Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တ​ရား​ဟော 2:9

Judson Bible

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ မော​ဘ​ပြည်​သား​တို့​ကို မ​နှောင့်​ယှက်​နှင့်။ စစ်​မ​တိုက်​နှင့်။ သူ​တို့​ပြည်​ကို သင့်​အား​ငါ​အ​ပိုင်​မ​ပေး။ အာ​ရ​ပြည်​ကို လော​တ​အ​မျိုး​သား​တို့​အား ငါ​အ​ပိုင်​ပေး​ပြီ​ဟု ငါ့​အား​မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ယ​ခု​တွင်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အဲ​ဂု​တ္တု​ပြည်​မှ ထွက်​လာ​သော​အ​ခါ၊ တိုက်​ရ​သော​အ​ခွင့် ပေး​တော်​မ​မူ။ လွှဲ​ရှောင်၍ မ​ဖျက်​ဆီး​ဘဲ​ထား​ခဲ့​သော အ​မ္မုန်​အ​မျိုး​သား၊ မော​ဘ​အ​မျိုး​သား၊ စိ​ရ​တောင်​သား​တို့​သည်၊

အာ​ရှု​ရိ​အ​မျိုး​သား​တို့​သည်​လည်း၊ ဝိုင်း၍ လော​တ​အ​မျိုး​သား​တို့​ဘက်​သို့ ဝင်​ကြ​ပါ၏။

မော​ဘ​ပြည်​နှင့် ဆိုင်​သော ဗျာ​ဒိတ်​တော်​ကား၊ လုပ်​ကြံ​သော​ည​အ​ခါ၊ မော​ဘ​ပြည်​အာ​ရ​မြို့​သည် ပျက်​စီး၏။ လုပ်​ကြံ​သော​ည​အ​ခါ၊ မော​ဘ​ပြည် ကိ​ရ​မြို့​သည် ပျက်​စီး၏။

အာ​ရ​ပြည်​သို့​စီး၍ မော​ဘ​ပြည်​အ​နား၌ လျှောက်​သွား​သော ချောင်း​အ​သွယ်​သွယ်​ဟု လာ​သ​တည်း။

ရှိ​ဟုန်​ဘု​ရင်​နေ​ရာ ဟေ​ရှ​ဘုန်​မြို့​မှ မီး​လျှံ​ထွက်၍ မော​ဘ​ပြည်​အာ​ရ​မြို့​နှင့်​တ​ကွ၊ အာ​နုန်​ချောင်း​နား၊ မြင့်​သော​အ​ရပ်၌ အ​စိုး​ရ​သော​မင်း​တို့​ကို လောင်​လေ​ပြီ။

နွား​သည် မြက်​ပင်​ကို​လှမ်း၍​စား​သ​ကဲ့​သို့ ဤ​အ​လုံး​အ​ရင်း​သည် ငါ​တို့​ပတ်​လည်၌​ရှိ​သ​မျှ​ကို လှမ်း၍​စား​လိမ့်​မည်​ဟု ပူ​ပန်​သော​စိတ်​ရှိ​လျက်၊ မိ​ဒျန်​ပြည်​သား အ​သက်​ကြီး​သူ​တို့​အား ဆို​ကြ၏။ ထို​အ​ခါ ဇိ​ဖော်​သား​ဗာ​လက်​သည်၊ မော​ဘ​ရှင်​ဘု​ရင်​ဖြစ်​သည်​နှင့်၊

သူ​တို့​ကို​အ​လျှင်း​မ​ပြု​ကြ​နှင့်။ သူ​တို့​ပြည်​ကို သင်​တို့​အား​ငါ​မ​ပေး။ ခြေ​နင်း​ရာ​ခန့်​ကို​မျှ မ​ပေး။ စိ​ရ​တောင်​ကို ဧ​သော​အား ငါ​အ​ပိုင်​ပေး​ပြီ။

ယေ​ဖ​သ​မှာ​လိုက်​သည်​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သည် မော​ဘ​မြေ၊ အ​မ္မုန်​မြေ​ကို လု​ယူ​သည်​မ​ဟုတ်။

ဧ​ဒုံ​ရှင်​ဘု​ရင်​ထံ​သို့ သံ​တ​မန်​ကို စေ​လွှတ်၍၊ မင်း​ကြီး​ပြည်​ကို လျှောက်​သွား​ပါ​ရ​စေ​ဟု အ​ခွင့်​တောင်း​သော်​လည်း၊ ဧ​ဒုံ​ရှင်​ဘု​ရင်​သည် နား​မ​ထောင်။ ထို​နည်း​တူ မော​ဘ​ရှင်​ဘု​ရင်​ထံ​သို့ စေ​လွှတ်၍၊ သူ​သည်​လည်း အ​ခွင့်​မ​ပေး​သော​ကြောင့်၊ ဣ​သ​ရေ​လ​အ​မျိုး​သည် ကာ​ဒေ​ရှ​ရွာ၌ နေ​ရ​ကြ၏။

နောက်​တစ်​ဖန် တော​ကို​လျှောက်​လျက်၊ ဧ​ဒုံ​ပြည်​နှင့် မော​ဘ​ပြည်​ကို ဝိုင်း၍ မော​ဘ​ပြည်​အ​ရှေ့​ဘက်​သို့ ရောက်​ပြီး​မှ အာ​နုန်​မြစ်​တစ်​ဖက်၌ တပ်​ချ​ကြ၏။ ထို​အ​ခါ မော​ဘ​ပြည်​နယ်​အ​တွင်း​သို့ မ​ဝင်​ကြ။ အာ​နုန်​မြစ်​သည် မော​ဘ​ပြည်​အ​ပိုင်း​အ​ခြား ဖြစ်​သ​တည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ