Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တ​ရား​ဟော 4:32

Judson Bible

ဘု​ရား​သ​ခင်​သည် မြေ​ကြီး​ပေါ်​မှာ လူ​ကို​ဖန်​ဆင်း​တော်​မူ​သော​နေ့​မှ​စ၍၊ သင်​တို့ မ​ဖြစ်​မီ လွန်​လေ​ပြီး​သော​ကာ​လ​ပတ်​လုံး၊ မိုး​ကောင်း​ကင်​တစ်​ဖက်​မှ တစ်​ဖက်​တိုင်​အောင် မေး​မြန်း​ကြ​လော့။ ဤ​မျှ​လောက် ကြီး​သော​အ​မှု ဖြစ်​ဖူး​သ​လော။ ဤ​ကဲ့​သို့​သော အ​မှု၏​သ​တင်း​ကို ကြား​ဖူး​သ​လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ထို​သို့​ဘု​ရား​သ​ခင်​သည် မိ​မိ​ပုံ​သ​ဏ္ဌာန်​နှင့်​အ​ညီ လူ​ကို​ဖန်​ဆင်း​တော်​မူ​၏။ ဘု​ရား​သ​ခင်​၏​ပုံ​သ​ဏ္ဌာန်​တော်​နှင့်​အ​ညီ လူယောက်ျား၊ လူ​မိန်း​မ​ကို​ဖန်​ဆင်း​ပြီး​လျှင်၊

နာ​မ​တော်​ကို​ထင်​ရှား​စေ၍ အဲ​ဂု​တ္တု​ပြည်​အ​စ​ရှိ​သော အ​ခြား​သော​ပြည်​များ၊ သူ​တို့​ဘု​ရား​များ​တို့​မှ ရွေး​နုတ်​တော်​မူ​သော ကိုယ်​တော်၏​လူ​မျိုး​ရှေ့​တွင် လူ​မျိုး​တော်​အ​ဖို့​နှင့် ပြည်​တော်​အ​ဖို့ ကြောက်​မက်​ဖွယ်​သော အ​မှု​ကြီး​တို့​ကို​ပြု​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​ကြွ၍ ကိုယ်​တော်​အ​ဖို့​ရွေး​နုတ်​တော်​မူ​သော ကိုယ်​တော်၏​လူ ဣ​သ​ရေ​လ​အ​မျိုး​နှင့်​တူ​သော လူ​မျိုး​တစ်​စုံ​တစ်​မျိုး​သည် မြေ​ကြီး​ပေါ်​မှာ​ရှိ​ပါ​သ​လော။

လွန်​လေ​ပြီး​သော​ကာ​လ​ကို စစ်၍၊ ရှေး​ဘိုး​ဘေး​တို့​ကို မေး​မြန်း​ခြင်း​ငှာ အား​ထုတ်​ပါ​တော့။

အို​ဘု​ရား​သ​ခင်၊ ရှေး​လွန်​လေ​ပြီး​သော​ကာ​လ​တွင်၊ ဘိုး​ဘေး​တို့​လက်​ထက်၌ ပြု​တော်​မူ​သော​အ​မှု​ကို သူ​တို့​ပြော၍၊ အ​ကျွန်ုပ်​တို့​သည် ကိုယ်​တိုင်​ကြား​ရ​ကြ​ပါ​ပြီ။

ထာ​ဝ​ရ​ဘု​ရား​က၊ ကြည့်​ရှု​လော့။ ငါ​ပ​ဋိ​ညာဉ်​ပြု၏။ မြေ​ကြီး​ပေါ်​မှာ လူ​မျိုး၌ မ​ပြု​စ​ဖူး​သော အံ့​ဖွယ်​သော​အ​မှု​တို့​ကို သင်၏​လူ​မျိုး​ရှေ့​မှာ ငါ​ပြု​မည်။ သင်​တို့​အ​ဖို့ ငါ​ထာ​ဝ​ရ​ဘု​ရား​ပြု​ရ​သော​အ​မှု​သည် ကြောက်​မက်​ဖွယ်​သော​အ​မှု​ဖြစ်​ကြောင်း​ကို သင်​ပေါင်း​ဖော်​သော​လူ​အ​ပေါင်း​တို့​သည် မြင်​ရ​ကြ​လိမ့်​မည်။

မြေ​ကြီး​ကို ငါ​လုပ်​လေ​ပြီ။ မြေ​ကြီး​ပေါ်​မှာ လူ​ကို​လည်း ဖန်​ဆင်း​လေ​ပြီ။ မိုး​ကောင်း​ကင်​ကို ကိုယ်​လက်​နှင့် ငါ​ကြက်​လေ​ပြီ။ မိုး​ကောင်း​ကင်​တန်​ဆာ​အ​ပေါင်း​တို့​ကို ငါ​ခန့်​ထား​လေ​ပြီ။

အ​သက်​ကြီး​သော​သူ​တို့၊ ကြား​ကြ​လော့။ ပြည်​သူ​ပြည်​သား အ​ပေါင်း​တို့၊ နား​ထောင်​ကြ​လော့။ ဤ​သို့​သော​အ​မှု​သည် သင်​တို့ လက်​ထက်၌ ဖြစ်​ဖူး​သ​လော။ ဘိုး​ဘေး​တို့​လက်​ထက်၌ ဖြစ်​ဖူး​သ​လော။

မြေ​ကြီး​ပေါ်​မှာ​နေ​သော အ​မျိုး​သား​အ​ပေါင်း​တို့​တွင် သင်​တို့ တစ်​မျိုး​တည်း​ကို​သာ ငါ​လက်​ခံ​သော​ကြောင့်၊ သင်​တို့​အ​ပြစ် ရှိ​သ​မျှ​တို့​ကို ငါ​စစ်​ကြော​မည်။

လူ​သား​သည် မိ​မိ​တ​မန်​တို့​ကို​စေ​လွှတ်၍ တံ​ပိုး​ခ​ရာ​ကို ပြင်း​စွာ​မှုတ်​စေ​တော်​မူ​သ​ဖြင့်၊ သူ​တို့​သည် ရွေး​ချယ်​တော်​မူ​သော သူ​တို့​ကို အ​ရပ်​လေး​မျက်​နှာ၊ ကောင်း​ကင်​အောက်​ထက်​ဝန်း​ကျင်​တို့​မှ ခေါ်၍​စု​ရုံး​ကြ​လ​တ္တံ့။

ထို​အ​ခါ လူ​သား​သည် မိ​မိ​တ​မန်​တို့​ကို စေ​လွှတ်​သ​ဖြင့် မိ​မိ​ရွေး​ချယ်​သော​သူ​တို့​ကို အ​ရပ်​လေး​မျက်​နှာ ကောင်း​ကင်​အောက် ထက်​ဝန်း​ကျင်​တို့​မှ ခေါ်၍ စု​ရုံး​စေ​တော်​မူ​လ​တ္တံ့။

ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ မြေ​ကြီး​စွန်း​တစ်​ဖက်​မှ​သည် တစ်​ဖက်​တိုင်​အောင်၊ လူ​မျိုး​အ​ပေါင်း​တို့​တွင် သင့်​ကို အ​ရပ်​ရပ်​ကွဲ​ပြား​စေ​တော်​မူ​သ​ဖြင့်၊ သင်​နှင့် သင့်​ဘိုး​ဘေး​တို့​မ​သိ​ဖူး​သော အ​ခြား​တစ်​ပါး​သော​ဘု​ရား၊ သစ်​သား​ဘု​ရား၊ ကျောက်​ဘု​ရား​တို့​ကို ဝတ်​ပြု​ရ​လိမ့်​မည်။

သင်၏​လူ​အ​ချို့​တို့​သည် မိုး​ကောင်း​ကင်​အောက် အ​ဝေး​ဆုံး​သော​အ​ရပ်​သို့ နှင်​ထုတ်​ခြင်း​ကို ခံ​ရ​သော်​လည်း၊ ထို​အ​ရပ်​မှ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား သိမ်း​ယူ​ဆောင်​ခဲ့​တော်​မူ​လိမ့်​မည်။

ရှေး​ကာ​လ​ကို အောက်​မေ့​လော့။ လွန်​လေ​ပြီး​သော​နှစ်​ပေါင်း​များ​ကို ဆင်​ခြင်​လော့။ သင့်​အ​ဘ​ကို​မေး​မြန်း​လျှင် သူ​သည်​ဖော်​ပြ​လိမ့်​မည်။ အ​သက်​ကြီး​သူ​တို့​ကို​မေး​မြန်း​လျှင် သူ​တို့​သည် ပြော​ဆို​ကြ​လိမ့်​မည်။

အို​ဣ​သ​ရေ​လ​အ​မျိုး၊ သင်​သည် မင်္ဂ​လာ​ရှိ၏။ ထာ​ဝ​ရ​ဘု​ရား​ကယ်​တင်​တော်​မူ​သော​အ​မျိုး၊ သင်​နှင့်​အ​ဘယ်​သူ တူ​သ​နည်း။ ထို​ဘု​ရား​သည် သင့်​ကို ကွယ်​ကာ​သော​ဒိုင်း​လွှား၊ သင့်​ကို ချီး​မြှောက်​သော ဓား​လက်​နက်​ဖြစ်​တော်​မူ၏။ သင်၏​ရန်​သူ​တို့​သည် သင့်​ရှေ့​မှာ​ရှုံး၍၊ သင်​သည် သူ​တို့၏​မြင့်​မြတ်​သော​အ​ရပ်​တို့၌ နင်း​ရ​လိမ့်​မည်​ဟု မြွက်​ဆို၏။

ငါ​တို့​သည် ဆု​တောင်း​လေ​ရာ​ရာ၌၊ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား ကြည့်​ရှု​ပြု​စု​တော်​မူ​ခြင်း​ကျေး​ဇူး​ကို ခံ​ရ​သည်​နည်း​တူ၊ အ​ခြား​သော​ဘု​ရား​ကြည့်​ရှု​ပြု​စု​သော​ကျေး​ဇူး​ကို အ​ဘယ်​မည်​သော​လူ​မျိုး​ကြီး ခံ​ရ​သ​နည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ