Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တ​ရား​ဟော 22:1

Judson Bible

သင့်​ညီ​အစ်​ကို၏ သိုး​နွား​သည် လမ်း​လွဲ​သည်​ကို ကြည့်၍​မ​နေ​ရ။ ညီ​အစ်​ကို​ထံ​သို့ ဆက်​ဆက်​ပြန်​ပို့​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

21 ပူးပေါင်းရင်းမြစ်များ  

သင်္ချိုင်း​သို့​ထုတ်၍ အ​သေ​ခံ​လု​သော​သူ​တို့​ကို သင်​သည် နုတ်​အံ့​သော​ငှာ၊ အား​မ​ထုတ်​ဘဲ​နေ​လျက်၊

ကိုယ်​အ​ဆွေ​ခင်​ပွန်း​နှင့် အ​ဘ၏​အ​ဆွေ​ခင်​ပွန်း​ကို မ​စွန့်​နှင့်။ အ​မှု​ရောက်​သော​ကာ​လ၌၊ ညီ​အစ်​ကို​အိမ်​သို့​မ​သွား​နှင့်။ နီး​သော​အိမ်​နီး​ချင်း​သည် ဝေး​သော​ညီ​အစ်​ကို​ထက် သာ၍​ကောင်း၏။

ဆင်း​ရဲ​သား​တို့​အား စွန့်​ကြဲ​သော​သူ​သည် ကိုယ်​တိုင်​မ​ဆင်း​ရဲ​ရာ။ လွှဲ​ရှောင်​သော​သူ​မူ​ကား၊ များ​စွာ​သော​ကျိန်​ဆဲ​ခြင်း​ကို ခံ​ရ​လိမ့်​မည်။

မွတ်​သိပ်​သော​သူ​ကို အ​စာ​ကျွေး​ခြင်း၊ နေ​ရာ​မ​ရှိ၊ ဆင်း​ရဲ​သော​သူ​တို့​ကို ကိုယ်​အိမ်​သို့​ဆောင်​ခြင်း၊ အ​ဝတ်​မ​ရှိ​သော​သူ​ကို​မြင်​လျှင်၊ အ​ဝတ်​ကို​ပေး​ခြင်း၊ ကိုယ်​အ​သား​ကို မ​ရှောင်​ဘဲ​နေ​ခြင်း မ​ဟုတ်​လော။

ယာ​ကုပ်​အ​မျိုး​သား​တို့​တွင် မျက်​နှာ​တော်​ကို ကွယ်​ထား​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​ကို ငါ​သည် ဆိုင်း​ငံ့​လျက် မျှော်​လင့်​မည်။

ပျောက်​သော​သိုး​ကို ငါ​ရှာ​မည်။ သူ​တစ်​ပါး​နှင်​သော​သိုး​ကို လိုက်၍​ဆောင်​ခဲ့​မည်။ အ​ရိုး​ကျိုး​သော သိုး​ကို အ​ဝတ်​နှင့်​စည်း​မည်။ အား​နည်း​သော သိုး​ကို မ​စ​မည်။ ဆူ​ဖြိုး၍ အား​ရှိ​သော​သိုး​ကို​ကား၊ တ​ရား​အ​တိုင်း​ကျွေး​မွေး၍ ကွပ်​မျက်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

အား​နည်း​သော​သိုး​ကို မ မ​စ​ကြ၊ နာ​သော​သိုး​တို့​ကို ဆေး​မ​ကု​ကြ၊ အ​ရိုး​ကျိုး​သော​သိုး​ကို အ​ဝတ်​နှင့်​မ​စည်း​ကြ၊ သူ​တစ်​ပါး​နှင်​သော သိုး​ကို လိုက်၍​မ​ဆောင်​ခဲ့​ကြ၊ ပျောက်​သော​သိုး​ကို မ​ရှာ​ကြ၊ အ​နိုင်​အ​ထက်​ပြု၍ ကြမ်း​တမ်း​စွာ စီ​ရင်​ကြ​ပြီ။

မိ​မိ​သား​ကို မော​လုတ်​ဘု​ရား​အား ဆက်​ကပ်​သော​သူ​ကို ပြည်​သား​တို့​သည် အ​မှု​မ​ထား၊ မ​သတ်​ဘဲ​နေ​လျှင်၊

ပျောက်​သော​ဥ​စ္စာ​ကို တွေ့​သော​အ​ခါ၊ မု​သား​စ​ကား​ကို​ပြော၍ မ​ဟုတ်​မ​မှန်​ဘဲ ကျိန်​ဆို​သော်​လည်း​ကောင်း၊ ထို​သို့​သော ဒု​စ​ရိုက်​တစ်​စုံ​တစ်​ခု​ကို​ပြု၍ ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​မိ​လျှင်၊

တ​ရား​အ​မှု​ကို တ​ရား​သ​ဖြင့် စီ​ရင်​ကြ​လော့။ သ​နား​ခြင်း​က​ရု​ဏာ​စိတ်​နှင့် တစ်​ယောက်​ကို တစ်​ယောက် ကျေး​ဇူး​ပြု​ကြ​လော့။

ဣ​သ​ရေ​လ​အ​မျိုး၊ ပျောက်​လွင့်​သော သိုး​များ​ရှိ​ရာ​သို့ အ​ရင်​သွား​ကြ​လော့။-

ကိုယ်​တော်​က​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး​အ​ဝင် ပျောက်​လွင့်​သော သိုး​များ​မှ​တစ်​ပါး အ​ခြား​သော​အ​မျိုး​ရှိ​ရာ​သို့ ငါ့​ကို​မ​စေ​လွှတ်​ဟု မိန့်​တော်​မူ၏။-

မော​ရှေ၏ ပ​ည​တ္တိ​ကျမ်း​စာ၌​လာ​သည်​ကား၊ စ​ပါး​နင်း​နယ်​သော နွား၏​နှုတ်​ကို မ​ချုပ်​တည်း​ရ​ဟု လာ၏။ ဘု​ရား​သ​ခင်​သည် နွား​ကို​သာ ပ​မာ​ဏ​ပြု​တော်​မူ​သ​လော။-

ညီ​အစ်​ကို ဝေး​သော်​လည်း​ကောင်း၊ သူ့​ကို မ​သိ​သော်​လည်း​ကောင်း၊ ထို​သိုး​နွား​ကို ကိုယ်​အိမ်​သို့ ဆောင်​ခဲ့​ရ​မည်။ ညီ​အစ်​ကို​သည် မ​ရှာ၊ သူ၌ မ​အပ်​မီ​တိုင်​အောင် ကိုယ်​အိမ်၌ ထား​ရ​မည်။

သင်​တို့​သည် အ​ထက်​က​လမ်း​လွဲ၍ ပျောက်​သော​သိုး​ကဲ့​သို့ ဖြစ်​ကြ၏။ ယ​ခု​မူ​ကား၊ သိုး​ထိန်း​တည်း​ဟူ​သော သင်​တို့၏​ဝိ​ညာဉ်​တို့​ကို အုပ်​စိုး​ကြည့်​ရှု​တော်​မူ​သော အ​ရှင်​ထံ​သို့ ပြန်​ရောက်​ကြ​ပြီ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ