ထိုအရပ်၌လည်း သင်၏ဘုရားသခင် ထာဝရဘုရားအဖို့၊
ထိုအိမ်တော်ကို တည်လုပ်သောအခါ၊ ထိုအရပ်သို့မဆောင်ခဲ့မီ ဆစ်ပြီးသော ကျောက်တို့ဖြင့်သာတည်လုပ်သောကြောင့်၊ သံတူ၊ ပုဆိန်၊ သံတန်ဆာနှင့်လုပ်သောအသံ မမြည်ရ။
သင်သည် ကျောက်ယဇ်ပလ္လင်ကို ငါ့အဖို့တည်လျှင်၊ ဆစ်သောကျောက်ကို မတည်ရ။ သံတန်ဆာပါ၍ တည်သောယဇ်ပလ္လင်သည် ညစ်ညူးခြင်းရှိ၏။
မောရှေသည် ထာဝရဘုရား၏စကားတော်အလုံးစုံတို့ကို ရေးထားပြီးမှ၊ နံနက်စောစောထ၍၊ တောင်ခြေရင်း၌ယဇ်ပလ္လင်ကိုလည်းကောင်း၊ ဣသရေလအမျိုး တစ်ဆယ်နှစ်မျိုးနှင့်အမျှ ကျောက်တိုင် တစ်ဆယ်နှစ်တိုင်ကိုလည်းကောင်း တည်လေ၏။
ယဇ်ပလ္လင်ကို ကျောက်နှင့်တည်ရမည်။ သံတန်ဆာကို မသုံးဆောင်ဘဲ၊ မကွဲမပြတ်သောကျောက်တို့နှင့် တည်ရမည်။ သင်၏ဘုရားသခင် ထာဝရဘုရားအား မီးရှို့ရာယဇ်တို့ကို ထိုပလ္လင်ပေါ်မှာ ပူဇော်ရမည်။