ထိုအခါ ရှိဟုန်မင်းသည် သူ၏လူအပေါင်းတို့နှင့်တကွ ယာဟတ်မြို့မှာ ငါတို့ကိုတိုက်ခြင်းငှာ ထွက်လာ၏။
နောက်မှတစ်ပါးအမျိုးသားတို့၏ တိုင်းနိုင်ငံများကို သူတို့အား အကုန်အစင်ဝေဖန်၍ ပေးသနားတော်မူသဖြင့်၊ သူတို့သည် ဟေရှဘုန်ရှင်ဘုရင် ရှိဟုန်နှင့် ဗာရှန်ရှင်ဘုရင်ဩဃ အစိုးရသောပြည်တို့ကို သိမ်းယူကြ၏။
ငါသည် ငြိမ်သက်ခြင်းဘက်မှာ နေ၏။ ငါပြောလျှင်မူကား၊ သူတို့သည် စစ်တိုက်ခြင်းငှာ အလိုရှိကြ၏။
ထာဝရဘုရားကလည်း၊ ရှိဟုန်မင်းနှင့် သူ၏မြေကို သင့်အားငါပေးစပြု၏။ ထိုမြေကိုအမွေခံအံ့သောငှာ၊ သိမ်းစပြုလော့ဟု ငါ့အားမိန့်တော်မူ၏။
ငါတို့ဘုရားသခင်ထာဝရဘုရားသည် ထိုမင်းကို ငါတို့၌အပ်တော်မူသဖြင့် သူမှစ၍သားများ၊ လူများအပေါင်းတို့ကို ငါတို့သည်လုပ်ကြံကြ၏။
ထိုအခါ ငါတို့သည်လှည့်၍၊ ဗာရှန်ပြည်သို့ ခရီးသွားကြ၏။ ဗာရှန်ရှင်ဘုရင် ဩဃသည်လည်း မိမိလူအပေါင်းတို့နှင့်တကွ ဧဒြိအရပ်မှာ စစ်တိုက်ခြင်းငှာချီလာ၏။
ယော်ဒန်မြစ်အရှေ့ နေထွက်ရာဘက်၌၊ အာနုန်မြစ်မှစ၍ ဟေရမုန်တောင်တိုင်အောင်၊ အရှေ့လွင်ပြင်ရှိသမျှပါလျက်၊ ဣသရေလအမျိုးသားတို့သည် လုပ်ကြံ၍ သိမ်းယူသောပြည်ကို အစိုးရသော မင်းကြီးများဟူမူကား၊