Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တ​ရား​ဟော 14:3

Judson Bible

စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော​အ​ရာ​ကို သင်​တို့​မ​စား​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

မြေ​ကြီး​ပေါ်​မှာ တိ​ရ​စ္ဆာန်​အ​မျိုး​မ​ပျက်​ဆက်​နွယ်​စေ​ခြင်း​ငှာ၊ စင်​ကြယ်​သော သား​မျိုး၊ တစ်​မျိုး​တစ်​မျိုး​တွင် အ​ထီး​အ​မ​ခု​နစ်​စုံ​စီ၊ မ​စင်​ကြယ်​သော သား​မျိုး၊ တစ်​မျိုး​တစ်​မျိုး​တွင်​လည်း အ​ထီး​အ​မ​နှစ်​စုံ​စီ၊

သင်္ချိုင်း​မှာ​နေ၍၊ သင်္ချိုင်း​တွင်း၌ အိပ်​တတ်၏။ ဝက်​သား​ကို​စား၍၊ ရွံ​ရှာ​ဖွယ်​သော အ​မဲ​သား​ပြုတ်​ရည်​ကို​သောက်​တတ်​၏။

ငါ​က​လည်း၊ အို​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည်​ညစ်​ညူး​ခြင်း​သို့ မ​ရောက်​ပါ​သေး။ အ​လို​လို​သေ​သော​အ​ကောင်၊ သား​ရဲ​ကိုက်၍ သေ​သော​အ​ကောင်၊ ရွံ​ရှာ​ဖွယ်​သော​အ​ကောင်၏​အ​သား​ကို ငယ်​သော အ​သက်​အ​ရွယ်​မှ​စ၍ ယ​ခု​တိုင်​အောင် အ​ကျွန်ုပ်​သည် မ​စား​ပါ​ဟု လျှောက်​လျှင်၊

သင်​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊ မြေ​ကြီး​ပေါ်​မှာ​ရှိ​သော သား​တ​ကာ​တို့​တွင်၊

တွား​တတ်​သော​တိ​ရ​စ္ဆာန် တစ်​စုံ​တစ်​ခု​အား​ဖြင့် သင်​တို့​သည် ကိုယ်​ကို​ရွံ​ရှာ​ဖွယ် မ​ဖြစ်​စေ​ရ။ ထို​သို့​အား​ဖြင့် ကိုယ်​ညစ်​ညူး​အောင် ကိုယ်၌​မ​စင်​ကြယ်​သည်​ကို မ​ပြု​ရ။

ထို​အ​ကြောင်း​ကြောင့်၊ စင်​ကြယ်​သော​သား၊ မ​စင်​ကြယ်​သော​သား၊ စင်​ကြယ်​သော​ငှက်၊ မ​စင်​ကြယ်​သော​ငှက်​တို့​ကို ပိုင်း​ခြား​ရ​မည်။ ငါ​ခွဲ​ထား​သည်​အ​တိုင်း၊ မ​စင်​ကြယ်​သော​သား၊ ငှက်၊ မြေ​ပေါ်​မှာ​တွား​တတ်​သော တိ​ရ​စ္ဆာန်​တစ်​စုံ​တစ်​ခု​အား​ဖြင့် ကိုယ်​ကို​ကိုယ်​ရွံ​ရှာ​ဖွယ်​မ​ဖြစ်​စေ​ရ။

အ​ဘယ်​အ​စာ​မျှ ပ​က​တိ​အ​တိုင်း မ​ညစ်​ညူး​ကြောင်း​ကို၊ ငါ​သည် သ​ခင်​ယေ​ရှု​ကို အ​မှီ​ပြု​လျက် သ​ဘော​ကျ၍ အ​မှန်​သိ၏။ သို့​သော်​လည်း၊ ညစ်​ညူး​သည်​ဟု အ​ကြင်​သူ​သည် ထင်၏။ ထို​သူ၌ ညစ်​ညူး၏။-

သို့​သော်​လည်း ဤ​မည်​သော​အ​ရာ​သည် ရုပ်​တု​ရှေ့၌ ပူ​ဇော်​သော ယဇ်​ကောင်​ဖြစ်၏​ဟု တစ်​စုံ​တစ်​ယောက် သော​သူ​ဆို​လျှင်၊ ထို​သို့​ဆို​သော​သူ၏ မျက်​နှာ​ကို​လည်း​ကောင်း၊ ဩ​တ္တ​ပ္ပ​စိတ်​ကို​လည်း​ကောင်း၊ ထောက်၍ မ​စား​ကြ​နှင့်။-

စင်​ကြယ်​သော​သူ​တို့​အား ခပ်​သိမ်း​သော​အ​ရာ​တို့​သည် စင်​ကြယ်​လျက်​ရှိ​ကြ၏။ မ​စင်​ကြယ်၊ မ​ယုံ​ကြည်​သော​သူ​တို့​အား အ​ဘယ်​အ​ရာ​မျှ မ​စင်​ကြယ်။ သူ​တို့၏ နှ​လုံး​လည်း မ​စင်​ကြယ်။ ကိုယ်​ကို​ကိုယ်​သိ​သော​စိတ် လည်း​မ​စင်​ကြယ်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ