Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တ​ရား​ဟော 1:32

Judson Bible

သင်​တို့​တဲ​စ​ခန်း​ချ​ရာ​အ​ရပ်​ကို​ရှာ၍ သင်​တို့​သွား​လ​တ္တံ့​သော​လမ်း​ကို ပြ​ခြင်း​ငှာ၊ ည​အ​ခါ မီး၌​လည်း​ကောင်း၊ နေ့​အ​ခါ မိုး​တိမ်၌​လည်း​ကောင်း၊ သင်​တို့​ရှေ့​မှာ​ကြွ​တော်​မူ​သော သင်​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​ကို ထို​အ​မှု၌ သင်​တို့​မ​ယုံ​ကြ​ပါ​တ​ကား။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

နက်​ဖြန်​နံ​နက်​စော​စော​ထ၍၊ တေ​ကော​တော​သို့ ထွက်​သွား​ကြ၏။ သွား​ကြ​စဉ်​တွင်၊ ယော​ရှ​ဖတ်​သည် ရပ်၍၊ အို​ယု​ဒ​ပြည်​သူ ယေ​ရု​ရှ​လင်​မြို့​သား​တို့၊ နား​ထောင်​ကြ​လော့။ သင်​တို့၏ ဘု​ရား​သ​ခင်​ကို ယုံ​ကြည်​ကြ​လော့။ သို့​ပြု​လျှင် တည်​ကြည်​ကြ​လိမ့်​မည်။ ပ​ရော​ဖက်​တော်​တို့​ကို ယုံ​ကြည်​ကြ​လော့။ သို့​ပြု​လျှင် အောင်​မြင်​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

ထို​သူ​တို့​သည်​လည်း စ​ကား​တော်​ကို​မ​ယုံ၊ သာ​ယာ​သော​ပြည်​ကို မ​ထီ​မဲ့​မြင်​ပြု​ကြ၏။

အ​ကြောင်း​မူ​ကား၊ အ​ထက်​မိုး​တိမ်​တို့​ကို​မှာ​ထား​လျက်၊ ကောင်း​ကင်​တံ​ခါး​တို့​ကို​ဖွင့်၍၊ သူ​တို့​စား​စ​ရာ​ဖို့ မ​န္န​ကို မိုး​ရွာ​စေ​သ​ဖြင့်၊ ကောင်း​ကင်​ဆန်​စ​ပါး​ကို ပေး​တော်​မူ​သည်​ဖြစ်၍၊ ထို​သူ​အ​ပေါင်း​တို့​သည် ကြီး​မြတ်​သော သူ​တို့၏​အ​စာ​ကို​သုံး​ဆောင်၍၊ ဝ​ပြော​စွာ​စား​ကြ​မည်​အ​ကြောင်း ပြု​တော်​မူ​သော်​လည်း၊ သူ​တို့​သည် ဘု​ရား​သ​ခင်​ကို မ​ယုံ​ကြည်။ ကယ်​တင်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို မ​ကိုး​စား​ဘဲ​နေ​ကြ၏။

ဒ​မာ​သက်​မြို့၏ ခေါင်း​ကား၊ ရေ​ဇိန်​မင်း​ဖြစ်​ရ​မည်။ ဧ​ဖ​ရိမ်​ပြည်၏​ခေါင်း​ကား၊ ရှ​မာ​ရိ​မြို့။ ရှ​မာ​ရိ​မြို့၏​ခေါင်း​ကား၊ ရေ​မ​လိ​သား​ဖြစ်​ရ၏။ သို့​သော်​လည်း၊ ခြောက်​ဆယ်​ငါး​နှစ်​အ​တွင်း​တွင်၊ ဧ​ဖ​ရိမ်​ပြည်​ကို ပြည်​မ​ဖြစ်​စေ​ခြင်း​ငှာ၊ ချိုး​ဖဲ့​လိမ့်​မည်။ သင်​တို့​သည် မ​ယုံ​လျှင်၊ မ​တည်​ရ​ကြ​ဟု မိန့်​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ဤ​လူ​မျိုး​သည် အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး ငါ့​ကို​မ​ရို​မ​သေ ပြု​ကြ​လိမ့်​မည်​နည်း။ သူ​တို့၌ ငါ​ပြ​ခဲ့​ပြီး​သ​မျှ​သော​နိ​မိတ်​လ​က္ခ​ဏာ​တို့​ကို မြင်​ရ သော်​လည်း အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး ငါ့​ကို​မ​ယုံ​ဘဲ နေ​ကြ​လိမ့်​မည်​နည်း။

ညီ​အစ်​ကို​တို့၊ သင်​တို့​သည် အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင့်​ထံ​တော်​မှ ထွက်​သွား​သော​အား​ဖြင့် မ​ယုံ​ကြည်​တတ်၊ ဆိုး​ညစ်​သော စိတ်​နှ​လုံး​မ​ရှိ​စေ​ခြင်း​ငှာ သ​တိ​ပြု​ကြ​လော့။-

ငါ​တို့​သည် ဝမ်း​မြောက်​စ​ရာ​သ​တင်း​ကို ထို​သူ​တို့​ကဲ့​သို့ ကြား​ရ​ကြ​ပြီ။ သို့​ရာ​တွင် သူ​တို့​ကြား​ရ​သော တ​ရား​စ​ကား​သည်၊ ကြား​ရ​သော​သူ​တို့​အ​ထဲ၌ ယုံ​ကြည်​ခြင်း​နှင့် မ​ရော​နှော​သော​ကြောင့် အ​ကျိုး​ကို​မ​ပေး။-

ထို​ကြောင့် သင်​တို့​သည် သိ​နှင့်​သော်​လည်း ငါ​သည် သ​တိ​ပေး၍ ပြော​ချင်​သော အ​ကြောင်း​အ​ရာ​ဟူ​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​လူ​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ ကယ်​လွှတ်​တော်​မူ​ပြီး​လျှင်၊ မ​ယုံ​ကြည်​သော သူ​တို့​ကို တစ်​ဖန် ဖျက်​ဆီး​တော်​မူ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ