Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တ​ရား​ဟော 24:6

Judson Bible

ကြိတ်​ဆုံ​အ​ပေါ် ကျောက်​ပြား​ကို​ဖြစ်​စေ၊ အောက်​ကျောက်​ပြား​ကို ဖြစ်​စေ၊ အ​ဘယ်​သူ​မျှ အ​ပေါင်​မ​ယူ​ရ။ ထို​သို့​ယူ​လျှင်၊ သူ့​အ​သက်​ကို အ​ပေါင်​ယူ​သည်​နှင့်​တူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

သို့​ဖြစ်၍ ကျွန်​တော်​သည် ကိုယ်​တော်​ကျွန်၊ ကျွန်​တော်​အ​ဘ​ထံ​သို့​ရောက်​သော​အ​ခါ၊ သူ​ငယ်​မ​ပါ​လျှင် အ​ဘ၏​အ​သက်​သည် သူ​ငယ်၏​အ​သက်၌ မှီ​လျက်​ရှိ​သော​ကြောင့်၊

သင်​သည် ညီ​အစ်​ကို​ပေါင်​ထား​သော ဥ​စ္စာ​ကို မ​တ​ရား​သ​ဖြင့် ခံ​ယူ​ပြီ။ ဆင်း​ရဲ​သော​သူ​တို့၏ အ​ဝတ်​ကို​လည်း ချွတ်​ယူ​ပြီ။

ကြိတ်​ဆုံ​ကြိတ်​သော သူ​နှစ်​ယောက်​တို့​တွင် တစ်​ယောက်​ကို​သိမ်း​ယူ၍ တစ်​ယောက်​မူ​ကား နေ​ရစ်​ရ​လ​တ္တံ့။-

ထို​မှ​တစ်​ပါး လော​ဘ​လွန်​ကျူး​ခြင်း​ကို သ​တိ​နှင့် ကြဉ်​ရှောင်​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ စည်း​စိမ်​ရှိ​သော်​လည်း စည်း​စိမ်၌ အ​သက်​မ​တည်​ဟု မိန့်​တော်​မူ၏။

သင်​သည် မြို့​တစ်​စုံ​တစ်​မြို့​ကို တိုက်​ယူ​ခြင်း​ငှာ ကြာ​မြင့်​စွာ​ဝိုင်း​ထား​လျှင်၊ သစ်​ပင်​များ​ကို မ​ခုတ်​မ​ဖြတ်​ရ။ မြေ၌​ပေါက်​သော အ​ပင်​တို့​သည် လူ​အ​သက်​မွေး​ဖို့​ရာ ဖြစ်​သော​ကြောင့် အ​သီး​ကို​သာ​စား​ရ​မည်။ မြို့​ကို​ဝိုင်း​ထား​ရာ အ​မှု​ကို​ဆောင်၍ အ​ပင်​ကို​မ​လှဲ​ရ။

အိမ်​ထောင်​ဖက်​ပြု​စ​ရှိ​သော​သူ​သည် စစ်​တိုက်​မ​သွား​ရ။ မင်း​အ​မှု​ကို မ​ဆောင်​ရ။ တစ်​နှစ်​ပတ်​လုံး ကိုယ်​အိမ်၌​အ​လွတ်​နေ၍ မ​ယား​ကို ကျွေး​မွေး​ပြု​စု​ရ​မည်။

လူ​သည် မိ​မိ​အ​မျိုး​သား​ချင်း​ဖြစ်​သော ဣ​သ​ရေ​လ​အ​မျိုး​သား​ကို​ခိုး၍ ကျွန်​အ​ရာ၌ ထား​သည်​ဖြစ်​စေ၊ ရောင်း​သည်​ဖြစ်​စေ၊ ထို​သူ​ခိုး​ကို​တွေ့​မိ​လျှင် အ​သေ​သတ်​ရ​မည်။ သင်​တို့​တွင် ဒု​စ​ရိုက်​အ​ပြစ်​ကို ထို​သို့​ပယ်​ရှား​ရ​ကြ​မည်။

စောင်း​သ​မား၊ အ​ငြိမ့်​သ​မား၊ ပု​လွေ​သ​မား၊ တံ​ပိုး​သ​မား​များ တီး​မှုတ်​သော​အ​သံ​လည်း သင့်​အ​ထဲ၌ နောက်​တစ်​ဖန် မ​မြည်​ရ။ အ​မျိုး​မျိုး​သော လက်​တတ်​သ​မား​တို့​တွင် တစ်​ယောက်​မျှ သင့်​အ​ထဲ၌ နောက်​တစ်​ဖန် မ​ပေါ်​မ​ရှိ​ရ။ ကြိတ်​ဆုံ​သံ​လည်း သင့်​အ​ထဲ၌ နောက်​တစ်​ဖန် မ​မြည်​ရ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ