Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တ​ရား​ဟော 1:6

Judson Bible

ငါ​တို့ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည်၊ ဟော​ရပ်​အ​ရပ်၌ ငါ​တို့​အား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​သည် ကာ​လ​အ​ချိန်​စေ့​အောင် ဤ​တောင်၌​နေ​ကြ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ရပ်၌​ရှိ​သော​ကျောက်​ပေါ်​တွင် သင့်​ရှေ့​မှာ​ငါ​ရပ်​နေ​မည်။ သင်​သည် ထို​ကျောက်​ကို​ရိုက်​ရ​မည်။ လူ​များ​သောက်​ဖို့ ထို​ကျောက်​ထဲ​က ရေ​ထွက်​လိမ့်​မည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။ မော​ရှေ​သည်​လည်း ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ​တို့​ရှေ့​မှာ ထို​သို့​ပြု​လေ၏။

မော​ရှေ​သည်၊ မိ​မိ​ယော​က္ခ​မ မိ​ဒျန်​ယဇ်​ပု​ရော​ဟိတ်​ယေ​သ​ရော၏​သိုး​ဆိတ်​များ​ကို ထိန်း​စဉ်၊ တော​နောက်​ဘက်​သို့​ဆောင်​သွား၍၊ ဟော​ရပ်​အ​မည်​ရှိ​သော ဘု​ရား​သ​ခင်၏​တောင်​သို့ ရောက်​လေ၏။

နှစ်​ရက်​ဖြစ်​စေ၊ တစ်​လ​ဖြစ်​စေ၊ တစ်​နှစ်​ဖြစ်​စေ၊ မိုး​တိမ်​သည် တဲ​တော်​ပေါ်​မှာ တည်​နေ​သ​မျှ​သော​ကာ​လ​ပတ်​လုံး ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ခ​ရီး​မ​သွား​ဘဲ တဲ၌​နေ​ကြ၏။ တစ်​ဖန်​မိုး​တိမ်​မြောက်​ပြန်​သော​အ​ခါ ခ​ရီး​သွား​ကြ၏။

ဟော​ရပ်​အ​ရပ်​တွင် စည်း​ဝေး​ကြ​သော​နေ့၌ သင်​က၊ နောက်​တစ်​ဖန် အ​ကျွန်ုပ်​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​အ​သံ​ကို မ​ကြား​ရ​ပါ​စေ​နှင့်။ ထို​ကြီး​စွာ​သော​မီး​ကို မ​မြင်​ရ​ပါ​စေ​နှင့်။ အ​ကျွန်ုပ်​သေ​မည်​ကို စိုး​ရိမ်​ပါ​သည်​ဟု သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ တောင်း​ပန်​သ​မျှ​အ​တိုင်း၊

ငါ​တို့ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ဟော​ရပ်​တောင်၌ ငါ​တို့​နှင့် ပ​ဋိ​ညာဉ်​ပြု​တော်​မူ၏။

ဟော​ရပ်​အ​ရပ်၌ ထာ​ဝ​ရ​ဘု​ရား​ကို အ​မျက်​တော်​ထွက်​စေ​သ​ဖြင့်၊ သင့်​ကို ဖျက်​ဆီး​လောက်​အောင် အ​မျက်​ထွက်​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ