Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တ​ရား​ဟော 3:1

Judson Bible

ထို​အ​ခါ ငါ​တို့​သည်​လှည့်၍၊ ဗာ​ရှန်​ပြည်​သို့ ခ​ရီး​သွား​ကြ၏။ ဗာ​ရှန်​ရှင်​ဘု​ရင် ဩ​ဃ​သည်​လည်း မိ​မိ​လူ​အ​ပေါင်း​တို့​နှင့်​တ​ကွ ဧ​ဒြိ​အ​ရပ်​မှာ စစ်​တိုက်​ခြင်း​ငှာ​ချီ​လာ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

အာ​မော​ရိ​ရှင်​ဘု​ရင် ရှိ​ဟုန်၏​နိုင်​ငံ၊ ဗာ​ရှန်​ရှင်​ဘု​ရင်​ဩ​ဃ၏​နိုင်​ငံ၊ ဂိ​လဒ်​ပြည်​မှာ အ​ခြား​သော​မင်း​မ​ရှိ။ တစ်​ပါး​တည်း​စီ​ရင်​သော ဥ​ရိ၏​သား​ဂေ​ဗ​တည်း။

နောက်​မှ​တစ်​ပါး​အ​မျိုး​သား​တို့၏ တိုင်း​နိုင်​ငံ​များ​ကို သူ​တို့​အား အ​ကုန်​အ​စင်​ဝေ​ဖန်၍ ပေး​သ​နား​တော်​မူ​သ​ဖြင့်၊ သူ​တို့​သည် ဟေ​ရှ​ဘုန်​ရှင်​ဘု​ရင် ရှိ​ဟုန်​နှင့် ဗာ​ရှန်​ရှင်​ဘု​ရင်​ဩ​ဃ အ​စိုး​ရ​သော​ပြည်​တို့​ကို သိမ်း​ယူ​ကြ၏။

ထို​အ​ခါ ရှိ​ဟုန်​မင်း​သည် သူ၏​လူ​အ​ပေါင်း​တို့​နှင့်​တ​ကွ ယာ​ဟတ်​မြို့​မှာ ငါ​တို့​ကို​တိုက်​ခြင်း​ငှာ ထွက်​လာ၏။

သင်​တို့​သည် ဤ​အ​ရပ်​သို့​ရောက်​သော​အ​ခါ၊ ဟေ​ရှ​ဘုန်​ရှင်​ဘု​ရင် ရှိ​ဟုန်၊ ဗာ​ရှန်​ရှင်​ဘု​ရင် ဩ​ဃ​တို့​သည် ငါ​တို့​ကို​စစ်​တိုက်​ခြင်း​ငှာ ထွက်​လာ​သ​ဖြင့်၊ ငါ​တို့​သည် သူ​တို့​ကို​လုပ်​ကြံ၍၊

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သူ့​ကို​မ​ကြောက်​နှင့်။ သူ​နှင့်​တ​ကွ သူ၏​လူ​အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ သူ့​မြေ​ကို​လည်း​ကောင်း၊ သင့်​လက်၌​ငါ​အပ်​ပေး​မည်။ ဟေ​ရှ​ဘုန်​မြို့​နေ အာ​မော​ရိ​ရှင်​ဘု​ရင် ရှိ​ဟုန်​ကို​ပြု​သ​ကဲ့​သို့ ဤ​မင်း​ကို​လည်း​ပြု​ရ​မည်​ဟု ငါ့​အား မိန့်​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ အာ​မော​ရိ​ရှင်​ဘု​ရင် ရှိ​ဟုန်​နှင့် ဩ​ဃ​တို့၌​လည်း​ကောင်း၊ ဖျက်​ဆီး​တော်​မူ​သော သူ​တို့​ပြည်၌​လည်း​ကောင်း ပြု​သ​ကဲ့​သို့၊ ထို​ပြည်​သား အ​မျိုး​မျိုး​တို့၌ ပြု​တော်​မူ​လိမ့်​မည်။

ဗာ​ရှန်​ရှင်​ဘု​ရင်​ဩ​ဃ​တည်း​ဟူ​သော၊ ယော်​ဒန်​မြစ်​အ​ရှေ့၊ နေ​ထွက်​ရာ​ဘက်၌​နေ​သော အာ​မော​ရိ​ရှင်​ဘု​ရင်​နှစ်​ပါး​ကို လုပ်​ကြံ၍၊ သူ​တို့​ပြည်​ကို၊

ယော်​ဒန်​မြစ်​အ​ရှေ့ နေ​ထွက်​ရာ​ဘက်၌၊ အာ​နုန်​မြစ်​မှ​စ၍ ဟေ​ရ​မုန်​တောင်​တိုင်​အောင်၊ အ​ရှေ့​လွင်​ပြင်​ရှိ​သ​မျှ​ပါ​လျက်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် လုပ်​ကြံ၍ သိမ်း​ယူ​သော​ပြည်​ကို အ​စိုး​ရ​သော မင်း​ကြီး​များ​ဟူ​မူ​ကား၊

ဟေ​ရ​မုန်​တောင်​နှင့် သာ​လ​က​ပြည်​ကို​လည်း​ကောင်း၊ ဂေ​ရှု​ရိ​လူ၊ မာ​ခါ​သိ​လူ​နေ​သော ပြည်​စွန်း​တိုင်​အောင် ဗာ​ရှန်​ပြည် တစ်​လျှောက်​လုံး​ကို​လည်း​ကောင်း၊ ဟေ​ရှ​ဘုန်​ရှင်​ဘု​ရင် ရှိ​ဟုန်​ပိုင်​သော နိုင်​ငံ​စွန်း​တိုင်​အောင် ဂိ​လဒ်​ပြည်​တစ်​ဝက်​ကို​လည်း​ကောင်း အ​စိုး​ရ၍၊ အာ​ရှ​တ​ရုတ်​မြို့၊ ဧ​ဒြိ​မြို့၌​နေ​သော အ​လွန်​ကြီး​မား​သော​လူ​မျိုး​ထဲ​က ကျန်​ကြွင်း​သော​သူ ဗာ​ရှန်​ရှင်​ဘု​ရင်​ဩ​ဃ​တစ်​ပါး၊

မ​ဟာ​နိမ်​မြို့​မှ​စ၍ ဗာ​ရှန်​ပြည်​တည်း​ဟူ​သော ဗာ​ရှန်​ရှင်​ဘု​ရင်​ဩ​ဃ၏ နိုင်​ငံ​တစ်​လျှောက်​လုံး၊ ဗာ​ရှန်​ပြည်၌​ပါ​သော ယာ​ဣ​ရ​မြို့​ခြောက်​ဆယ်​ကို အ​မွေ​ခံ​ရ​သ​တည်း။

ယော်​ဒန်​မြစ် အ​ရှေ့​ဘက်၌​နေ​သော အာ​မော​ရိ​မင်း​ကြီး၊ ဟေ​ရှ​ဘုန်​ရှင်​ဘု​ရင် ရှိ​ဟုန်၊ အာ​ရှ​တ​ရုတ်​မြို့​မှာ​နေ​သော ဗာ​ရှန်​ရှင်​ဘု​ရင် ဩ​ဃ​တို့၌ ပြု​တော်​မူ​သ​မျှ​ကို​လည်း​ကောင်း ကြား​ပါ​ပြီ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ