အမ္မုန်အမျိုးသား၊ မောဘအမျိုးသားသည်လည်း၊ ထာဝရဘုရား၏ ပရိသတ်တော်၌ အပါအဝင်မဖြစ်ရ။ ကာလအစဉ်မကုန်၊ ဆယ်ဆက်မြောက်အောင် မဝင်ရ။
ထိုကာလ၊ အာဇုတ်အမျိုး၊ အမ္မုန်အမျိုး၊ မောဘအမျိုးသမီးနှင့် စုံဖက်သော ယုဒလူအချို့တို့ကို ငါမြင်၏။
သူ့အနားမှာရှိသော အမ္မုန်အမျိုးသား တောဘိကလည်း၊ သူတို့တည်သော ကျောက်ရိုးကို တောခွေးထိခိုက်လျှင် ပြိုလဲလိမ့်မည်ဟု ပြန်ပြော၏။
ယေရုရှလင်မြို့ရိုးမြင့်၍ ပြိုပျက်ရာတို့ကို ပြင်စပြုကြသည်ဟု သမ္ဘာလတ်နှင့် တောဘိအစရှိသော အာရပ်လူ၊ အမ္မုန်လူ၊ အာဇုတ်လူတို့သည် ကြားသောအခါ၊ အလွန်ဒေါသစိတ်ရှိသဖြင့်၊
ထာဝရဘုရား၌ မှီဝဲသော တစ်ပါးအမျိုးသားက၊ ထာဝရဘုရားသည် ငါ့ကို မိမိလူမျိုးနှင့် ရှင်းရှင်းခွဲထားတော်မူပြီဟု မဆိုစေနှင့်။ မိန်းမလျှာကလည်း၊ ငါသည် သွေ့ခြောက်သောအပင်ဖြစ်သည်ဟု မဆိုစေနှင့်။
အမ္မုန်အမျိုးသားတို့ကို ရည်မှတ်၍ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဣသရေလ၌ သားမရှိသလော။ အမွေခံ မရှိသလော။ မိလကုံဘုရားသည် ဂဒ်ပြည်ကို အဘယ်ကြောင့် သိမ်းယူသနည်း။ သူ့တပည့်တို့သည် ဂဒ်မြို့တို့၌ အဘယ်ကြောင့် နေကြသနည်း။
ရန်သူသည် သူ၏စည်းစိမ်ကို လုယူပါပြီ။ ပရိသတ်တော်ထဲသို့ မဝင်ရဟု မြစ်တားတော်မူသော သာသနာပလူတို့သည် သူ၏ သန့်ရှင်းရာဌာနတောင်ထဲသို့ဝင်ကြောင်းကို သူမြင်ရပါ၏။
ကိုယ်နှင့်စပ်ဆိုင်သောသူကို ချစ်လော့။ ရန်သူကို မုန်းလော့ဟူသော ပညတ်စကားကို သင်တို့ ကြားရပြီ။-
မျောက်မထား၍ရသောသားသည် ထာဝရဘုရား၏ပရိသတ်တော်၌ အပါအဝင်မဖြစ်ရ။ ဆယ်ဆက်မြောက်အောင် မဝင်ရ။
အမျိုးသားချင်းက၊ ကျွန်ုပ်သည် ကိုယ်အဖို့မရွေးနိုင်ပါ။ ရွေးလျှင် ကိုယ်အမွေဥစ္စာကိုဖျက်မည် စိုးရိမ်စရာရှိ၏။ ကျွန်ုပ်မရွေးနိုင်သောကြောင့်၊ ကျွန်ုပ်ရွေးပိုင်သောအရာကို ကိုယ်အဖို့ရွေးပါတော့ဟု ပြန်ပြော၏။