Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တ​ရား​ဟော 18:16

Judson Bible

ဟော​ရပ်​အ​ရပ်​တွင် စည်း​ဝေး​ကြ​သော​နေ့၌ သင်​က၊ နောက်​တစ်​ဖန် အ​ကျွန်ုပ်​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​အ​သံ​ကို မ​ကြား​ရ​ပါ​စေ​နှင့်။ ထို​ကြီး​စွာ​သော​မီး​ကို မ​မြင်​ရ​ပါ​စေ​နှင့်။ အ​ကျွန်ုပ်​သေ​မည်​ကို စိုး​ရိမ်​ပါ​သည်​ဟု သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ တောင်း​ပန်​သ​မျှ​အ​တိုင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

လူ​အ​ပေါင်း​တို့​သည် မိုး​ချုန်း​ခြင်း၊ လျှပ်​ပြက်​ခြင်း၊ တံ​ပိုး​သံ​မြည်​ခြင်း၊ တောင်​ထဲ​က​မီး​ခိုး​ထွက်​ခြင်း အ​ကြောင်း​အ​ရာ​တို့​ကို မြင်​သော​အ​ခါ၊ ကြောက်​သော​ကြောင့်​ရွှေ့၍ အ​ဝေး၌​ရပ်​နေ​ကြ​၏။

မော​ရှေ​ကို​လည်း၊ အ​ကျွန်ုပ်​တို့​အား ကိုယ်​တော်​မိန့်​တော်​မူ​ပါ၊ အ​ကျွန်ုပ်​တို့​သည် နား​ထောင်​ပါ​မည်။ အ​ကျွန်ုပ်​တို့​အား ဘု​ရား​သ​ခင်​မိန့်​တော်​မ​မူ​ပါ​စေ​နှင့်။ အ​ကျွန်ုပ်​တို့​သည်​သေ​မည်​ကို စိုး​ရိမ်​ပါ​သည်​ဟု လျှောက်​ဆို​ကြ၏။

လက်​တော်​ကို​ဆန့်၍ ငါ့​နှုတ်​ကို​တို့​တော်​မူ​လျက်၊ သင်၏​နှုတ်၌ ငါ့​စ​ကား​ကို​ငါ​သွင်း​ထား​ပြီ။

ငါ​တို့ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည်၊ ဟော​ရပ်​အ​ရပ်၌ ငါ​တို့​အား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​သည် ကာ​လ​အ​ချိန်​စေ့​အောင် ဤ​တောင်၌​နေ​ကြ​ပြီ။

သင်​တို့​စည်း​ဝေး​သော​နေ့၌ ထာ​ဝ​ရ​ဘု​ရား​သည် တောင်​ပေါ်​မှာ မီး​ထဲ​က​မိန့်​မြွက်​တော်​မူ​သော ပ​ညတ်​တော်​ဆယ်​ပါး​တို့​ကို၊ အ​ရင်​စာ၌​လာ​သည်​အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား​သည်​ရေး​ထား၍ ငါ့​အား​ပေး​တော်​မူ၏။

သင်​တို့​သည် စည်း​ဝေး​ကြ​သော​နေ့၌ ထာ​ဝ​ရ​ဘု​ရား​သည် တောင်​ပေါ်​မှာ မီး​ထဲ​က​မြွက်​ဆို​တော်​မူ​သော စ​ကား​တော်​အ​လုံး​စုံ​တို့​ကို လက်​ညှိုး​တော်​ဖြင့် ရေး​ထား​သော​ကျောက်​ပြား​နှစ်​ပြား​တို့​ကို ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​အပ်​ပေး​တော်​မူ၏။

တံ​ပိုး​မှုတ်​ခြင်း အ​သံ​သို့​လည်း​ကောင်း၊ နှုတ်​က​ပတ်​တော် အ​သံ​သို့​လည်း​ကောင်း၊ ရောက်​ကြ​သည်​မ​ဟုတ်။ ထို​အ​သံ​တော်​ကို ကြား​သော​သူ​တို့​သည်၊ ထပ်၍ မိန့်​တော်​မ​မူ​မည်​အ​ကြောင်း တောင်း​ပန်​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ