ထာဝရဘုရားသည်လည်း၊ မီးထဲကသင်တို့အား မိန့်မြွက်တော်မူ၏။ သင်တို့သည် သဏ္ဌာန်တော်ကိုမမြင်ရဘဲ၊ စကားတော်အသံကိုသာ ကြားရကြ၏။
ထာဝရဘုရားကလည်း ကြည့်ရှုလော့။ သင်နှင့်ငါပြောသောအခါ လူများတို့သည်ကြား၍ အစဉ်အမြဲ သင့်ကိုယုံမည်အကြောင်း၊ မိုးတိမ်တိုက်၌ သင့်ဆီသို့ငါလာမည်ဟု မောရှေအားမိန့်တော်မူ၏။ မောရှေသည်လည်း ထာဝရဘုရား၏စကားတော်ကို လူများတို့အား ပြန်ပြောလေ၏။
ထာဝရဘုရားကလည်း၊ ဣသရေလအမျိုးသားတို့အား ပြန်ပြောရသော စကားဟူမူကား၊ ငါသည် ကောင်းကင်ဘုံမှ သင်တို့နှင့် နှုတ်ဆက်ကြောင်းကို သင်တို့သည် သိမြင်ကြပြီ။
သင်သည် လက်ယာဘက်၊ လက်ဝဲဘက်သို့ လမ်းလွဲလျှင်၊ ဤမည်သောလမ်းသည် မှန်၏။ ဤလမ်း၌သွားလော့ဟု သင့်နောက်၌ ပြောသောစကားသံကို ကိုယ်နားနှင့် ကြားရလိမ့်မည်။
သို့ဖြစ်၍၊ ဘုရားသခင်ကို အဘယ်သို့ ပုံပြရအံ့နည်း။ ဘုရားသခင်နှင့် အဘယ်မည်သော ပုံသဏ္ဌာန်တူသည်ဟု ဆိုရအံ့နည်း။
တော၌ ဟစ်ကြော်သောသူ၏အသံမှာ၊ ထာဝရဘုရား ကြွတော်မူရာလမ်းကို ပြင်ကြလော့။ ငါတို့ ဘုရားသခင်၏ လမ်းခရီးတော်ကို လွင်ပြင်၌ ဖြောင့်စေကြလော့။
တစ်ဖန် ထိုအသံက၊ ဟစ်ကြော်လော့ဟုဆိုလျှင် ငါက၊ အဘယ်အရာကို ဟစ်ကြော်ရမည်နည်းဟု မေးသော်၊ လူမျိုးရှိသမျှသည် မြက်ပင်ဖြစ်၏။ လူမျိုး၏ဘုန်းရှိသမျှသည်လည်း တောအပွင့်ကဲ့သို့ ဖြစ်၏။
သူ၌ဗျာဒိတ်ပေးသောအခါ၊ နက်နဲသောစကားအားဖြင့် မပေး၊ ကိုယ်တိုင်ကိုယ်ကြပ် ထင်ရှားစွာဗျာဒိတ်ပေးမည်။ သူသည် ထာဝရဘုရား၏ ပုံသဏ္ဌာန်ကိုလည်း မြင်ရမည်။ သို့ဖြစ်၍ သင်တို့သည် ငါ့ကျွန်မောရှေကို အဘယ်ကြောင့် အပြစ်တင်ဝံ့သနည်းဟု မိန့်တော်မူလျက်၊
ထိုသို့လျှောက်စဉ်တွင်၊ ထွန်းလင်းသောမိုးတိမ်သည် ထိုသူတို့ကို လွှမ်းမိုး၍၊ ဤသူသည် ငါနှစ်သက် မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်း။ သူ၏စကားကို နားထောင်ကြလော့ဟု မိုးတိမ်က အသံတော်ဖြစ်လေ၏။-
ဤသူကား ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်းဟု ကောင်းကင်က အသံတော်ဖြစ်လေ၏။
ပရောဖက်ဟေရှာယ ဟောဖူးသည်ကား၊ တော၌ဟစ်ကျော်သောသူ၏ အသံမှာ၊ ထာဝရဘုရား ကြွတော်မူရာလမ်းကို ပြင်ကြလော့။ လမ်းခရီးတော်ကို ဖြောင့်စေကြလော့ ဟူသောအချက်၌ ထိုယောဟန်ကို ဆိုလိုသတည်း။
သင်တို့စည်းဝေးသောနေ့၌ ထာဝရဘုရားသည် တောင်ပေါ်မှာ မီးထဲကမိန့်မြွက်တော်မူသော ပညတ်တော်ဆယ်ပါးတို့ကို၊ အရင်စာ၌လာသည်အတိုင်း၊ ထာဝရဘုရားသည်ရေးထား၍ ငါ့အားပေးတော်မူ၏။
သင်တို့သည် အနီးတော်သို့ချဉ်းကပ်၍၊ တောင်ခြေရင်း၌ ရပ်နေကြ၏။ တောင်ထိပ်သည် မိုးကောင်းကင်အလယ်၌ မီးလောင်လျက်၊ မည်းသောအဆင်း၊ မိုးတိမ်တိုက်၊ ထူထပ်သောမှောင်မိုက်နှင့် ပြည့်စုံလေ၏။
သင်တို့ကျင့်စရာဖို့ မှာထားတော်မူသော ပဋိညာဉ်တရားတည်းဟူသော ပညတ်တော်ဆယ်ပါးတို့ကို မိန့်မြွက်၍ ကျောက်ပြားနှစ်ပြားပေါ်၌ ရေးထားတော်မူ၏။
ဟောရပ်အရပ်၌ ထာဝရဘုရားသည် မီးထဲကသင်တို့အား မိန့်မြွက်တော်မူသောအခါ၊ မည်သည့်အဆင်းသဏ္ဌာန်ကိုမျှ မမြင်ရသည်ဖြစ်၍၊
ဘုရားသခင်သည် မီးထဲကမိန့်မြွက်တော်မူသံကို သင်တို့သည်ကြားသကဲ့သို့၊ အခြားသောလူမျိုးသည် ကြား၍၊ အသက်ချမ်းသာရဖူးသလော။
သင်တို့ကိုသွန်သင်၍ ကောင်းကင်ထဲက စကားတော်သံကို ကြားစေတော်မူပြီ။ မြေကြီးပေါ်မှာ ကြီးစွာသောမီးတော်ကိုလည်း ပြတော်မူ၍၊ သင်တို့သည် မီးထဲကစကားတော်ကို ကြားရကြပြီ။
ထိုစကားတော်ကို ထာဝရဘုရားသည် တောင်ပေါ်မှာမီး၊ မိုးတိမ်၊ ထူထပ်သောမှောင်မိုက်ထဲက ကြီးစွာသောအသံနှင့် သင်တို့စည်းဝေးရာ ပရိသတ်အပေါင်းတို့အားမိန့်မြွက်တော်မူ၏။ ထပ်၍ မိန့်မြွက်တော်မမူ။ ထိုစကားတော်ကိုလည်း ကျောက်ပြားနှစ်ပြားပေါ်မှာရေး၍ ငါ၌အပ်တော်မူ၏။
ထာဝရဘုရားသည် တောင်ပေါ်မှာ မီးထဲကသင်တို့နှင့် မျက်နှာချင်းဆိုင်၍ မိန့်မြွက်တော်မူ၏။
သင်တို့သည် စည်းဝေးကြသောနေ့၌ ထာဝရဘုရားသည် တောင်ပေါ်မှာ မီးထဲကမြွက်ဆိုတော်မူသော စကားတော်အလုံးစုံတို့ကို လက်ညှိုးတော်ဖြင့် ရေးထားသောကျောက်ပြားနှစ်ပြားတို့ကို ထာဝရဘုရားသည် ငါ့အားအပ်ပေးတော်မူ၏။
ထိုသားတော်သည် မျက်မြင်မရသော ဘုရားသခင်၏ ပုံသဏ္ဌာန်တော်ဖြစ်၏။ ဝေနေယျသတ္တဝါ အပေါင်းတို့တွင်လည်း သားဦးဖြစ်တော်မူ၏။-
တံပိုးမှုတ်ခြင်း အသံသို့လည်းကောင်း၊ နှုတ်ကပတ်တော် အသံသို့လည်းကောင်း၊ ရောက်ကြသည်မဟုတ်။ ထိုအသံတော်ကို ကြားသောသူတို့သည်၊ ထပ်၍ မိန့်တော်မမူမည်အကြောင်း တောင်းပန်ကြ၏။-