တရားဟော 28:4Judson Bibleသားသမီးအားဖြင့်လည်းကောင်း၊ မြေအသီးအနှံအားဖြင့်လည်းကောင်း၊ တိရစ္ဆာန်ဖွားသော သားငယ်အားဖြင့်လည်းကောင်း၊ သိုးနွား အစီးအပွားအားဖြင့်လည်းကောင်း မင်္ဂလာရှိလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
သင့်ကိုမစတော်မူသော သင့်အဘ၏ဘုရားသခင်အားဖြင့်လည်းကောင်း၊ သင့်ကို ကောင်းချီးပေးတော်မူသော အနန္တတန်ခိုးရှင်အားဖြင့်လည်းကောင်း ခိုင်မာလျက်ရှိ၏။ ထိုဘုရားသည် အထက်မိုးကောင်းကင်၏မင်္ဂလာ၊ အောက်နက်နဲသောအရပ်၏မင်္ဂလာ၊ သားမြတ်နှင့်ဆိုင်သောမင်္ဂလာ၊ ဝမ်းနှင့်ဆိုင်သောမင်္ဂလာတို့ဖြင့် သင့်ကိုကောင်ချီးပေးတော်မူပါစေသော။
သင့်ကိုချစ်သဖြင့် ကောင်းချီးပေး၍ များပြားစေတော်မူမည်။ သင့်အားပေးခြင်းငှာ၊ သင်၏ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသောပြည်၌ သင်ဖွားမြင်သော သားတို့ကိုလည်းကောင်း၊ သင်၏မြေအသီးအနှံ၊ စပါး၊ စပျစ်ရည်၊ ဆီ၊ နွား၊ အစီးအပွား၊ သိုးစုတို့ကိုလည်းကောင်း ကောင်းချီးပေးတော်မူမည်။