ဟေရှဘုန်ရှင်ဘုရင် ရှိဟုန်ကိုပြုသကဲ့သို့၊ အရပ်ရပ်၌ ယောက်ျား၊ မိန်းမ၊ သူငယ်တို့ကို သုတ်သင်ပယ်ရှင်းကြ၏။
ဣသရေလအမျိုးကလည်း၊ ကိုယ်တော်သည်ဤလူမျိုးကို အကျွန်ုပ်တို့လက်သို့ အပ်တော်မူလျှင်၊ သူတို့မြို့များကို ရှင်းရှင်းဖျက်ဆီးပါမည်ဟု ထာဝရဘုရားအား သစ္စာကတိပြုလေ၏။
သင်တို့သည် ထ၍ခရီးသွားသဖြင့် အာနုန်မြစ်ကိုကူးကြလော့။ အာမောရိအမျိုး၊ ဟေရှဘုန်ရှင်ဘုရင်ရှိဟုန်နှင့် သူ၏မြေကို သင်တို့လက်၌ ငါအပ်သောကြောင့်၊ ထိုမြေကိုသိမ်းစပြု၍ ထိုမင်းကိုစစ်တိုက်ကြလော့။
ထိုအခါ သူ၏မြို့ရှိသမျှတို့ကို တိုက်ယူ၍၊ ယောက်ျားမိန်းမ သူငယ်တို့ကို တစ်ယောက်မျှမကြွင်းစေခြင်းငှာ ရှင်းရှင်းဖျက်ဆီးကြ၏။
သင်တို့သည် မုန့်ကိုမစား။ စပျစ်ရည်နှင့် သေရည်သေရက်ကို မသောက်ဘဲ နေသောကြောင့်၊ ထာဝရဘုရားသည် သင်တို့၏ ဘုရားသခင်ဖြစ်ကြောင်းကို သိရ၏။
ထာဝရဘုရားကလည်း၊ သူ့ကိုမကြောက်နှင့်။ သူနှင့်တကွ သူ၏လူအပေါင်းတို့ကိုလည်းကောင်း၊ သူ့မြေကိုလည်းကောင်း၊ သင့်လက်၌ငါအပ်ပေးမည်။ ဟေရှဘုန်မြို့နေ အာမောရိရှင်ဘုရင် ရှိဟုန်ကိုပြုသကဲ့သို့ ဤမင်းကိုလည်းပြုရမည်ဟု ငါ့အား မိန့်တော်မူ၏။
ထိုမြို့ရှိသမျှတို့သည် မြင့်သောမြို့ရိုး၊ မြို့တံခါးများ၊ ကန့်လန့်ကျင်များနှင့် ခိုင်ခံ့သောမြို့ဖြစ်သတည်း။ ထိုမှတစ်ပါး များစွာသောရွာတို့ကိုလည်း တိုက်ယူ၍ ရှင်းရှင်းဖျက်ဆီးကြ၏။
ထိုမြို့များ၌ လက်ရဥစ္စာနှင့် တိရစ္ဆာန်ရှိသမျှတို့ကို ဣသရေလလူတို့သည် ကိုယ်အဖို့သိမ်းယူကြ၏။ လူတို့ကို မဖျက်ဆီးမီတိုင်အောင် ရှိသမျှတို့ကို ဓားနှင့်လုပ်ကြံကြ၏။ တစ်ယောက်ကိုမျှ အရှင်မကျန်ကြွင်းစေကြ။