Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တ​ရား​ဟော 2:11

Judson Bible

ထို​သူ​တို့​သည် အာ​န​က​အ​မျိုး​သား​ကဲ့​သို့ အ​လွန်​ကြီး​မား​သော လူ​တို့​အ​ဝင်​ဖြစ်​သည်​ကို လူ​များ​ထင်​မှတ်​ကြ၏။ သို့​ရာ​တွင် မော​ဘ​ပြည်​သား​တို့​သည် ထို​သူ​တို့​ကို ဧ​မိမ်​ဟူ၍​ခေါ်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

တစ်​ဆယ်​လေး​နှစ်​မြောက်​လျှင်၊ ခေ​ဒေါ​ရ​လော​မာ​မင်း​သည်၊ မိ​မိ​ဘက်​က​နေ​သော မင်း​ကြီး​တို့​နှင့်​တ​ကွ​လာ၍၊ အာ​ရှ​တ​ရုတ်​ကာ​နိမ်​မြို့၌၊ ရေ​ဖိမ်​လူ​များ​ကို​လည်း​ကောင်း၊ ဟာ​မ​မြို့၌ ဇူ​ဇိမ်​လူ​များ​ကို​လည်း​ကောင်း၊ ကိ​ရ​ယ​သိမ်​ချိုင့်၌ ဧ​မိမ်​လူ​များ​ကို​လည်း​ကောင်း၊

ထို​ကာ​လ၌၊ မြေ​ကြီး​ပေါ်​မှာ ကိုယ်​ကြီး​မား​သော​သူ​အ​ချို့​ရှိ​ကြ၏။ ထို​နောက်၌​လည်း၊ ဘု​ရား​သ​ခင်၏​သား​တို့​သည်၊ လူ​သ​မီး​တို့​နှင့်​ဆက်​ဆံ​၍ ရ​သော​သား​တို့​သည်၊ အား​ကြီး​သော​သူ၊ ရှေး​ကာ​လ​မှ​စ၍၊ ကျော်​စော​သော​သူ ဖြစ်​ကြ၏။

ရေ​ဖိမ်​အ​မျိုး ဣ​ရှ​ဗိ​ဗေ​နုပ်​သည် အ​ချိန်​သုံး​ပိဿာ​ရှိ​သော ကြေး​ဝါ​လှံ​ကို​ကိုင်၍၊ အ​သစ်​သော စစ်​တန်​ဆာ​ကို ဝတ်​ဆင်​လျက် ဒါ​ဝိဒ်​ကို သတ်​မည်​ဟု​ကြံ​လေ၏။

တောင်​မျက်​နှာ၌​လျှောက်​သွား၍ အာ​န​က​အ​မျိုး​သား အ​ဟိ​မန်၊ ရှေ​ရှဲ၊ တာ​လ​မဲ​နေ​သော ဟေ​ဗြုန်​မြို့​သို့ ရောက်​ကြ၏။ ဟေ​ဗြုန်​မြို့​ကား၊ အဲ​ဂု​တ္တု​ပြည်၌ ဇော​န​မြို့​မ​တည်​မီ ခု​နစ်​နှစ်​က​တည်​သော​မြို့ ဖြစ်​သ​တည်း။

သို့​ရာ​တွင် ပြည်​သူ​ပြည်​သား​တို့​သည် အား​ကြီး​ပါ၏။ ခိုင်​ခံ့​သော​မြို့​ကြီး​နှင့် နေ​ကြ​ပါ၏။ ထို​မျှ​မ​က အာ​န​က​အ​မျိုး​သား​တို့​ကို​လည်း မြင်​ရ​ပါ၏။

ကိုယ်​ကြီး​သော​လူ​အ​မျိုး​အ​နွယ်၊ အာ​န​က​အ​မျိုး​အ​နွယ်​ဖြစ်၍ အ​လွန်​ကြီး​မား​သော​သူ​တို့​ကို​လည်း မြင်​ခဲ့​ကြ​ပြီ။ သူ​တို့​ရှေ့​မှာ ငါ​တို့​သည် ကိုယ်​အ​ထင်​အ​တိုင်း နှံ​ကောင်​ကဲ့​သို့​ဖြစ်​ကြ​သည်​ဟူ၍​လည်း​ကောင်း၊ သူ​တို့​အ​ထင်​အ​တိုင်း​လည်း ထို​သို့​ဖြစ်​ကြ​သည်​ဟူ၍​လည်း​ကောင်း၊ မိ​မိ​တို့​စူး​စမ်း​သော​ပြည်​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား မ​ကောင်း​သော​သ​တင်း​ကို ကြား​ပြော​ကြ​လေ၏။

ငါ​တို့​သည် အ​ဘယ်​သို့​သွား​ရ​မည်​နည်း။ ညီ​အစ်​ကို​တို့​က၊ ထို​ပြည်​သား​တို့​သည် ငါ​တို့​ထက်​သာ၍​ကြီး၏။ အ​ရပ်​လည်း​သာ၍​မြင့်၏။ မြို့​လည်း မိုး​ကောင်း​ကင်​သို့​ထိ​သော မြို့​ရိုး​လည်း​ရှိ၏။ ထို​ပြည်၌​လည်း၊ အာ​န​က​အ​မျိုး​သား​တို့​ကို မြင်​ရ၏​ဟု ငါ​တို့​စိတ်​ကို​ဖျက်​ကြ​ပြီ​ဟု သင်​တို့​သည် တဲ​များ၌​ဆန့်​ကျင်​ဘက်​ပြု​ကြ၏။

ထို​ပြည်​ကို​လည်း၊ အ​လွန်​ကြီး​မား​သော သူ​တို့၏​နေ​ရာ​ဖြစ်​သည်​ဟု လူ​များ​ထင်​မှတ်​ကြ၏။ ရှေး​ကာ​လ၌ ထို​သို့​သော​လူ​တို့​သည် နေ​ကြ၏။ သူ​တို့​ကို အ​မ္မုန်​ပြည်​သား​တို့​သည် ဇံ​ဇု​မ္မိမ်​ဟူ၍ ခေါ်​ကြ၏။

အ​လွန်​ကြီး​မား​သော​လူ​မျိုး​မှ ဆင်း​သက်​သော ဗာ​ရှန်​ရှင်​ဘု​ရင် ဩ​ဃ​တစ်​ယောက်​တည်း​သာ ကျန်​ကြွင်း၏။ လူ​အ​တောင်​အား​ဖြင့် အ​လျား​ကိုး​တောင်၊ အ​နံ​လေး​တောင်​ရှိ​သော သူ၏​သံ​ခု​တင်​သည် အ​မ္မုန်​ပြည်၊ ရ​ဗ္ဗတ်​မြို့၌​ရှိ​သည်​မ​ဟုတ်​လော။

အာ​န​က​အ​မျိုး​သား​ရှေ့​မှာ အ​ဘယ်​သူ​ရပ်​နိုင်​သ​နည်း​ဟူ​သော​စ​ကား​ကို သင်​ကြား၍၊ သင်​သိ​သော အာ​န​က​အ​မျိုး​သား​တည်း​ဟူ​သော အ​လွန်​ကြီး​မြင့်​သော​လူ​မျိုး​ကို​လည်း​ကောင်း တိုက်​ယူ​ခြင်း​ငှာ၊ ယ​ခု ယော်​ဒန်​မြစ်​တစ်​ဖက်​သို့ ကူး​လု​ပြီ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ