Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တ​ရား​ဟော 12:6

Judson Bible

ထို​အ​ရပ်​သို့ သင်​တို့​သည် မီး​ရှို့​ရာ​ယဇ်​အ​စ​ရှိ​သော​ယဇ်​များ၊ ဆယ်​ဖို့​တစ်​ဖို့ ပူ​ဇော်​သ​ကာ၊ ချီ​မြှောက်​ရာ​ပူ​ဇော်​သ​ကာ၊ သ​စ္စာ​က​တိ​နှင့် ဆိုင်​သော​ပူ​ဇော်​သ​ကာ၊ အ​လို​လို​ပြု​သော​ပူ​ဇော်​သ​ကာ​မှ​စ၍၊ သိုး​နွား​တွင် အ​ဦး​ဖွား​သော​သား​ငယ်​တို့​ကို ဆောင်​ခဲ့​ရ​ကြ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

22 ပူးပေါင်းရင်းမြစ်များ  

အ​ရှေ့​တံ​ခါး​မှူး၊ လေ​ဝိ​သား ဣ​မ​န​သား​ကော​ရ​သည်၊ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​အား လှူ​ဒါန်း​ပူ​ဇော်​သော​ဥ​စ္စာ၊ အ​လွန်​သန့်​ရှင်း​သော ဥ​စ္စာ​များ​ကို ဝေ​ဖန်​ရ​သော​အ​မှု​အုပ် ဖြစ်၏။

ထာ​ဝ​ရ​ဘု​ရား​သည် ည​အ​ချိန်​တွင်​ထင်​ရှား​တော်​မူ​လျက်၊ သင်​ပြု​သော ပ​တ္ထ​နာ​စ​ကား​ကို ငါ​ကြား​ပြီ။ ဤ​အ​ရပ်​ဌာ​န​ကို ယဇ်​ပူ​ဇော်​ရာ အိမ်​ဖြစ်​စေ​ခြင်း​ငှာ ကိုယ်​အ​ဖို့ ငါ​ရွေး​ယူ​ပြီ။

ထို​အ​ခါ ယော​ဇ​ဒက်​သား​ယော​ရှု​နှင့် သူ၏​ညီ​အစ်​ကို ယဇ်​ပု​ရော​ဟိတ်​များ၊ ရှာ​လ​သေ​လ​သား ဇေ​ရု​ဗ​ဗေ​လ​နှင့် သူ၏​ညီ​အစ်​ကို​များ​တို့​သည် ထ၍ ဘု​ရား​သ​ခင်၏​လူ မော​ရှေ​ရေး​ထား​သော ပ​ည​တ္တိ​ကျမ်း​စာ၌​ပါ​သည် အ​တိုင်း၊ မီး​ရှို့​ရာ​ယဇ်​တို့​ကို ပူ​ဇော်​လို​သော​ငှာ၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင့်​ယဇ်​ပ​လ္လင်​ကို တည်​ကြ၏။

ပ​ည​တ္တိ​ကျမ်း​စာ၌ ရေး​ထား​သည်​အ​တိုင်း၊ အ​ဦး​ဖွား​သော သား​ယောက်ျား​နှင့် အ​ဦး​ဖွား​သော သိုး​နွား​အ​စ​ရှိ​သည်​တို့​ကို၊ ဗိ​မာန်​တော်၌ အ​မှု​စောင့်​သော ယဇ်​ပု​ရော​ဟိတ်​တို့​ရှိ​ရာ ဗိ​မာန်​တော်​သို့ ဆောင်​ခဲ့​ရ​မည်​အ​ကြောင်း၊

လေ​ဝိ​သား​အ​စ​ရှိ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဆန်​စ​ပါး၊ စ​ပျစ်​ရည်၊ ဆီ​ပူ​ဇော်​သ​ကာ​တို့​ကို သန့်​ရှင်း​ရာ​ဌာ​န​တော်​တန်​ဆာ၊ အ​မှု​စောင့်​ယဇ်​ပု​ရော​ဟိတ်၊ တံ​ခါး​စောင့်၊ သီ​ချင်း​သည်​တို့​ရှိ​ရာ အ​ခန်း​သို့ ဆောင်​ခဲ့​ရ​ကြ​မည်။ ငါ​တို့ ဘု​ရား​သ​ခင်၏ အိမ်​တော်​ကို ငါ​တို့​သည် စွန့်​ပစ်၍ မ​ထား​ရ​ကြ။

ကျေး​ဇူး​တော်​ချီး​မွမ်း​ရာ​ယဇ်​ကို ရှေ့​တော်၌ ပူ​ဇော်၍၊ ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကို ပ​တ္ထ​နာ​ပြု​မည်။

အ​ကြောင်း​မူ​ကား၊ ငါ၏​သန့်​ရှင်း​သော​တောင်၊ အ​မြင့်​ဆုံး​သော ဣ​သ​ရေ​လ​တောင်​ပေါ်​မှာ ဣ​သ​ရေ​လ​အ​မျိုး​သား၊ ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​သည် ငါ့​အား​ဝတ်​ပြု​ရ​ကြ​လိမ့်​မည်။ ငါ​သည်​လည်း​လက်​ခံ၍၊ ထို​အ​ရပ်၌ သင်​တို့​ပြု​သော​ပူ​ဇော်​သ​ကာ​များ၊ အ​ဦး​သီး​သော အ​သီး​တွင် ရွေး၍​ဆက်​ရ​သော အ​သီး​အ​နှံ​များ​နှင့်​တ​ကွ၊ သင်​တို့​သန့်​ရှင်း​သော အ​ရာ​ရှိ​သ​မျှ​တို့​ကို ငါ​တောင်း​မည်။

နွား​ကို မီး​ရှို့​ရာ​ယဇ်​ပြု​လို​လျှင်၊ အ​ပြစ်​မ​ပါ​သော အ​ထီး​ကို​ဆောင်​ခဲ့၍၊ ထာ​ဝ​ရ​ဘု​ရား​စိတ်​တော်​နှင့်​တွေ့​ခြင်း​ငှာ၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​အ​နား​မှာ​ဆက်​ရ​မည်။

ဆယ်​ဖို့​တစ်​ဖို့​ရှိ​သ​မျှ​ကို ဘ​ဏ္ဍာ​တိုက်​ထဲ​သို့ သွင်း၍၊ ငါ့​အိမ်​တော်၌ စား​စ​ရာ​ရှိ​စေ​ခြင်း​ငှာ ပြု​ကြ​လော့။ ငါ​သည် မိုး​ကောင်း​ကင်​ပြတင်း​ပေါက်​တို့​ကို​ဖွင့်၍ ကောင်း​ကြီး​မင်္ဂ​လာ​ကို အ​ကုန်​အ​စင်​သွန်း​လောင်း​မည် မ​သွန်း​လောင်း​မည်​ကို ထို​သို့ စုံ​စမ်း​ကြ​လော့​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

လူ​သည် ဘု​ရား​သ​ခင်၏​ဥ​စ္စာ​တော်​ကို လု​ယူ​ရ​မည်​လော။ သို့​သော်​လည်း၊ သင်​တို့​သည် ငါ့​ဥ​စ္စာ​ကို လု​ယူ​ကြ​ပြီ။ အ​ကျွန်ုပ်​တို့​သည် အ​ဘယ်​သို့ လု​ယူ​ပါ​သ​နည်း​ဟု သင်​တို့​မေး​လျှင်၊ ဆယ်​ဖို့​တစ်​ဖို့​ကို​လည်း​ကောင်း၊ ပူ​ဇော်​သ​ကာ​တို့​ကို​လည်း​ကောင်း လု​ယူ​ကြ​ပြီ။

ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ပင်​စိမ်း​ရွက်၊ လျူ​ရွက်​မျိုး​မှ​စ၍ မြက်​ပင်​အ​မျိုး​မျိုး​ကို ဆယ်​ဖို့​တစ်​ဖို့ လှူ​ကြ​သည်​တွင်၊ တ​ရား​သ​ဖြင့်​စီ​ရင်​ခြင်း၊ ဘု​ရား​သ​ခင်​ကို ချစ်​ခြင်း​အ​မှု​ကို​ကား လှပ်၍​ထား​ကြ၏။ အ​ရင်​ဆို​သော​အ​ရာ​တို့​ကို မ​လှပ်​မ​ထား၊ နောက်​ဆို​သော​အ​ရာ​တို့​ကို ကျင့်​ရ​မည်။-

အ​ကျွန်ုပ်​သည် ခု​နစ်​ရက်​တွင် နှစ်​ရက်​အ​စာ​ရှောင်​ပါ၏။ ဥ​စ္စာ​ရှိ​သ​မျှ​တို့​ကို ဆယ်​ဖို့​တစ်​ဖို့ လှူ​ပါ၏​ဟူ၍ ဆု​တောင်း​ပ​တ္ထ​နာ​ပြု၏။-

စ​ပါး၊ စ​ပျစ်​ရည်၊ ဆီ​ဆယ်​ဖို့​တွင် ပူ​ဇော်​သော​တစ်​ဖို့၊ သိုး​နွား​တွင် အ​ဦး​ဖွား​သော​သား​ငယ်၊ သ​စ္စာ​က​တိ​နှင့်​ဆိုင်​သော ပူ​ဇော်​သ​ကာ၊ အ​လို​လို​ပြု​သော ပူ​ဇော်​သ​ကာ၊ ချီ​မြှောက်​ရာ​ပူ​ဇော်​သ​ကာ တစ်​စုံ​တစ်​ခု​ကို​မျှ၊ သင်​တို့​သည် ကိုယ်​နေ​ရာ​အ​ရပ်၌ မ​စား​ရ​ကြ။

သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော​ပြည်၌ အ​ဦး​သီး​သော အ​သီး​အ​မျိုး​မျိုး​ကို​ယူ၍ ခြင်း​တောင်း၌​ထည့်​ပြီး​မှ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​တည်​စ​ရာ​ဖို့ ရွေး​ကောက်​တော်​မူ​သော အ​ရပ်​သို့ သွား၍၊

ငါ​တို့​သည် မီး​ရှို့​ရာ​ယဇ်​အ​စ​ရှိ​သော ယဇ်​မျိုး၊ မိတ်​သ​ဟာ​ယ​ပူ​ဇော်​သ​ကာ​အ​မျိုး​မျိုး​ကို ပြု​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​အ​မှု​ကို ရှေ့​တော်၌ ဆောင်​ရွက်​ခြင်း​ငှာ​လည်း​ကောင်း၊ နောင်​ကာ​လ၌ သင်​တို့​သား​မြေး​တို့​က၊ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​နှင့် အ​လျှင်း​မ​ဆိုင်​ကြ​ဟု ငါ​တို့​သား​မြေး​တို့​အား မ​ပြော​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဤ​ယဇ်​ပ​လ္လင်​သည် ငါ​တို့​နှင့် သင်​တို့​စပ်​ကြား၊ ငါ​တို့​သား​မြေး​နှင့် သင်​တို့​သား​မြေး​စပ်​ကြား​မှာ သက်​သေ​ဖြစ်​စေ​ခြင်း​ငှာ တည်​ကြ​ပါ​ပြီ။

ဧ​လ​ကာ​န​သည် အိမ်​သူ​အိမ်​သား​အ​ပေါင်း​တို့​နှင့်​အ​တူ နှစ်​စဉ် ပြု​ရ​သော​ယဇ်​ကို​လည်း​ကောင်း၊ သ​စ္စာ​က​တိ​နှင့်​ဆိုင်​သော ပူ​ဇော်​သ​ကာ​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​ခြင်း​ငှာ တက်​သွား​သော​အ​ခါ၊

နို့​ကွာ​ပြီး​မှ၊ အ​သက်​သုံး​နှစ်​ရှိ​သော နွား​တစ်​ကောင်၊ မုန့်​ညက် တစ်​ဧ​ဖာ၊ စ​ပျစ်​ရည်​တစ်​ဘူး​နှင့်​တ​ကွ သူ​ငယ်​ကို​ဆောင်​သွား၍၊ ရှိ​လော​မြို့၌ ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်​သို့ ရောက်​လေ၏။ ထို​အ​ခါ သူ​ငယ်​သည် အ​သက်​နု​သေး၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ