Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တ​ရား​ဟော 22:4

Judson Bible

ညီ​အစ်​ကို​၏ မြည်း​နွား​သည် လမ်း၌​လဲ​လျက်​ရှိ​သည်​ကို ကြည့်၍​မ​နေ​ရ။ ညီ​အစ်​ကို​နှင့်​ဝိုင်း၍ ဆက်​ဆက် မ​စ​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ငါ​ပ​ညတ်​သည်​ကား၊ သင်​တို့​သည် ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သော သင်​တို့​အ​ဘ၏ သား​ဖြစ်​လို​သော​ငှာ၊ သင်​တို့၏​ရန်​သူ​တို့​ကို ချစ်​ကြ​လော့။ သင်​တို့​ကို ကျိန်​ဆဲ​သော​သူ​တို့​အား မေ​တ္တာ​ပို့​ကြ​လော့။ သင်​တို့​ကို မုန်း​သော​သူ​တို့​အား ကျေး​ဇူး​ပြု​ကြ​လော့။ သင်​တို့​ကို နှောင့်​ယှက်​ညှဉ်း​ဆဲ​သော သူ​တို့​အ​ဖို့ ဘု​ရား​သ​ခင်​ကို ဆု​တောင်း​ကြ​လော့။-

သို့​ဖြစ်၍၊ အား​ရှိ​သော​ငါ​တို့​သည် ကိုယ်​အ​လို​သို့​မ​လိုက်၊ အား​နည်း​သော​သူ​တို့၏ အား​နည်း​ခြင်း​ကို သည်း​ခံ​ရ​ကြ​မည်။-

ငါ​သည်​သင်​တို့​ကို ချစ်​ခြင်း​မေ​တ္တာ​စိတ် တိုး​ပွား​သည်​အ​တိုင်း သင်​တို့​သည် ငါ့​ကို​ချစ်​ခြင်း​မေ​တ္တာ​စိတ် ဆုတ်​ယုတ်​သော်​လည်း၊ သင်​တို့ စိတ်​ဝိ​ညာဉ်၏ အ​ကျိုး​အ​လို​ငှာ ငါ​သည် ကိုယ်​ဥ​စ္စာ​ကို​လည်း​ကောင်း၊ ကိုယ်​ကို​လည်း​ကောင်း၊ ကုန်​စေ​ခြင်း​ငှာ အ​လွန်​စေ​တ​နာ​ရှိ၏။

မြည်း​ဖြစ်​စေ၊ အ​ဝတ်​ဖြစ်​စေ၊ ညီ​အစ်​ကို၏​ဥ​စ္စာ တစ်​စုံ​တစ်​ခု​ပျောက်၍ သင်​တွေ့​မိ​လျှင်၊ ကြည့်၍​မ​နေ​ဘဲ ထို​အ​တူ​ပြု​ရ​မည်။

မိန်း​မ​သည် ယောက်ျား​အ​ဝတ်​ကို မ​ဝတ်​ရ။ ယောက်ျား​သည်​လည်း မိန်း​မ​အ​ဝတ်​ကို မ​ဝတ်​ရ။ ထို​သို့​ဝတ်​သော​သူ​ရှိ​သ​မျှ​တို့​ကို သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် စက်​ဆုပ်​ရွံ​ရှာ​တော်​မူ၏။

တစ်​ဖန်​တုံ၊ ညီ​အစ်​ကို​တို့၊ မ​တ​ရား​စွာ​ပြု​သော​သူ​တို့​ကို သ​တိ​ပေး​ကြ​လော့။ စိတ်​ငယ်​သော​သူ​တို့​ကို အား​ပေး​ကြ​လော့။ အား​နည်း​သော သူ​တို့​ကို ထောက်​မ​ကြ​လော့။ ခပ်​သိမ်း​သော​သူ​တို့​အား ရှည်​သော​စိတ် ရှိ​စေ​ကြ​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ