Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တ​ရား​ဟော 3:13

Judson Bible

ဂိ​လဒ်​တောင်​တစ်​ဝက်​နှင့် ဩ​ဃ​မင်း​အ​စိုး​ရ​သော နိုင်​ငံ​အ​ဝင်၊ အ​လွန်​ကြီး​မား​သော လူ​မျိုး​နေ​ရာ​ဟူ၍ ခေါ်​ဝေါ်​သော​အာ​ဂေါ​ဘ​တိုင်း၊ ဗာ​ရှန်​ပြည်​တစ်​ပြည်​လုံး​ကို မ​နာ​ရှေ​အ​မျိုး​သား​တစ်​ဝက်​အား ငါ​ပေး၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

တစ်​ဆယ်​လေး​နှစ်​မြောက်​လျှင်၊ ခေ​ဒေါ​ရ​လော​မာ​မင်း​သည်၊ မိ​မိ​ဘက်​က​နေ​သော မင်း​ကြီး​တို့​နှင့်​တ​ကွ​လာ၍၊ အာ​ရှ​တ​ရုတ်​ကာ​နိမ်​မြို့၌၊ ရေ​ဖိမ်​လူ​များ​ကို​လည်း​ကောင်း၊ ဟာ​မ​မြို့၌ ဇူ​ဇိမ်​လူ​များ​ကို​လည်း​ကောင်း၊ ကိ​ရ​ယ​သိမ်​ချိုင့်၌ ဧ​မိမ်​လူ​များ​ကို​လည်း​ကောင်း၊

ဟာ​ဇေ​လ​သည် ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်၊ ဂဒ်​အ​မျိုး၊ ရု​ဗင်​အ​မျိုး၊ မ​နာ​ရှေ​အ​မျိုး နေ​ရာ၊ အာ​နုန်​မြစ်​နား၌​ရှိ​သော အာ​ရော်​မြို့​မှ​စ၍ ဂိ​လဒ်​ပြည်၊ ဗာ​ရှန်​ပြည်​တစ်​လျှောက်​လုံး အ​ရပ်​ရပ်​တို့​ကို လုပ်​ကြံ​လေ၏။

သင်​တို့​သည် ဤ​အ​ရပ်​သို့​ရောက်​သော​အ​ခါ၊ ဟေ​ရှ​ဘုန်​ရှင်​ဘု​ရင် ရှိ​ဟုန်၊ ဗာ​ရှန်​ရှင်​ဘု​ရင် ဩ​ဃ​တို့​သည် ငါ​တို့​ကို​စစ်​တိုက်​ခြင်း​ငှာ ထွက်​လာ​သ​ဖြင့်၊ ငါ​တို့​သည် သူ​တို့​ကို​လုပ်​ကြံ၍၊

သူ​တို့​ပြည်​ကို သိမ်း​ယူ​ပြီး​မှ၊ ရု​ဗင်​အ​မျိုး၊ ဂဒ်​အ​မျိုး၊ မ​နာ​ရှေ​အ​မျိုး​တစ်​ဝက်၌ ပေး​လေ၏။

ထို​အ​ခါ ငါ​တို့​သိမ်း​ယူ​သော​မြေ​ကို၊ အာ​နုန်​မြစ်​နား​တွင်​ရှိ​သော အာ​ရော်​မြို့​မှ​စ၍ ဂိ​လဒ်​တောင်​တစ်​ဝက်​တိုင်​အောင်၊ မြို့​များ​နှင့်​တ​ကွ ရု​ဗင်​အ​မျိုး​သား၊ ဂဒ်​အ​မျိုး​သား​တို့​အား ငါ​ပေး၏။

မ​နာ​ရှေ​အ​မျိုး​သား ယာ​ဣ​ရ​သည်၊ အာ​ဂေါ​ဘ​တိုင်း​တစ်​တိုင်း​လုံး​ကို ဂေ​ရှု​ရ​ရွာ၊ မာ​ခါ​ရွာ​အ​ထိ​သိမ်း​ယူ​ပြီး​မှ၊ ယ​နေ့​တိုင်​အောင် မိ​မိ​အ​မည်​ကို​လိုက်၍ ဗာ​ရှန်​ဟာ​ဝုတ်​ယာ​ဣ​ရ​ပြည်​ဟု သ​မုတ်​လေ၏။

ထို​အ​ခါ ငါ​တို့​သည် မြို့​ခြောက်​ဆယ်​နှင့်​ပြည့်​စုံ​သော အာ​ဂေါ​ဘ​တိုင်း၊ ဗာ​ရှန်​ရှင်​ဘု​ရင် ဩ​ဃ​မင်း၏​နိုင်​ငံ​ကို၊ တစ်​မြို့​မျှ​မ​ကြွင်း​စေ​ခြင်း​ငှာ တိုက်​ယူ​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ