Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တ​ရား​ဟော 3:8

Judson Bible

ထို​အ​ခါ အာ​နုန်​မြစ်​မှ​စ၍ ဟေ​ရ​မုန်​တောင်​တိုင်​အောင်၊ ယော်​ဒန်​မြစ် အ​ရှေ့​ဘက်၌​ရှိ​သော​မြေ​ကို ငါ​တို့​သည်​သိမ်း​ယူ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

အာ​မော​ရိ​ရှင်​ဘု​ရင် ရှိ​ဟုန်၏​နိုင်​ငံ၊ ဗာ​ရှန်​ရှင်​ဘု​ရင်​ဩ​ဃ၏​နိုင်​ငံ၊ ဂိ​လဒ်​ပြည်​မှာ အ​ခြား​သော​မင်း​မ​ရှိ။ တစ်​ပါး​တည်း​စီ​ရင်​သော ဥ​ရိ၏​သား​ဂေ​ဗ​တည်း။

မ​နာ​ရှေ​အ​မျိုး​တစ်​ဝက်​သည်၊ ထို​ပြည်​တွင် ဗာ​ရှန်​မြို့​မှ​စ၍ ဗာ​လ​ဟေ​ရ​မုန်​မြို့၊ စ​နိ​ရ​မြို့၊ ဟေ​ရ​မုန်​တောင်​တိုင်​အောင် ပွား​များ​လျက်​နေ၏။

အ​ကျွန်ုပ်​စိတ်​ဝိ​ညာဉ်​သည် အ​ကျွန်ုပ်​အ​ထဲ​မှာ ညှိုး​ငယ်​လျက်​ရှိ​ပါ၏။ အ​ကြောင်း​မူ​ကား၊ ယော်​ဒန်​မြစ်​ကမ်း၊ ဟေ​ရ​မုန်​တောင်​ရိုး၊ မိ​ဇ​ရ​ကုန်း​ပေါ်​မှာ ကိုယ်​တော်​ကို အ​ကျွန်ုပ်​အောက်​မေ့​ပါ၏။

ရေ​ဘွေ​တော်​များ​အ​သံ​ဗ​လံ​နှင့်​တ​ကွ ဝဲ​ဩ​ဃ တစ်​ခု​ကို​တစ်​ခု ဟစ်​ခေါ်၍ လှိုင်း​တံ​ပိုး​တော်​အ​ပေါင်း​တို့​သည် အ​ကျွန်ုပ်​ကို လွှမ်း​မိုး​ကြ​ပါ​ပြီ။

မြောက်​မျက်​နှာ​နှင့် တောင်​မျက်​နှာ​ကို​လည်း ဖန်​ဆင်း​တော်​မူ​ပြီ။ တာ​ဗော်​တောင်​နှင့် ဟေ​ရ​မုန်​တောင်​သည် နာ​မ​တော်​ကို​အ​မှီ​ပြု၍ ရွှင်​လန်း​စွာ​သီ​ချင်း​ဆို​ကြ​ပါ၏။

ဗာ​ရှန်​ရှင်​ဘု​ရင်​ဩ​ဃ​တည်း​ဟူ​သော၊ ယော်​ဒန်​မြစ်​အ​ရှေ့၊ နေ​ထွက်​ရာ​ဘက်၌​နေ​သော အာ​မော​ရိ​ရှင်​ဘု​ရင်​နှစ်​ပါး​ကို လုပ်​ကြံ၍၊ သူ​တို့​ပြည်​ကို၊

အာ​နုန်​မြစ်​နား​မှာ​ရှိ​သော အာ​ရော်​မြို့​မှ​စ၍ ဟေ​ရ​မုန်​တောင်​တည်း​ဟူ​သော ဇိ​အုန်​တောင်​တိုင်​အောင်​လည်း​ကောင်း၊

ယော်​ဒန်​မြစ်​အ​ရှေ့ နေ​ထွက်​ရာ​ဘက်၌၊ အာ​နုန်​မြစ်​မှ​စ၍ ဟေ​ရ​မုန်​တောင်​တိုင်​အောင်၊ အ​ရှေ့​လွင်​ပြင်​ရှိ​သ​မျှ​ပါ​လျက်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် လုပ်​ကြံ၍ သိမ်း​ယူ​သော​ပြည်​ကို အ​စိုး​ရ​သော မင်း​ကြီး​များ​ဟူ​မူ​ကား၊

ရု​ဗင်​အ​မျိုး၊ ဂဒ်​အ​မျိုး၊ မ​နာ​ရှေ​အ​မျိုး​တစ်​ဝက်​တို့​သည် ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်၊ မော​ရှေ​ပေး​သည်​အ​တိုင်း မိ​မိ​တို့​အ​မွေ​မြေ​ကို​ခံ​ကြ​ပြီ​ဟု မိန့်​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ