​လိုက်၍၊ ဟုတ်​မှန်​ဖြောင့်​မတ်​စွာ ကျင့်​ကြ​လိမ့်​မည်။ သို့​ဖြစ်၍ က​တိ​တော်​ရှိ​သည်​အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် အာ​ဗြ​ဟံ၌​ပြု​ရ​သော အ​ခွင့်​ရှိ​လိမ့်​မည်​ဟု အ​ကြံ​တော်​ရှိ၏။

ကိုယ်​တော်​ကို မ​ပြစ်​မှား​ဘဲ နေ​နိုင်​မည်​အ​ကြောင်း၊ ဗျာ​ဒိတ်​တော်​ကို နှ​လုံး​ထဲ​မှာ သို​ထား​ပါ​ပြီ။

တစ်​ဖန်​တုံ အို​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​အ​သက်​ကြီး၍ ဆံ​ပင်​ဖြူ​သည်​ကာ​လ​တိုင်​အောင်၊ ယ​ခု​လူ​များ​တို့​အား ကိုယ်​တော်၏​အ​စွမ်း​သ​တ္တိ​ကို​လည်း​ကောင်း၊ နောက်​ဖြစ်​လ​တ္တံ့​သော​သူ​အ​ပေါင်း​တို့​အား တန်​ခိုး​တော်​ကို​လည်း​ကောင်း၊ အ​ကျွန်ုပ်​မ​ပြ​မီ​တွင်၊ အ​ကျွန်ုပ်​ကို စွန့်​ပစ်​တော်​မ​မူ​ပါ​နှင့်။

အဲ​ဂု​တ္တု​ပြည်၌​ငါ​ပြု​သော​အ​မှု၊ အဲ​ဂု​တ္တု​လူ​တို့​တွင် ငါ​ပြ​သော​နိ​မိတ်​တို့​ကို၊ သင်၏​သား​မြေး​တို့​အား​ကြား​ပြော​သ​ဖြင့်၊ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သင်​တို့​သိ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သူ၏​နှ​လုံး၊ သူ၏​ကျွန်​တို့​နှ​လုံး​ကို ငါ​ခိုင်​မာ​စေ​ပြီ​ဟု မော​ရှေ​အား မိန့်​တော်​မူ​၏။

ငါ​ပ​ညတ်​သ​မျှ​တို့၌ သ​တိ​ပြု​ကြ​လော့။ အ​ခြား​သော​ဘု​ရား၏​နာ​မ​ကို မ​မြွက်​မ​ဆို​နှင့်။ သင်၏​နှုတ်​ထဲ​က​မြွက်​သံ​ကို သူ​တစ်​ပါး​မ​ကြား​စေ​နှင့်။

ငါ့​သား၊ အ​ဘ၏​နည်း​ဥ​ပ​ဒေ​သ​ကို​နား​ထောင်​လော့။ အ​မိ၏​တ​ရား​ကို​လည်း မ​ပယ်​နှင့်။

ငါ့​သား၊ သင့်​နှ​လုံး​ကို ငါ့​အား​ပေး​လော့။ သင့်​မျက်​စိ​တို့​သည် ငါ​သွား​သော​လမ်း​ကို ကြည့်​မှတ်​ပါ​စေ။

ငါ့​သား၊ ပ​ညာ​ရ​တ​နာ​နှင့် သ​မ္မာ​သ​တိ​ကို သင့်​မျက်​မှောက်​မှ မ​ကွာ​စေ​ဘဲ၊ အ​စဉ်​စောင့်​ရှောက်​လော့။

ငါ့​သား၊ ငါ့​စ​ကား​ကို စေ့​စေ့​နား​ထောင်၍၊ ငါ့​ပ​ညတ်​တို့​ကို သင်၌​သို​ထား​လော့။

အ​သက်​ရှင်​သော​သူ၊ အ​သက်​ရှင်​သော​သူ​သာ​လျှင်၊ ယ​နေ့​အ​ကျွန်ုပ်​ပြု​သ​ကဲ့​သို့၊ ဂုဏ်​တော်​ကို ချီး​မွမ်း​ရ​ပါ​လိမ့်​မည်။ အ​ဘ​သည် သား​တို့​အား သ​စ္စာ​တော်​ကို ဖော်​ပြ​ရ​ပါ​လိမ့်​မည်။

သင်​သည် များ​စွာ​မြင်​သော်​လည်း အာ​ရုံ​မ​ပြု​တတ်။ နား​ပွင့်​လျက်​ရှိ​သော်​လည်း မ​ကြား​တတ်။

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဥ​ပုသ်​နေ့၌ ဝန်​ကို​မ​ထမ်း​မ​ရွက်၊ ယေ​ရု​ရှ​လင်​မြို့​တံ​ခါး​ဖြင့် မ​ဆောင်​မ​သွင်း​မည်​အ​ကြောင်း၊ သ​တိ​ပြု​ကြ​လော့။

ထို​ကြောင့်​သင်​တို့​သည် အ​ဘယ်​သို့​ကြား​နာ​ရ​သည်​ကို သ​တိ​ပြု​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ အ​ကြင်​သူ​သည် ရ​တတ်၏၊ ထို​သူ့​အား​ပေး​ဦး​မည်။ အ​ကြင်​သူ​သည် ဆင်း​ရဲ၏၊ ထို​သူ၌ ဥ​စ္စာ​ရှိ​ဟန်​ဆောင်​သ​မျှ​ကို​ပင် နုတ်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။-

အ​ဘ​တို့၊ ကိုယ်​သား​သ​မီး​ကို စိတ်​ဆိုး​စေ​ခြင်း​ငှာ မ​ပြု​ကြ​နှင့်။ သ​ခင်​ဘု​ရား၏ အ​လို​တော်​နှင့်​ညီ​သော ဆုံး​မ သွန်​သင်​ခြင်း​ကို​ပြု​လျက် ကျွေး​မွေး​ကြ​လော့။

ထို​စ​ကား​ကို သင်​တို့​သည် အိမ်၌​ထိုင်​လျက်​နေ​သည်​ဖြစ်​စေ၊ ခ​ရီး​သွား​သည်​ဖြစ်​စေ၊ အိပ်​လျက်​ထ​လျက်​ရှိ​သည်​ဖြစ်​စေ ဟော​ပြော၍၊ သား​သ​မီး​တို့​အား သွန်​သင်​ရ​ကြ​မည်။

သင်​တို့​သည် မြေ​ကြီး​ပေါ်​မှာ အ​သက်​ရှင်​သ​မျှ​သော ကာ​လ​ပတ်​လုံး​ဝင်​စား​စေ​ခြင်း​ငှာ သင်​တို့​ဘိုး​ဘေး​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော​ပြည်၌ ကျင့်​အံ့​သော​ငှာ စောင့်​ရှောက်​ရ​သော စီ​ရင်​ထုံး​ဖွဲ့​ချက်​များ​ဟူ​မူ​ကား၊

သင်​သည် အဲ​ဂု​တ္တု​ပြည်​မှ​ထွက်​လာ​သော​နေ့​ရက်​ကို တစ်​သက်​လုံး​အောက်​မေ့​ဖို့​ရာ ပ​သ​ခါ​ပွဲ​ခံ​စဉ်၊ တ​ဆေး​ပါ​သော​မုန့်​ကို မ​စား​ရ​ဘဲ၊ တ​ဆေး​မ​ပါ​သော မုန့်​တည်း​ဟူ​သော ဒု​က္ခ​မုန့်​ကို ခု​နစ်​ရက်​ပတ်​လုံး​စား​ရ​မည်။ အ​ကြောင်း​မူ​ကား၊ သင်​သည် အဲ​ဂု​တ္တု​ပြည်​မှ အ​လျင်​တ​ဆော ထွက်​လာ​သ​တည်း။

မ​ထင်​ရှား​သော​အ​ရာ​တို့​သည်၊ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ အ​ငန်း​အ​တာ​ဖြစ်​ကြ၏။ ဖော်​ပြ​တော်​မူ​သော​အ​ရာ​တို့​သည် ကာ​လ​အ​စဉ်​မ​ပြတ် ငါ​တို့​နှင့် ငါ​တို့​သား​သ​မီး​များ​တို့၏​အ​ငန်း​အ​တာ​ဖြစ်၍၊ ဤ​ပ​ညတ်​တ​ရား​စ​ကား​အ​လုံး​စုံ​တို့​ကို စောင့်​ရှောက်​ရ​မည်​အ​ကြောင်း​တည်း။

ယ​ခု​မှာ ဓ​မ္မ​သီ​ချင်း​ကို ရေး​ထား​ကြ​လော့။ ထို​သီ​ချင်း​ကို ဣ​သ​ရေ​လ​အ​မျိုး​တစ်​ဖက်၌ ငါ့​အ​ဖို့ သက်​သေ​ဖြစ်​စေ​ခြင်း​ငှာ၊ သူ​တို့​သည် နှုတ်​ကျက်​ရ​အောင် သင်​စေ​ကြ​လော့။

သင်​တို့​အား ယ​နေ့​ငါ​သက်​သေ​ခံ​သ​မျှ​သော စ​ကား​တို့​ကို နှ​လုံး​သွင်း​ကြ​လော့။ သင်​တို့​သား​သ​မီး​တို့​သည် ဤ​ပ​ညတ်​တ​ရား စ​ကား​တော်​အ​လုံး​စုံ​တို့​ကို စောင့်​ရှောက်​စေ​ခြင်း​ငှာ၊ သူ​တို့​အား ထပ်​ဆင့်၍ မှာ​ထား​ရ​ကြ​မည်။

ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က၊ လူ​များ​တို့​ကို ငါ့​ထံ​မှာ​စု​ဝေး​စေ​လော့။ သူ​တို့​သည် မြေ​ကြီး​ပေါ်​မှာ အ​သက်​ရှင်​သ​မျှ​သော​ကာ​လ​ပတ်​လုံး ငါ့​ကို​ကြောက်​ရွံ့၍ သား​မြေး​တို့​အား သွန်​သင်​စေ​ခြင်း​ငှာ၊ ငါ့​စ​ကား​ကို​ကြား​စေ​မည်​ဟု ငါ့​အား​မိန့်​တော်​မူ​သည်​အ​တိုင်း၊

ဟော​ရပ်​အ​ရပ်၌ ထာ​ဝ​ရ​ဘု​ရား​သည် မီး​ထဲ​က​သင်​တို့​အား မိန့်​မြွက်​တော်​မူ​သော​အ​ခါ၊ မည်​သည့်​အ​ဆင်း​သ​ဏ္ဌာန်​ကို​မျှ မ​မြင်​ရ​သည်​ဖြစ်၍၊

သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့၌​ထား​တော်​မူ​သော ပ​ဋိ​ညာဉ်​တ​ရား​ကို​မေ့​လျော့၍၊ သင်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား မြစ်​တား​တော်​မူ​သော အ​ရာ​တို့၏ သ​ဏ္ဌာန်​ရှိ​သော​ရုပ်​တု​ကို မ​လုပ်​မည်​အ​ကြောင်း၊ ကိုယ်​ကို​ကိုယ်​သ​တိ​ပြု​ကြ​လော့။

ကျွန်​ခံ​နေ​ရာ​အဲ​ဂု​တ္တု​ပြည်​မှ သင့်​ကို​ကယ်​နုတ်​ဆောင်​ယူ​ခဲ့​သော ထာ​ဝ​ရ​ဘု​ရား​ကို မ​မေ့​လျော့​မည်​အ​ကြောင်း၊ ကိုယ်​ကို​ကိုယ်​သ​တိ​ပြု​လော့။

ငါ​ပေး​ထား​သော ပ​ညတ်​တ​ရား​တော်​ရှိ​သ​မျှ​တို့​ကို တစ်​သက်​လုံး စောင့်​ရှောက်​မည်​အ​ကြောင်း​နှင့် သင်​တို့၏​အ​သက်​တာ ရှည်​စေ​မည်​အ​ကြောင်း၊ သင်​တို့​သွား၍ ဝင်​စား​လ​တ္တံ့​သော​ပြည်၌​ကျင့်​ဖို့​ရာ သင်​တို့​အား ငါ​သွန်​သင်​စိမ့်​သော​ငှာ၊ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သော စီ​ရင်​ထုံး​ဖွဲ့​ချက် ပ​ညတ်​တ​ရား​ဟူ​မူ​ကား၊

နောင်​ကာ​လ၌ သင်၏​သား​က၊ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ထား​တော်​မူ​သော ဤ​သက်​သေ​ခံ​ချက်၊ စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​သည် အ​ဘယ်​သို့​ဆို​လို​သ​နည်း​ဟု မေး​မြန်း​လျှင်၊

ထို​စ​ကား​ကို သင်၏​သား​သ​မီး​တို့​အား ကြိုး​စား၍​သွန်​သင်​ရ​မည်။ အိမ်၌​ထိုင်​လျက် နေ​သည်​ဖြစ်​စေ၊ ခ​ရီး၌​သွား​သည်​ဖြစ်​စေ၊ အိပ်​လျက်၊ ထ​လျက်​ရှိ​သည်​ဖြစ်​စေ၊ ထို​စ​ကား​ကို​ပြော​ရ​မည်။

ယ​နေ့​ငါ​ဆင့်​ဆို​သော စီ​ရင်​ထုံး​ဖွဲ့​ချက်၊ ပ​ညတ်​တ​ရား​တော်​တို့​ကို သင်​သည်​မ​စောင့်၊ သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို မေ့​လျော့​သော​အ​ပြစ်​ကို သ​တိ​နှင့်​ရှောင်​လော့။

သင်​သည် မာ​န​ထောင်​လွှား​ခြင်း​သို့ ရောက်၍၊ အ​ထက်​ကျွန်​ခံ​နေ​ရာ အဲ​ဂု​တ္တု​ပြည်​မှ ကယ်​နုတ်​ဆောင်​ယူ​ခဲ့​တော်​မူ​ထ​သော၊

ထို​ကြောင့်၊ ငါ​တို့​သည် ကြား​ရ​သော ဒေ​သ​နာ​တော်​ကို မ​မေ့​မ​လျော့​မည်​အ​ကြောင်း၊ စိတ်​နှ​လုံး၌​သာ၍​မှတ်​မိ​စွဲ​လမ်း​ခြင်း ရှိ​ရ​ကြ​မည်။-

အ​စ​အ​ဦး၌ သ​ခင်​ဘု​ရား​ဟော​တော်​မူ၍ ဒေ​သ​နာ​စ​ကား​တော်​ကို ကြား​ရ​သော​သူ​တို့​သည်၊ ယုံ​လောက်​သော သက်​သေ​အား​ဖြင့် ငါ​တို့​အား​ဆင့်​ဆို၍ ဟော​ပြော​သော၊ ဤ​မျှ​လောက် ကြီး​စွာ​သော ကယ်​တင်​တော်​မူ​ခြင်း​တ​ရား​ကို ငါ​တို့​သည် နား​မ​ထောင်​ဘဲ​နေ​လျှင်၊ အ​ပြစ်​ဒဏ်​နှင့် အ​ဘယ်​သို့ လွတ်​ကြ​လိမ့်​မည်​နည်း။-

ယုံ​ကြည်​ခြင်း​သည် အ​ကျင့်​နှင့်​အ​တူ​ပြု​ပြင်၍၊ အ​ကျင့်​အား​ဖြင့် စုံ​လင်​သည်​ကို သိ​မြင်​ရ၏။-

အာ​ဏာ​တော်​ကို​ဆန်၍၊ မှာ​ထား​တော်​မူ​သ​မျှ​သော​စ​ကား​ကို နား​မ​ထောင်​သော​သူ မည်​သည်​ကား၊ အ​သေ​သတ်​ခြင်း​ကို ခံ​စေ​ရ​မည်။ သို့​ဖြစ်၍ အား​ယူ​တော်​မူ​ပါ။ ရဲ​ရင့်​ခြင်း​ရှိ​တော်​မူ​ပါ​ဟု ယော​ရှု​အား​ပြန်​လျှောက်​ကြ၏။

သို့​ဖြစ်၍ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​ချစ်​ခြင်း​ငှာ ကိုယ်​စိတ်​နှ​လုံး​ကို သ​တိ​ပြု​ကြ​လော့။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​လည်း၊ နောင်​ကာ​လ၌ သင်​တို့၏​သား​သ​မီး​တို့​က၊ ဤ​ကျောက်​တို့​သည် အ​ဘယ်​သို့​ဆို​လို​သ​နည်း​ဟု အ​ဘ​တို့​အား​မေး​မြန်း​လျှင်၊

ထို​ကြောင့်၊ သင်​သည်​ခံ​ယူ၍ နား​ထောင်​ပြီး​သည်​အ​ရာ​ကို အောက်​မေ့၍ စောင့်​ရှောက်​လော့။ နောင်​တ​ရ​လော့။ စောင့်၍ မ​နေ​လျှင် သူ​ခိုး​ကဲ့​သို့ သင်​ရှိ​ရာ​သို့ ငါ​လာ​မည်။ လာ​မည့်​အ​ချိန်​နာ​ရီ​ကို​လည်း သင်​မ​သိ​ရ။-

ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု၍ မိ​မိ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​မေ့​လျော့​သ​ဖြင့်၊ ဗာ​လ​ဘု​ရား​များ၊ အာ​ရှ​ရ​ပင်​များ​ကို ဝတ်​ပြု​သော​ကြောင့်၊

ပတ်​ဝန်း​ကျင်​ရန်​သူ​လက်​မှ ကယ်​နုတ်​တော်​မူ​သော မိ​မိ​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို မ​အောက်​မေ့​ဘဲ၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ