Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တ​ရား​ဟော 19:3

Judson Bible

လူ​အ​သက်​ကို သတ်​မိ​သော​သူ​အ​ပေါင်း​တို့​သည် ထို​မြို့​သို့ ပြေး​နိုင်​မည်​အ​ကြောင်း၊ သင့်​အ​မွေ​ခံ​စ​ရာ​ဖို့ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​ပြည်​ကို သုံး​ပိုင်း​ပိုင်း၍ လမ်း​ခ​ရီး​ကို​လည်း ပြင်​ဆင်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ရပ်၌ လမ်း​မ​ကြီး​ရှိ​လိမ့်​မည်။ ထို​လမ်း​ကို သန့်​ရှင်း​ရာ​လမ်း​ဟု သ​မုတ်​ကြ​လိမ့်​မည်။ မ​စင်​ကြယ်​သော​သူ​သည် ထို​လမ်း​ကို မ​လျှောက်​မ​သွား​ရ။ သွား​သော​သူ​တို့​နှင့်​အ​တူ ကိုယ်​တော်​တိုင်​ခ​ရီး​သွား​လျက်​ရှိ​တော်​မူ​သည်​ဖြစ်၍၊ မိုက်​သော​သူ​သော်​လည်း လမ်း​မ​လွဲ​ရ။

ထို​အ​ခါ မြေ​ကို​ဖို့​ကြ။ မြေ​ကို​ဖို့​ကြ။ လမ်း​ကို​ပြင်​ကြ။ ငါ့​လူ​တို့၏ လမ်း​ခ​ရီး၌ အ​ဆီး​အ​တား​မ​ရှိ​စေ​နှင့်​ဟု ငါ​ပြော​ဆို​ရ၏။

မြို့​တံ​ခါး​မှ ထွက်​ကြ။ ထွက်​ကြ။ လူ​များ​ဖို့​လမ်း​ကို ပြင်​ကြ။ မြေ​ဖို့​ကြ။ ဖို့​ကြ။ ကျောက်​များ​ကို ပယ်​ရှင်း​ကြ။ လူ​များ​ဖို့ အ​လံ​ကို​ထူ​ကြ။

သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် အ​ပိုင်​ပေး​တော်​မူ​သော ထို​ပြည်​အ​တွင်း၌ မြို့​သုံး​မြို့​တို့​ကို ခွဲ​ထား​ရ​မည်။

လူ​အ​သက်​ကို​သတ်​မိ၍၊ ကိုယ်​အ​သက် ချမ်း​သာ​စေ​ခြင်း​ငှာ၊ ထို​မြို့​သို့​ပြေး​ရ​သော သူ၏​အ​မှု​ဟူ​ကား၊ လူ​သည် ထင်း​ခုတ်​ခြင်း​ငှာ အ​ဖော်​နှင့်​တော​သို့​သွား၍ သစ်​ပင်​ကို ခုတ်​လှဲ​စဉ်​အ​ခါ၊ ပု​ဆိန်​သည် အ​ရိုး​ကျွတ်၍ အ​ဖော်​ကို ထိ​သော​ကြောင့်၊ မိ​မိ​အ​ဖော်​သေ​အောင် ပြု​မိ​သော​သူ​နှင့်​တူ၍၊ ရန်​ငြိုး​ဖွဲ့​ခြင်း​မ​ရှိ​ဘဲ မိ​မိ​အ​ဖော်​ကို အ​မှတ်​တ​မဲ့​သတ်​မိ​သော​သူ​သည်၊ ထို​မြို့​တစ်​စုံ​တစ်​မြို့​သို့​ပြေး၍ အ​သက်​ချမ်း​သာ​ရ​လိမ့်​မည်။

သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ သင့်​အ​မွေ​ခံ​စ​ရာ​ဖို့ ပေး​တော်​မူ​သော​ပြည်​သို့ သင်​သည်​ဝင်​စား၍ နေ​သော​အ​ခါ၊

ထို​မှ​တစ်​ပါး၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အ​တွက် ငါ့​ကို​အ​မျက်​တော်​ထွက်၍၊ ငါ​သည် ယော်​ဒန်​မြစ်​တစ်​ဖက်​သို့ မ​ကူး​ရ​မည်​အ​ကြောင်း​နှင့် သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အ​မွေ​ခံ​စ​ရာ​ဖို့​ပေး​တော်​မူ​သော ထို​ပြည်​မြတ်​သို့ မ​ဝင်​စား​ရ​မည်​အ​ကြောင်း ကျိန်​ဆို​တော်​မူ​ပြီ။

ခြေ​မ​စွမ်း​သော​သူ​တို့​သည် အ​ဆစ်​မ​ပြုတ်​သည် သာ​မ​က၊ ချမ်း​သာ​ရ​စေ​ခြင်း​ငှာ၊ သင်​တို့​သွား​ဖို့​ရာ ဖြောင့်​သော​လမ်း​တို့​ကို ပြင်​ဆင်​ကြ​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ