Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တ​ရား​ဟော 11:2

Judson Bible

သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ဆုံး​မ​တော်​မူ​ခြင်း​ကို​လည်း​ကောင်း၊ ဘုန်း​အာ​နု​ဘော်​တော်​ကို​လည်း​ကောင်း၊ အား​ကြီး​သော​လက်​ရုံး ဆန့်​တော်​မူ​ခြင်း​ကို​လည်း​ကောင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ တည်​သည်​ဖြစ်၍၊ ဣ​သ​ရေ​လ​အ​မျိုး​ကို အဲ​ဂု​တ္တု​ပြည်​သား​တို့ အ​ထဲ​က ထုတ်​ဆောင်​တော်​မူ​ထ​သော၊

ထို​ကြောင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ပြော​ရ​သော​စ​ကား​ဟူ​မူ​ကား၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ ငါ​သည်​လည်း သင်​တို့​ကို အဲ​ဂု​တ္တု​လူ​တို့​လက်​မှ​လွှတ်၍၊ သူ​တို့၏ ညှဉ်း​ဆဲ​ခြင်း​ထဲ​က နုတ်​ယူ​မည်။ လက်​ဆန့်​ခြင်း၊ ကြီး​စွာ​သော​ဒဏ်​ခတ်​ခြင်း​အား​ဖြင့် သင်​တို့​ကို​ငါ​ရွေး​မည်။

သင်​သည်​ထာ​ဝ​ရ​ဘု​ရား၌ ခို​လှုံ​မည်​အ​ကြောင်း၊ သင့်​ကိုယ်​တိုင်​ကို ယ​နေ့ ငါ​သွန်​သင်၏။

ထို​သူ​သည် ငါ​တို့​လွန်​ကျူး​ခြင်း အ​ပြစ်​များ​ကြောင့်၊ နာ​ကျင်​စွာ ထိုး​ခြင်း၊ နှိပ်​စက်​ခြင်း​ကို ခံ​ရ​လေ၏။ ငါ​တို့၏ ငြိမ်​သက်​ခြင်း​ချမ်း​သာ​ကို ဖြစ်​စေ​သော ဆုံး​မ​ခြင်း​သည် သူ့​အ​ပေါ်​သို့​ရောက်၍၊ သူ​ခံ​ရ​သော ဒဏ်​ချက်​အား​ဖြင့် ငါ​တို့​သည် အ​နာ​ပျောက်​လျက်​ရှိ​ကြ၏။

သို့​ရာ​တွင် ဘု​ရား​သ​ခင် မ​စ​တော်​မူ​သော ကျေး​ဇူး​တော်​ကို အ​ကျွန်ုပ်​ခံ​ရ၍၊-

သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင်​နှင့် ယ​နေ့​ပြု​တော်​မူ သော သ​စ္စာ​ကို သင်​သည်​ခံ၍၊ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​နှင့် ပ​ဋိ​ညာဉ်​ပြု​ခြင်း​ငှာ​လည်း​ကောင်း၊ သင့်​ကို ကိုယ်​တော်၏​လူ​မျိုး​အ​ရာ၌ ယ​နေ့ ခန့်​ထား​တော်​မူ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ အ​ထက်​က မိန့်​တော်​မူ၍၊ သင်၏​အ​ဘ​အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​အား ကျိန်​ဆို​တော်​မူ​သည်​အ​တိုင်း၊ သင်၏​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​တို့​အ​မျိုး​အ​နွယ်၏ အ​ကဲ​အ​မှူး၊ အ​သက်​ကြီး​သူ၊ မင်း​အ​ရာ​ရှိ၊ ဣ​သ​ရေ​လ​အ​မျိုး​ယောက်ျား၊ မိန်း​မ၊ သူ​ငယ်၊ ထင်း​ခုတ်​သော​သူ၊ ရေ​ခပ်​သော​သူ​မှ​စ၍ တပ်၌​ရှိ​သ​မျှ​သော​သူ​တို့​သည် သင်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ယ​နေ့​ရပ်​နေ​ကြ၏။

အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် ကိုယ်​တော်​ကျွန်​အား တန်​ခိုး​အာ​နု​ဘော်​တော်​ကို​လည်း​ကောင်း၊ အား​ကြီး​သော​လက်​တော်​ကို​လည်း​ကောင်း ပြ​စ​ပြု​တော်​မူ​ပြီ။ ကိုယ်​တော်​စီ​ရင်၍ တန်​ခိုး​တော်​ကို​ပြ​သည်​အ​တိုင်း၊ ကောင်း​ကင်​မြေ​ကြီး​ပေါ်​မှာ အ​ဘယ်​မည်​သော​ဘု​ရား ပြု​နိုင်​ပါ​သ​နည်း။

သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ အဲ​ဂု​တ္တု​ပြည်​မှာ သင်​တို့​မျက်​မှောက်၌ ပြု​တော်​မူ​သ​ကဲ့​သို့၊ စုံ​စမ်း​ခြင်း​နိ​မိတ်​လ​က္ခ​ဏာ​နှင့် အံ့​ဖွယ်​သော​အ​မှု​တို့​ကို​ပြ​ခြင်း၊ စစ်​မှု​ကို​ရောက်​စေ​ခြင်း၊ အား​ကြီး​သော​လက်​ရုံး​တော်​ကို​ဆန့်​ခြင်း၊ ကြောက်​မက်​ဖွယ်​သော​ရူ​ပါ​ရုံ​တို့​ကို ပြ​ခြင်း​အား​ဖြင့်၊ အ​ခြား​တစ်​ပါး​သော​ဘု​ရား​သည်​သွား၍ လူ​တစ်​မျိုး​ထဲ​က​တစ်​မျိုး​ကို မိ​မိ​အ​ဖို့ နုတ်​ယူ​ဖူး​သ​လော။

အ​ကျွန်ုပ်​တို့ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ဘုန်း​တန်​ခိုး​အာ​နု​ဘော်​တော်​ကို အ​ကျွန်ုပ်​တို့​အား ပြ​တော်​မူ​ပြီ။ မီး​ထဲ​က​စ​ကား​တော်​အ​သံ​ကို အ​ကျွန်ုပ်​တို့​သည် ကြား​ရ​ပါ​ပြီ။ ဘု​ရား​သ​ခင်​သည် လူ​နှင့် နှုတ်​ဆက်​တော်​မူ​သော်​လည်း၊ လူ​သည် အ​သက်​ရှင်​သေး​သည်​ကို၊ ယ​နေ့၌ အ​ကျွန်ုပ်​တို့​သည် သိ​မြင်​ရ​ပါ​ပြီ။

ကိုယ်​တိုင်​မြင်၍ ကြီး​စွာ​သော​စုံ​စမ်း​ခြင်း​တို့​ကို​လည်း​ကောင်း၊ သင်၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို​နုတ်​ဆောင်​သော​အ​ခါ၊ ပြ​တော်​မူ​သော နိ​မိတ်​လ​က္ခ​ဏာ အံ့​ဖွယ်​သော​အ​မှု​တို့​ကို​လည်း​ကောင်း၊ အား​ကြီး​သော​လက်​ရုံး​တော်​ကို ဆန့်​တော်​မူ​ခြင်း​ကို​လည်း​ကောင်း စေ့​စေ့​အောက်​မေ့​ရ​မည်။ ထို​နည်း​တူ၊ သင်​ကြောက်​တတ်​သော လူ​မျိုး​ရှိ​သ​မျှ​တို့၌ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပြု​တော်​မူ​မည်။

သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို သင်​သည်​မေ့​လျော့​သ​ဖြင့်၊ အ​ခြား​တစ်​ပါး​သော​ဘု​ရား​တို့​ကို ဆည်း​ကပ်၍ ဝတ်​ပြု​ကိုး​ကွယ်​လျှင်၊ ပျက်​စီး​ခြင်း​သို့ အ​မှန်​ရောက်​လိမ့်​မည်​ဟု ယ​နေ့​ငါ​သည် သင့်​တစ်​ဖက်၌​သက်​သေ​ခံ၏။

ထာ​ဝ​ရ​ဘု​ရား​အား​လည်း၊ အို​အ​ရှင် ဘု​ရား​သ​ခင်၊ တန်​ခိုး​တော်​အား​ဖြင့် ရွေး​တော်​မူ၍၊ အား​ကြီး​သော​လက်​တော်​နှင့် အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​တော်​မူ​သော ကိုယ်​တော်၏​အ​မွေ​ဥ​စ္စာ​ဖြစ်​သော ဤ​လူ​တို့​ကို ဖျက်​ဆီး​တော်​မ​မူ​ပါ​နှင့်။

ယော​ရှု​လက်​ထက်​ကာ​လ​ပတ်​လုံး ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို ဝတ်​ပြု​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​အ​ဖို့ ပြု​တော်​မူ​သ​မျှ​တို့​ကို​သိ၍ ယော​ရှု​မ​ရှိ​သည်​နောက် အ​သက်​ရှင်​သေး​သော အ​သက်​ကြီး​သူ​တို့​လက်​ထက်၌​လည်း ထာ​ဝ​ရ​ဘု​ရား​ကို ဝတ်​ပြု​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ