Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တ​ရား​ဟော 21:3

Judson Bible

အ​သေ​ကောင်​နှင့် အ​နီး​ဆုံး​သော​မြို့၌ အ​သက်​ကြီး​သူ​တို့​သည် ထမ်း​ပိုး​တင်​ခြင်း၊ စေ​ခိုင်း​ခြင်း​ကို မ​ပြု​ဖူး​သေး​သော နွား​သ​ငယ်​ကို​ယူ၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ဧ​ဖ​ရိမ်​က၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို ဆုံး​မ​တော်​မူ​ပြီ။ အ​ကျွန်ုပ်​သည် ရိုင်း​သော​နွား​လား​ကဲ့​သို့ ဆုံး​မ​ခြင်း​ကို ခံ​ရ​ပါ​ပြီ။ အ​ကျွန်ုပ်​ကို သွေး​ဆောင်​တော်​မူ​ပါ။ သို့​ပြု​လျှင်၊ အ​ကျွန်ုပ်​သည် ပြန်​လာ​ပါ​မည်။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်၏ ဘု​ရား​သ​ခင် ဖြစ်​တော်​မူ၏။

အ​ပြစ်​မ​ပါ၊ တစ်​ခါ​မျှ​ထမ်း​ပိုး​မ​တင်၊ ကွက်​ကျား​ခြင်း​မ​ရှိ၊ အ​ဆင်း​နီ​သော နွား​မ​ပျို​ကို၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဆောင်​ခဲ့​မည်​အ​ကြောင်း ဆင့်​ဆို​လော့။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မော​သ​ရုတ်​အ​ရပ်​မှ ခ​ရီး​သွား၍၊ ဗင်္ယာ​ကန်​အ​ရပ်၌ စ​ခန်း​ချ​ကြ၏။ ထို​အ​ရပ်​မှ​ခ​ရီး​သွား၍ ဟော​ရ​ဂိဒ်​ဂဒ်​အ​ရပ်၌ စ​ခန်း​ချ​ကြ၏။ ထို​အ​ရပ်​မှ​ခ​ရီး​သွား၍ ချောင်း​မြစ်​များ​ရာ ယု​ပ္ဘာ​သ​အ​ရပ်၌ စ​ခန်း​ချ​ကြ၏။ ထို​အ​ရပ်​မှ ခ​ရီး​သွား၍ ဧ​ဗြော​န​အ​ရပ်၌ စ​ခန်း​ချ​ကြ၏။ ထို​အ​ရပ်​မှ​ခ​ရီး​သွား၍ ဧ​ဇ​ယုန်​ဂါ​ဗာ​အ​ရပ်၌ စ​ခန်း​ချ​ကြ၏။ ထို​အ​ရပ်​မှ​ခ​ရီး​သွား၍ ဇိ​န​တော​ကာ​ဒေ​ရှ​အ​ရပ်၌ စ​ခန်း​ချ​ကြ၏။ ထို​အ​ရပ်​မှ​ခ​ရီး​သွား၍ ဟော​ရ​တောင်၌ စ​ခန်း​ချ​ကြ၏။ ထို​အ​ရပ်၌ အာ​ရုန်​သည် အ​နိ​စ္စ​ရောက်၍၊ သူ့​ကို​သင်္ဂြိုဟ်​ရ၏။ သူ၏​သား​ဧ​လာ​ဇာ​သည် အ​ဘ၏​အ​ရာ၌ ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို ဆောင်​ရ၏။

သင်၌ အ​သက်​ကြီး​သူ၊ တ​ရား​သူ​ကြီး​တို့​သည် ထွက်၍၊ ပတ်​ဝန်း​ကျင်​မြို့​ရွာ​များ​တိုင်​အောင် တိုင်း​ထွာ​ရ​ကြ​မည်။

လယ်​မ​လုပ် မျိုး​စေ့​မ​ကြဲ​နိုင်​အောင် ရေ​မ​ပြတ်​သော​ချောင်း​သို့ ဆောင်​သွား၍၊ ထို​ချောင်း၌ နွား​လည်​ပင်း​ကို ဖြတ်​ပြီး​မှ၊

ထို​သို့ လူ၏ ဂုဏ်​အင်္ဂါ​လ​က္ခ​ဏာ​နှင့် ပြည့်​စုံ​လျက်၊ အ​သေ​ခံ​ခြင်း​သာ​မ​ဟုတ်၊ လက်​ဝါး​ကပ်​တိုင်​မှာ အ​သေ​ခံ​ခြင်း​တိုင်​အောင် အ​စေ​ကျွန်​ခံ၍ ကိုယ်​ကို​ကိုယ်​နှိမ့်​ချ​တော်​မူ၏။-

ယ​ခု​မှာ လှည်း​သစ်​ကို​လုပ်​ပြီး​မှ ထမ်း​ပိုး​မ​တင်၊ သား​ငယ်​ရှိ​သော နွား​မ​နှစ်​ကောင်​ကို လှည်း၌​က၍၊ နွား​သ​ငယ်​တို့​ကို သူ့​နေ​ရာ​သို့ ပို့​ကြ​လော့။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ